Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ရေပူဆရာတော်အမှု စတင်စစ်ဆေး

$
0
0
 မိုးကုတ်မြို့ ရေပူကျောင်းတိုက် ဆရာတော်ဦးဣန္ဒက ကို ပြင်ဦးလွင်ခရိုင်တရားရုံးမှာ ရုံးထုတ်လာစဉ် Photo: RFA
 တရားမဝင် ကျောက်မျက်တူးဖော် တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ မိုးကုတ်မြို့ ရေပူ ကျောင်းတိုက် ဆရာတော် ဦးဣန္ဒကကို ပြင်ဦးလွင်ခရိုင် တရားရုံးမှာ ရုံးထုတ်ရာ မှာ တရားလိုနဲ့ တရားလိုပြ သက်သေတွေကို ဒီနေ့စတင် စစ်ဆေးခဲ့ပါတယ်။

တရားလိုပြ သက်သေတွေက ရေပူကျောင်းတိုက်မှာ တရားမဝင် ကျောက်မျက်တူး ဖော်နေတယ်လို့ ထွက်ဆိုခဲ့ကြောင်း ဆရာတော် ဦးဣန္ဒကကို ရှေ့နေ လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ အထက်တန်းရှေ့နေ ဦးဆန်းထွန်းအောင်က ပြောပါတယ်။

"ဓာတ်ပေါင်းစု စေတီတည်ဖို့ ဘုရားတွေဖြိုဖျက်ပြီးလုပ်တာကို၊ မြေကြီးထဲမှာ ကျနော်တို့ ဌာပနာထားတဲ့ပစ္စည်းတွေရဖို့အတွက် ရေဆေးရှာရတာမျိုးဖြစ်ပါတယ်၊ ဒါကို သူတို့က ကျောက်မျက်ရှာတယ်ဆိုပြီး စွဲတာဖြစ်ပါတယ်၊ သူတို့ထွက်ဆိုချက်မှာ ဒါဟာ ကျောက်မျက်တူးတယ်လို့ သူတို့ထွက်ဆိုထားပါတယ်၊ ဆရာတော်ရဲ့ ရည်ရွယ်ချက်က မြေကြီးထဲမှာ ဌာပနာထားတဲ့ ပစ္စည်းတွေရှိနေတယ်၊ ဒါတွေကို စုစည်းပြီးတော့ ဘုရား တည်ဖို့ မြေညှိတာဘဲ လုပ်ခဲ့တာပါ"

ရေပူဆရာတော်ကို တရားမဝင်ကျောက်မျာက်တူးဖော်မှု ပုဒ်မ ၄၁(က) (ခ)၊ သာသနာ ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ ၊ တရားမဝင်သစ်တွေ သိမ်းဆည်းထားမှု ၄၂ (ခ) စတဲ့ ပုဒ်မ တွေနဲ့ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က မိုးကုတ်မြို့မ ရဲစခန်းက လူဝတ်လဲဖမ်းဆီး ခဲ့တာဖြစ်ပါတယ်။ ဆရာတော်နဲ့ မြို့ခံတွေကတော့ ကျောင်းတိုက် အတွင်း ကျောင်းဆောင်သစ်တစ်ဆောင်ဆောက်လုပ်ဖို့နဲ့ ဓာတ်ပေါင်းစု စေတီ တည်ထားဖို့အတွက် တောင်စောင်းတွေကိုဖြိုပြီး မြေညှိခဲ့တာ သာဖြစ်ကြောင်း ပြောဆိုကြပါတယ်။

ဒီအမှုမှာ ဆရာတော်နဲ့ ကျောင်းမှာလုပ်အားလာပေးနေတဲ့ ဒေသခံ ၄ ဦးကိုလည်း ဖမ်းဆီးစစ်ဆေးနေပြီး နောက်ထပ်လုပ်အားပေး ၅ ဦးကိုလည်း ဖမ်းဝရမ်းထုတ် ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

Viewing all articles
Browse latest Browse all 13796


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>