Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

လိပ္ကၽြန္း လူသတ္မႈ အယူခံ ျမန္မာ အစုိးရ ကူညီမည္

$
0
0

လိပ္ကၽြန္းလူသတ္မႈ တရားခြင္
ၿဗိတိန္ႏုိင္ငံသား ကမၻာလွည့္ခရီးသြား ၂ ဦး အသတ္ခံရတဲ့အမႈမွာ အျပစ္႐ွိတယ္ ဆိုၿပီး ျမန္မာႏုိင္ငံသား အလုပ္သမား ၂ ဦးကုိ ထုိင္းတရား႐ုံးက ေသဒဏ္ စီရင္ခ်က္ ကို အယူခံဝင္ရာမွာ ကူညီ သြားမွာျဖစ္ေၾကာင္း ျမန္မာႏိုင္ငံျခားေရး ဝန္ႀကီးဌာန က ေျပာပါတယ္။ ျမန္မာႏိုင္ငံသား ၂ ဦးေပၚ ေသဒဏ္ခ်မွတ္ခဲ့တဲ့ ထိုင္းတရား႐ုံးရဲ႕ ဆုံးျဖတ္ခ်က္နဲ႔ ပတ္သက္ၿပီး ကန္႔ကြက္ေဝဖန္မႈေတြလည္း ထြက္ေပၚေနပါတယ္။ ဆက္သြယ္ေမးျမန္း ထားတဲ့ ကိုဉာဏ္ဝင္းေအာင္က တင္ျပပါမယ္။

ထိုင္းႏုိင္ငံေတာင္ပုိင္း ေကာ့ေတာင္ကၽြန္းလို႔ေခၚတဲ့ လိပ္ကၽြန္းမွာ ၿဗိတိန္ ကမာၻလွည့္ ခရီးသြား ၂ဦးျဖစ္တဲ့ David Miller နဲ႔ Hannah Witheridge တုိ႔ အသတ္ခံရတဲ့ အမႈနဲ႔ပတ္သက္လုိ႔ ေသဒဏ္အျပစ္ေပးခဲ့တဲ့အေပၚ စုိးရိမ္တဲ့ အေၾကာင္း ျမန္မာႏုိင္ငံျခားေရး ၀န္ႀကီးဌာန အဆင့္ျမင့္ အရာရွိ တဦးက ေျပာၾကားခဲ့ တာပါ။ တႏွစ္ေက်ာ္ၾကာ စစ္ေဆးခဲ့ၿပီးေနာက္ ျမန္မာလူငယ္ ၂ ဦးျဖစ္တဲ့ ကိုေဇာ္လင္းနဲ႔ ကို၀င္းေဇာ္ထြန္း တို႔အေပၚ စြပ္စဲြထားတဲ့ အမႈ ၇ မႈ အတြက္ ေကာစေမြ တရား႐ံုးက အျမင့္ဆုံးျပစ္ဒဏ္အျဖစ္ ေသဒဏ္စီရင္ခ်က္ ခ်ခဲ့တာျဖစ္ပါတယ္။

ထုိင္းတရား႐ုံးက ခ်မွတ္တဲ့ ျပစ္ဒဏ္ ဟာ ျပင္းထန္တယ္လို႔ ျမန္မာႏိုင္ငံျခားေရး ဝန္ႀကီးဌာန ဒု၀န္ႀကီး ဦးသန္႔ေက်ာ္က ေျပာပါတယ္။ ေသဒဏ္ အျပစ္ေပးခံရသူ ျမန္မာ လူငယ္ ၂ ဦးအမႈအတြက္ တပတ္အတြင္းမွာ အယူခံ တင္သြားဖို႔ ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဆက္လက္ ကူညီ လုပ္ေဆာင္ေပးသြားမယ္လို႔ ဒု၀န္ႀကီး ဦးသန္႔ေက်ာ္က ေျပာပါတယ္။

“ဘာပဲေျပာေျပာ က်ေနာ္တို႔လည္း စိတ္ပူတာေပါ့ေလ။ မနက္ကတည္းကလည္း က်ေနာ္တို႔လည္းေလ့လာေနတယ္။ အဲဒါ အခုဒါျဖစ္တဲ့အတြက္ ဒါ က်ေနာ္နည္းနည္းေတာ့ အံ့ၾသတာေပါ့ေလ။ အဲေတာ့ က်ေနာ္တို႔က အခုထပ္ၿပီးေတာ့ ညႊန္ၾကား ထားတာကေတာ့ ဒီအယူခံ၀င္ဖို႔ကိစၥမွာ က်ေနာ္တို႔ သံရံုးအေနနဲ႔ ဒီမွာ ကူညီေနတဲ့အဖြဲ႔နဲ႔ ထပ္ၿပီးေတာ့ ပူးေပါင္းေဆာင္ရြက္ၿပီးေတာ့ ေဆာင္ရြက္ေပးဖို႔ဆိုၿပီး က်ေနာ္တို႔ ဒီေန႔လုပ္ထားၿပီးပါၿပီ။

ဒီျပစ္ဒဏ္ခ်မွတ္တဲ့အေပၚမွာ က်ေနာ္တို႔က ဆက္ၿပီးေတာ့ ေလ့လာေနၿပီးေတာ့ ဒီေရွ႕ေနမ်ားအဖြဲ႔နဲ႔ေပါ့ေလ ဆက္ၿပီးေတာ့ အနီးကပ္ညွိႏိုင္းၿပီးေတာ့ ဒီဟာနဲ႔ပတ္သက္ၿပီး ၇ ရက္အတြင္းမွာ က်ေနာ္တို႔က အယူခံ၀င္ဖို႔အတြက္ က်ေနာ္တို႔က လုပ္ေနပါတယ္။ စီရင္ခ်က္ခ်တာကေတာ့ သူတို႔ဘက္က ဒါ စီရင္ခ်က္ ခ်တာ။

က်ေနာ္တို႔ ျမန္မာသံရံုးအေနနဲ႔ကေတာ့ သံအမတ္ႀကီးကိုလည္း က်ေနာ္တို႔ ဒီဥစၥာကို ဆက္ၿပီးေတာ့ ကူညီေပးဖို႔ အျမန္ဆံုး တပတ္အတြင္းမွာ က်ေနာ္တို႔ အယူခံတင္ဖို႔ရယ္ ၊ အခုဒီဥစၥာကို တင္လို႔ရွိရင္ အဆင့္ျမင့္တရားရံုးကိုေရာက္မယ္။ ေရာက္ရင္ လိုအပ္တာေတြ ဆက္ၿပီး ပံ့ပိုးေပးဖို႔ရယ္ ဆက္ၿပီး ကူညီေပးဖို႔ က်ေနာ္တို႔ လုပ္ေနပါတယ္။”

ေသဒဏ္ခ်မွတ္တဲ့ အမႈနဲ႔ ပတ္သက္ၿပီး လက္ရွိျမန္မာအစိုးရက ထိေရာက္ေအာင္ေဆာင္ရြက္ႏိုင္ လိမ့္မယ္လို႔ ေမွ်ာ္လင့္ မိေၾကာင္း ေရြးေကာက္ပြဲအႏိုင္ရ NLD ေျပာခြင့္ရပုဂၢိဳလ္ ဦးဥာဏ္၀င္းကေျပာပါတယ္။

“ေျပာရင္ေတာ့ NLD က အစိုးရ လည္းမဟုတ္ဘူးေလ။ ဘာမွ ပါ၀င္ႏိုင္ဖို႔ အခြင့္အေရး မရွိေသးပါဘူး။ က်ေနာ္တို႔ လူသားခ်င္း၊ ႏိုင္ငံသားအေနနဲ႔ ကိုယ္ခ်င္းစာ ပါတယ္။ အဓိကတာ၀န္က ႏိုင္ငံျခားေရးေအာက္က သံ႐ံုးေတြ၊ ယိုးဒယားသံရံုး က သူတို႔က ကူညီေပးတယ္ဆိုရင္ ထိေရာက္မႈရွိပါလိမ့္မယ္။”

ထိုင္းႏုိင္ငံ တရားရံုးက ျမန္မာအလုပ္သမားႏွစ္ဦးကို ေသဒဏ္ခ်မွတ္လိုက္ေၾကာင္း သတင္းေတြ ထြက္ေပၚၿပီးေနာက္ ျပည္တြင္း၊ ျပည္ပမွာ ရွိတဲ့ ျမန္မာႏုိင္ငံသားေတြၾကား ကန္႔ကြက္ေဝဖန္မႈေတြ ထြက္ေပၚခဲ့ပါတယ္။ ၈၈မ်ိဳးဆက္ အဖြဲ႔ကေတာ့ ဒီအမႈကိစၥကို မွန္မွန္ကန္ကန္ စိစစ္ေဆာင္ရြက္ေပးဖို႔ ထိုင္းဝန္ႀကီးခ်ဳပ္ထံ စာေရးသား ေတာင္းဆိုေၾကာင္း ၈၈မ်ိဳးဆက္ ေခါင္းေဆာင္ တစ္ဦးျဖစ္သူ ဦးကိုကိုႀကီးကေျပာပါတယ္။

“ က်ေနာ္တို႔က တရားမွ်တမႈကို ေတာင္းဆိုတာ။ ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္တို႔ ႏုိင္ငံသားေတြဟာ ျပည္တြင္းမွာပဲျဖစ္ျဖစ္ ျပည္ပမွာပဲျဖစ္ျဖစ္ ဂုဏ္သိကၡာရွိရွိ တရားမွ်မွ်တတ ဆက္ဆံခံရဖို႔ အေရးႀကီးတယ္။ အခု ဒီအမႈမွာက က်ေနာ္တို႔ DNA ကိုက္ညီမႈ မရွိဘူး။

သက္ေသ အေထာက္အထားေတြနဲ႔ ပတ္သက္လို႔လည္း အျငင္းပြားစရာ၊ အားနည္းခ်က္ေတြ အမ်ားႀကီး ရွိေနတဲ့ အေျခအေနမ်ိဳးမွာ အခုလို ေသဒဏ္ခ်လိုက္တဲ့ ဆုိတဲ့ဟာကို က်ေနာ္တို႔ ေတာ္ေတာ္မ်ားမ်ား က စိတ္မေကာင္းျဖစ္တယ္။ ဒါနဲ႔ပတ္သက္ၿပီးေတာ့လည္း အမႈမွန္အတိုင္း မွ်မွ်တတ တရားစီရင္ေရးေတြ က်ေနာ္တို႔က ျဖစ္ေစခ်င္တယ္။

ျမန္မာေရႊ႕ေျပာင္းအလုပ္သမား ခန္႔မွန္းေျခ ၄,၀၀၀ ေလာက္ အလုပ္လုပ္ကိုင္ေနတဲ့ လိပ္ကၽြန္းမွာ ၂၀၁၄ ခုႏွစ္ စက္တင္ဘာ ၁၅ ရက္ေန႔က လူသတ္မႈျဖစ္ပြားၿပီး ရက္ပိုင္းအတြင္းမွာပဲ ဖမ္းဆီးခံခဲ့ရတဲ့ ျမန္မာလူငယ္ ၂ ေယာက္ကေတာ့ သတ္ျဖတ္မႈ က်ဳးလြန္ေၾကာင္း အေစာပုိင္းမွာေတာ့ ၀န္ခံေျပာဆုိခဲ့ေပမဲ့ ေနာက္ပုိင္းမွာေတာ့ ရဲေတြရဲ႕ ႏွိပ္စက္မႈေၾကာင့္ ေျဖာင့္ခ်က္ေပးခဲ့တာ ျဖစ္တဲ့အေၾကာင္း တရား႐ုံးမွာ ထြက္ဆုိခဲ့တာပါ။

၂၀၁၄ ခုႏွစ္ စက္တင္ဘာလ ကုန္ပိုင္းမွာ လူသတ္မူနဲ့ တရားစဲြဆုိခံ ခဲ့ရတဲ့ ျမန္မာလူငယ္ ၂ ဦးကေတာ့ တႏွစ္ေက်ာ္ၾကာ ထုိင္းႏိုင္ငံေကာ့စေမြ အက်ဥ္းေထာင္မွာ ဖမ္းဆီးထားၿပီး အခုေနာက္ဆုံး တရား႐ံုးကေေသဒဏ္ခ်မွတ္ခဲ့တာလည္း ျဖစ္ပါတယ္။

ကိုဉာဏ္ဝင္းေအာင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
........................


လိပ်ကျွန်းလူသတ်မှု တရားခွင်

ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွား ၂ ဦး အသတ်ခံရတဲ့အမှုမှာ အပြစ်ရှိတယ် ဆိုပြီး မြန်မာနိုင်ငံသား အလုပ်သမား ၂ ဦးကို ထိုင်းတရားရုံးက သေဒဏ် စီရင်ချက် ကို အယူခံဝင်ရာမှာ ကူညီ သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန က ပြောပါတယ်။ မြန်မာနိုင်ငံသား ၂ ဦးပေါ် သေဒဏ်ချမှတ်ခဲ့တဲ့ ထိုင်းတရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကန့်ကွက်ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ ဆက်သွယ်မေးမြန်း ထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ကော့တောင်ကျွန်းလို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိန် ကမ္ဘာလှည့် ခရီးသွား ၂ဦးဖြစ်တဲ့ David Miller နဲ့ Hannah Witheridge တို့ အသတ်ခံရတဲ့ အမှုနဲ့ပတ်သက်လို့ သေဒဏ်အပြစ်ပေးခဲ့တဲ့အပေါ် စိုးရိမ်တဲ့ အကြောင်း မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာန အဆင့်မြင့် အရာရှိ တဦးက ပြောကြားခဲ့ တာပါ။ တနှစ်ကျော်ကြာ စစ်ဆေးခဲ့ပြီးနောက် မြန်မာလူငယ် ၂ ဦးဖြစ်တဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့အပေါ် စွပ်စွဲထားတဲ့ အမှု ရ မှု အတွက် ကောစမွေ တရားရုံးက အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်စီရင်ချက် ချခဲ့တာဖြစ်ပါတယ်။

ထိုင်းတရားရုံးက ချမှတ်တဲ့ ပြစ်ဒဏ် ဟာ ပြင်းထန်တယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန့်ကျော်က ပြောပါတယ်။ သေဒဏ် အပြစ်ပေးခံရသူ မြန်မာ လူငယ် ၂ ဦးအမှုအတွက် တပတ်အတွင်းမှာ အယူခံ တင်သွားဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဆက်လက် ကူညီ လုပ်ဆောင်ပေးသွားမယ်လို့ ဒုဝန်ကြီး ဦးသန့်ကျော်က ပြောပါတယ်။

“ဘာပဲပြောပြော ကျနော်တို့လည်း စိတ်ပူတာပေါ့လေ။ မနက်ကတည်းကလည်း ကျနော်တို့လည်းလေ့လာနေတယ်။ အဲဒါ အခုဒါဖြစ်တဲ့အတွက် ဒါ ကျနော်နည်းနည်းတော့ အံ့သြတာပေါ့လေ။ အဲတော့ ကျနော်တို့က အခုထပ်ပြီးတော့ ညွှန်ကြား ထားတာကတော့ ဒီအယူခံဝင်ဖို့ကိစ္စမှာ ကျနော်တို့ သံရုံးအနေနဲ့ ဒီမှာ ကူညီနေတဲ့အဖွဲ့နဲ့ ထပ်ပြီးတော့ ပူးပေါင်းဆောင်ရွက်ပြီးတော့ ဆောင်ရွက်ပေးဖို့ဆိုပြီး ကျနော်တို့ ဒီနေ့လုပ်ထားပြီးပါပြီ။

ဒီပြစ်ဒဏ်ချမှတ်တဲ့အပေါ်မှာ ကျနော်တို့က ဆက်ပြီးတော့ လေ့လာနေပြီးတော့ ဒီရှေ့နေများအဖွဲ့နဲ့ပေါ့လေ ဆက်ပြီးတော့ အနီးကပ်ညှိနိုင်းပြီးတော့ ဒီဟာနဲ့ပတ်သက်ပြီး ရ ရက်အတွင်းမှာ ကျနော်တို့က အယူခံဝင်ဖို့အတွက် ကျနော်တို့က လုပ်နေပါတယ်။ စီရင်ချက်ချတာကတော့ သူတို့ဘက်က ဒါ စီရင်ချက် ချတာ။

ကျနော်တို့ မြန်မာသံရုံးအနေနဲ့ကတော့ သံအမတ်ကြီးကိုလည်း ကျနော်တို့ ဒီဥစ္စာကို ဆက်ပြီးတော့ ကူညီပေးဖို့ အမြန်ဆုံး တပတ်အတွင်းမှာ ကျနော်တို့ အယူခံတင်ဖို့ရယ် ၊ အခုဒီဥစ္စာကို တင်လို့ရှိရင် အဆင့်မြင့်တရားရုံးကိုရောက်မယ်။ ရောက်ရင် လိုအပ်တာတွေ ဆက်ပြီး ပံ့ပိုးပေးဖို့ရယ် ဆက်ပြီး ကူညီပေးဖို့ ကျနော်တို့ လုပ်နေပါတယ်။”

သေဒဏ်ချမှတ်တဲ့ အမှုနဲ့ ပတ်သက်ပြီး လက်ရှိမြန်မာအစိုးရက ထိရောက်အောင်ဆောင်ရွက်နိုင် လိမ့်မယ်လို့ မျှော်လင့် မိကြောင်း ရွေးကောက်ပွဲအနိုင်ရ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကပြောပါတယ်။

“ပြောရင်တော့ NLD က အစိုးရ လည်းမဟုတ်ဘူးလေ။ ဘာမှ ပါ၀င်နိုင်ဖို့ အခွင့်အရေး မရှိသေးပါဘူး။ ကျနော်တို့ လူသားချင်း၊ နိုင်ငံသားအနေနဲ့ ကိုယ်ချင်းစာ ပါတယ်။ အဓိကတာဝန်က နိုင်ငံခြားရေးအောက်က သံရုံးတွေ၊ ယိုးဒယားသံရုံး က သူတို့က ကူညီပေးတယ်ဆိုရင် ထိရောက်မှုရှိပါလိမ့်မယ်။”

ထိုင်းနိုင်ငံ တရားရုံးက မြန်မာအလုပ်သမားနှစ်ဦးကို သေဒဏ်ချမှတ်လိုက်ကြောင်း သတင်းတွေ ထွက်ပေါ်ပြီးနောက် ပြည်တွင်း၊ ပြည်ပမှာ ရှိတဲ့ မြန်မာနိုင်ငံသားတွေကြား ကန့်ကွက်ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။  ၈၈မျိုးဆက် အဖွဲ့ကတော့ ဒီအမှုကိစ္စကို မှန်မှန်ကန်ကန် စိစစ်ဆောင်ရွက်ပေးဖို့ ထိုင်းဝန်ကြီးချုပ်ထံ စာရေးသား တောင်းဆိုကြောင်း ၈၈မျိုးဆက် ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးကိုကိုကြီးကပြောပါတယ်။

“ ကျနော်တို့က တရားမျှတမှုကို တောင်းဆိုတာ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ နိုင်ငံသားတွေဟာ ပြည်တွင်းမှာပဲဖြစ်ဖြစ် ပြည်ပမှာပဲဖြစ်ဖြစ် ဂုဏ်သိက္ခာရှိရှိ တရားမျှမျှတတ ဆက်ဆံခံရဖို့ အရေးကြီးတယ်။ အခု ဒီအမှုမှာက ကျနော်တို့ DNA ကိုက်ညီမှု မရှိဘူး။

သက်သေ အထောက်အထားတွေနဲ့ ပတ်သက်လို့လည်း အငြင်းပွားစရာ၊ အားနည်းချက်တွေ အများကြီး ရှိနေတဲ့ အခြေအနေမျိုးမှာ အခုလို သေဒဏ်ချလိုက်တဲ့ ဆိုတဲ့ဟာကို ကျနော်တို့ တော်တော်များများ က စိတ်မကောင်းဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း အမှုမှန်အတိုင်း မျှမျှတတ တရားစီရင်ရေးတွေ ကျနော်တို့က ဖြစ်စေချင်တယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းခြေ ၄,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က လူသတ်မှုဖြစ်ပွားပြီး ရက်ပိုင်းအတွင်းမှာပဲ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ယောက်ကတော့ သတ်ဖြတ်မှု ကျုးလွန်ကြောင်း အစောပိုင်းမှာတော့ ၀န်ခံပြောဆိုခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ရဲတွေရဲ့ နှိပ်စက်မှုကြောင့် ဖြောင့်ချက်ပေးခဲ့တာ ဖြစ်တဲ့အကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့တာပါ။

၂၀၁၄ ခုနှစ် စက်တင်ဘာလ ကုန်ပိုင်းမှာ လူသတ်မူနဲ့ တရားစွဲဆိုခံ ခဲ့ရတဲ့ မြန်မာလူငယ် ၂ ဦးကတော့ တနှစ်ကျော်ကြာ ထိုင်းနိုင်ငံကော့စမွေ အကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး အခုနောက်ဆုံး တရားရုံးကေသေဒဏ်ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း) 
http://burmese.voanews.com

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...