ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ သမ္မတလောင်းအဖြစ် သူ့ကို အဆိုပြုဖို့ ရွေးချယ်ထားတာ သေချာသလောက် ရှိနေပြီဆိုတဲ့ သဘော ဘီဘီစီနဲ့ သီးသန့် တွေ့ဆုံမေးမြန်း ခန်းမှာ ပြောကြား သွားပါတယ်။ ဒေါ်အောင်ဆန်း စုကြည်နဲ့ သူနဲ့ နိုင်ငံတော်အကျိုးရှိမယ့် ကိစ္စတွေမှာ ညှိနှိုင်းဆောင်ရွက်ဖို့ သဘောတူ ထားပြီး ဖြစ်ကြောင်းလည်း ပြောပါတယ်။ တပ်မတော်နဲ့ နိုင်ငံတော်ကို သစ္စာဖောက်တယ်ဆိုပြီး တိုင်ကြားချက်တွေနဲ့ ပတ်သက်လို့လည်း ဘယ်အချက်တွေလည်းဆိုတာ အတိအကျ ထောက်ပြဖို့ တုန့်ပြန်လိုက်ပြီး စာရေးတဲ့သူတွေဟာ တစ်စုံတစ်ဦးရဲ့ ခိုင်းစေချက်ကြောင့် ရေးသား တာမျိုး ဖြစ်နေသလား ဆိုပြီးလည်း ပြန်လှန်မေးခွန်း ထုတ်လိုက် ပါတယ်။ သူရဦးရွှေမန်းနဲ့ ဘီဘီစီ မေးမြန်းချက် အပြည့်အစုံကို ဒီကနေ့ ဇူလိုင်လ ၂၈ ရက်နေ့ ညပိုင်း ဘီဘီစီ အစီအစဉ်မှာ ထုတ်လွှင့်ပေးမှာ
ဖြစ်ပြီး www.bbcburmese.com မှာလည်း တင်ထားပေးမှာ ဖြစ်ပါတယ်။
BBC Burmese
သူရရွှေမန်းဆက်စပ်သတင်းများဖတ်ရှုရန်
ဖြစ်ပြီး www.bbcburmese.com မှာလည်း တင်ထားပေးမှာ ဖြစ်ပါတယ်။
BBC Burmese
သူရရွှေမန်းဆက်စပ်သတင်းများဖတ်ရှုရန်
- သူရဦးရွှေမန်းကို လွှတ်တော်ကိုယ်စားလှယ် အဖြစ်က ရုပ်သိမ်းဖို့ တောင်းဆို
- သူရဦးရွှေမန်းနဲ့ ဦးသိန်းဇော်တို့ကို ရုပ်သိမ်းပေးဖို့ မဲဆန္ဒရှင် များ တောင်းဆို
- သူရဦးရွှေမန်းကို လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းပေးရန် မဲဆန္ဒရှင် ၁၇၀၀ ကျော် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြား
- ဦးရွှေမန်းကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှဖြုတ်ချဖို့ ဇေယျာသီရိမြို့နယ် တပ်မိသားစုများ ရွေးကောက်ပွဲကော်မရှင်ဆီ စာတင်
- သူရဦးရွှေမန်း မှ မွေးရပ်ဇာတိ မြို့ ဖြစ်သည့် ဖြူးမြို့ မှ ပြည်ခိုင်ဖြိုးပါတီ အမတ်လောင်း အဖြစ် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်
ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုး ပါတီဝင် ကိုယ်စားလှယ်လောင်းများ ဥပဒေ စည်းမျဉ်း ကျင့်ဝတ်များနှင့်အညီ ယှဉ်ပြိုင်ကြရန် ပါတီဥက္ကဌ သူရ ဦးရွှေမန်း ညွှန်ကြား