Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အမွန္တရားအတြက္ ပေဟဠိျဖစ္ေနဆဲ ေက်ာက္တန္းၿမိဳ႕နယ္မွ အမ်ိဳးသမီးေသဆံုးမႈ၏ ေနာက္ကြယ္

$
0
0

ရန္ကုန္တုိင္းေဒသႀကီး၊ ေက်ာက္တန္းၿမိဳ႕နယ္၌ ႀကိဳးဆြဲခ် ေသဆံုးခဲ့သည္ဟု သတင္းထြက္ေပၚခဲ့ေသာ အမ်ဳိးသမီးတစ္ဦး ေသဆံုးမႈမွာ သာမန္အတိုင္း မိမိကိုယ္ကိုယ္ကို သတ္ေသျခင္း မဟုတ္ပဲ အသတ္ခံရ၍ ေသဆံုးသည္ဟု သံသယျဖစ္ဖြယ္ရွိေၾကာင္း ေသဆံုးသူ၏ အစ္ကုိျဖစ္သူမွ ေျပာၾကားခဲ့သည္။

အဆိုပါ အမ်ိဳးသမီးမွာ သန္လ်င္၊ ေက်ာက္တန္းၿမိဳ႕နယ္၊ ပါဒႀကီးေက်းရြာတြင္ ေနထိုင္သူ ျဖစ္ကာ ၂၀၁၅ ႏို၀င္ဘာ၁၁ရက္ ေန႔တြင္ ေသဆံုးခဲ့ျခင္းျဖစ္သည္။

အခင္းျဖစ္စဥ္၏ေနာက္ကြယ္

“အခင္းျဖစ္တဲ့ေန႔ ေန႔လည္ ၁၂ နာရီေလာက္မွာ ကၽြန္ေတာ္ ၿမိဳ႕ေတာ္ခန္းမ ဘက္ေရာက္ေနတဲ့အခ်ိန္ ကၽြန္ေတာ့္ညီမရဲ႕ အမ်ဳိးသားကေနၿပီးေတာ့ မင္းညီမ ဘုရားစင္ေရွ႕မွာ အေမာေဖာက္ၿပီး ေမွာက္လ်က္သား ေတြ႔တယ္လို႔ ဖုန္းဆက္ေျပာလုိ႔ ကၽြန္ေတာ္လည္း ငါ့ညီမ အေကာင္းႀကီး ဘယ္လုိျဖစ္တာလဲဆိုၿပီး ေဆး႐ုံပုိ႔ဖုိ႔ေျပာတယ္။ ေနာက္ ငါးမိနစ္အၾကာမွာ ျပန္ဆက္လုိက္ေတာ့ ေဆး႐ုံသြားေနၿပီိလို႔ ျပန္ေျပာတယ္။ ေနာက္ငါးမိနစ္ ၾကာတဲ့အခ်ိန္မွာ ျပန္ဆက္ေတာ့ မင္းညီမ မရေတာ့လုိ႔ အိမ္ျပန္ပုိ႔ေနတယ္လုိ႔ေျပာၿပီး ဖုန္းက်သြားတာ။ အဲဒီကေနစၿပီး သူတုိ႔ကုိ ဖုန္းေခၚလို႔ မရေတာ့ဘူး”ဟု ေသဆံုးသူ မစန္းစန္းေအး (ခ) မစန္းစန္း၀င္း(ခ) လသာမာ၏ အစ္ကုိျဖစ္သူ ကရစ္ရွနာဆာမိ (ခ) ျမင့္ေက်ာ္က ေျပာသည္။

ေဘးအိမ္ကေျပာမွ ေသဆံုးၿပီဟုသိရ

ဖုန္းေခၚဆုိ၍ မရေသာေၾကာင့္ ကုိျမင့္ေက်ာ္မွာ ၄င္း၏ညီမ ေနထုိင္ရာ ေက်ာက္တန္းသုိ႔ လုိက္သြားခဲ့ၿပီး ေက်ာက္တန္း ေနအိမ္သို႔ ေရာက္ရွိခ်ိန္၌ အိမ္တံခါးမွာ ေသာ့ပိတ္ထားေၾကာင္း၊ ထိုအခ်ိန္ ေဘးအိမ္မွ အမ်ဳိးသမီး ထြက္လာၿပီး ကၽြန္ေတာ္၏ ညီမျဖစ္သူ ေသဆံုးသြားၿပီျဖစ္ေၾကာင္း၊ ၄င္းအေလာင္းအား ေယာက္ဖျဖစ္သူ၏ ညီအိမ္၌ နာေရးကိစၥမ်ားလုပ္ရန္ ျပင္ဆင္ေနေၾကာင္း ေျပာဆုိမႈေၾကာင့္ အဆုိပါအိမ္သုိ႔ လုိက္သြားခ့ဲသည္ဟု ၄င္းက ဆက္လက္ရွင္းျပသည္။

“ကၽြန္ေတာ့္ညီမ မေသဆံုးခင္ ႏို၀င္ဘာ ၁၀ရက္ေန႔က အိမ္မွာ ကၽြန္ေတာ္တုိ႔ ဟိႏၵဴရဲ႕ ဒီပါ၀လီပြဲေတာ္ က်င္းပတယ္။ က်င္းပေတာ့ ကၽြန္ေတာ့္ညီမေနတ့ဲ သန္လ်င္ကေန ကၽြန္ေတာ့္အိမ္ ေတာင္ဒဂံုကုိ သူ႔ကေလး ႏွစ္ေယာက္နဲ႔ လာၾကတယ္။ ဒီပါ၀လီၿပီး ေနာက္ေန႔မွာ သူ႔အမ်ဳိးသား (ပန္ခ်ာ(ခ)ျမင့္ေမာင္) ကၽြန္ေတာ့္ ေယာက္ဖက မင္းညီမကုိ ခ်က္ခ်င္း ျပန္ပုိ႔ေပးပါဆုိၿပီး ကၽြန္ေတာ့္ဆီ ဖုန္းဆက္လို႔ ေနာက္ေန႔မွာ ကေလးေတြထားၿပီး ညီမျပန္သြားရာကေန အခုလို ေသဆံုးခဲ့ရတာ”ဟု ေသဆံုးသူ၏ အစ္ကုိျဖစ္သူ ကရစ္ရွနာဆာမိ (ခ) ျမင့္ေက်ာ္က ေျပာသည္။

မေသဆံုးခင္ နံနက္တြင္ ေသဆံုးသူအား သတ္ပစ္မည္ဟု ၿခိမ္းေျခာက္ခံခဲ့ရဟုဆို

ေသဆံုးသူ မစန္းစန္း၀င္းမွာ အခင္းျဖစ္သည့္ နံနက္မွာပင္ အကိုျဖစ္သူထံ ဖုန္းဆက္၍ သူ၏ေယာက်္ားႏွင့္ ညီအစ္ကုိႏွစ္ေယာက္မွ ပါးႏွစ္ခ်က္႐ုိက္ေၾကာင္း၊ သတ္ပစ္မည္ဟုလည္း ၿခိမ္းေျခာက္ေနေၾကာင္း ဖုန္းျဖင့္ အေၾကာင္းၾကားခဲ့ေသာ္လည္း ညီမျဖစ္သူ၏ အိမ္ေထာင္ေရးတြင္ ၀င္ေရာက္ မစြက္ဖက္လို၍ သြားေရာက္ေခၚေဆာင္ခဲ့ျခင္း မရွိခဲ့ေၾကာင္းလည္း ကိုျမင့္ေက်ာ္က ေျပာျပခဲ့သည္။

“ကၽြန္ေတာ့္ညီမရဲ႕ အေလာင္းကုိ ကၽြန္ေတာ္ ေသခ်ာၾကည့္မယ္ ဆုိၿပီးေတာ့ ဖယ္လုိက္တဲ့အခ်ိန္ ေယာက္ဖျဖစ္သူနဲ႔ သူ႔ရဲ႕ညီအစ္ကုိေတြက မၾကည့္ဖို႔ေျပာၿပီး ကၽြန္ေတာ့္ကုိ ထုိးမယ္ ႀကိတ္မယ္ေတာင္ လုပ္လုိက္ေသးတယ္။ ကၽြန္ေတာ္လည္း မသကၤာတာနဲ႔ ဖယ္ၾကည့္လုိက္ေတာ့ ညီမျဖစ္သူရဲ႕ လည္ပင္းမွာ ညိဳမည္းစြဲေနတဲ့ ဒဏ္ရာေတြကုိ ေတြ႔ခဲ့ရတယ္။ ဒါဘာလုိ႔ျဖစ္တာလဲလုိ႔ ေမးတဲ့အခါက်ေတာ့မွ သူ႔ကုိယ္သူ ႀကိဳးဆြဲခ်ေသတယ္လို႔ ေယာက္ဖက ေျဖခဲ့တယ္။ ကၽြန္ေတာ္ကလည္း ေစာေစာကေျပာေတာ့ အေမာေဖာက္တယ္ဆိုၿပီး ခုဘယ္လိုျဖစ္လို႔ ႀကိဳးဆြဲခ် ေသရတာလဲလို႔ ေမးၿပီး ခ်က္ခ်င္း ေဆး႐ုံပုိ႔ဖို႔ စီစဥ္လုိက္တယ္”ဟု ၄င္းက ဆက္လက္ရွင္းျပသည္။

သတ္ေသတာလား၊ အသတ္ခံရတာလား

အေလာင္းအား ရန္ကုန္ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္စစ္ေဆးခြင့္ မရ၍ ေက်ာက္တန္း ေဆး႐ုံႀကီး၌ ခြဲစိတ္ရန္ေဆး႐ုံကုိ ပုိ႔ေဆာင္စဥ္ ညီမျဖစ္သူ မစန္းစန္း၀င္း၏ ခႏၶာကုိယ္ေပၚတြင္ လည္ပင္း၊ နားေနာက္၊ ၀မ္းဗုိက္ႏွင့္ ခ်က္ေဘးနားမ်ားတြင္ ညိဳမည္းစြဲဒဏ္ရာမ်ားစြာ ေတြ႔ရွိခဲ့ရေၾကာင္း၊ ထုိ႔ေနာက္ အေလာင္းအား စစ္ေဆးရာ၌ ႀကိဳးျဖင့္လည္ပင္းအား ညႇစ္ျခင္းေၾကာင့္ အသက္ထြက္သြားျခင္း ျဖစ္ႏိုင္သည္ဟု ဆရာ၀န္ႀကီးက ေျပာၾကားခဲ့ေၾကာင္းလည္း ကိုျမင့္ေက်ာ္ထံမွ သိရသည္။

“ကၽြန္ေတာ့္ညီမရဲ႕ ေသဆံုးမႈဟာ ကုိယ့္ကုိယ္ကုိယ္ သတ္ေသတာလား၊ အသတ္ခံရလုိ႔ ေသတာလား ဆုိတာကုိ ဘာမွမထင္မရွား ျဖစ္ေနတဲ့အခ်ိန္ သတင္းစာတစ္ေစာင္ ကေနၿပီးေတာ့ မိမိကုိယ္ကုိ ႀကိဳးဆြဲခ်ၿပီး ေသဆံုးတယ္လို႔ ေရးလုိက္တယ္”ဟု ကုိျမင့္ေက်ာ္က ဆက္၍ေျပာသည္။

တရားဥပေဒစိုးမိုးမႈ အမွန္အတိုင္းျဖစ္ေစလို
“သက္ဆုိင္ရာ ရဲတပ္ဖြဲ႔ကလည္း ဒီအမႈအေပၚမွာ အမႈဖြင့္ခ်င္တာေတာင္မွ အမႈဖြင့္ခြင့္ မေပးဘူး။ ကၽြန္ေတာ့္ညီမရဲ႕ အမ်ဳိးသားကုိပဲ ေခၚစစ္ေဆးၿပီး ျပန္လႊတ္လုိက္တယ္။ ကၽြန္ေတာ့္ညီမ ေသဆံုးတာနဲ႔ ပတ္သက္ၿပီး အမွန္အတုိင္း ျဖစ္ခ်င္တယ္။ တရားဥပေဒ စုိးမုိးမႈကုိလည္း အမွန္အတုိင္းျဖစ္ဖို႔ ေမွ်ာ္လင့္ပါတယ္” ဟု မစန္းစန္း၀င္း (ခ) မစန္းစန္းေအး (ခ) လသာမာ ေသဆံုးမႈႏွင့္ ပတ္သက္ၿပီး အေလာင္းအား မႈခင္းဆရာ၀န္ႀကီးမ်ား စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ၿပီး အေလာင္းအေပၚ မွတ္ခ်က္ျပဳထားသည့္ ေဆးစာ ရရွိၿပီးျဖစ္ေသာေၾကာင့္ ေက်ာက္တန္းၿမိဳ႕နယ္ တရားသူႀကီးထံသုိ႔ ေပးပို႔ထားၿပီး တရားသူႀကီးမွ အမႈအား စစ္ေဆးေနကာ ၄င္းအဆံုးအျဖတ္ေပၚ မူတည္၍ ပုဒ္မမ်ား ထပ္မံတုိးသြားမည္ျဖစ္ၿပီး တရားခံဟု ယူဆထားသူမ်ားကုိလည္း ဖမ္းဆီးစစ္ေဆးသြားမည္ဟု ေက်ာက္တန္း ၿမိဳ႕မရဲစခန္းမွ စခန္းမွဴးက ေျပာသည္။

လက္ရွိအခ်ိန္တြင္ မစန္းစန္း၀င္း(ခ) မစန္းစန္းေအး(ခ) လသာမာ ေသဆံုးမႈႏွင့္ ပတ္သက္ၿပီး ေက်ာက္တန္း ၿမိဳ႕မရဲစခန္း၌ ေသမႈေသခင္း အမွတ္စဥ္ (၂၀/၂၀၁၅)ျဖင့္ အမႈဖြင့္ထားၿပီး ေက်ာက္တန္း ၿမိဳ႕မစခန္းမွဴး ဦးတင္ေထြးမွ ဆက္လက္စစ္ေဆးေနေၾကာင္း သိရသည္။

ေဇယ်ာ
http://www.tomorrow.com.mm/?q=articles/2241
................
အမှန်တရားအတွက် ပဟေဠိဖြစ်နေဆဲ ကျောက်တန်းမြို့နယ်မှ အမျိုးသမီးသေဆုံးမှု၏ နောက်ကွယ်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၌ ကြိုးဆွဲချ သေဆုံးခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သော အမျိုးသမီးတစ်ဦး သေဆုံးမှုမှာ သာမန်အတိုင်း မိမိကိုယ်ကိုယ်ကို သတ်သေခြင်း မဟုတ်ပဲ အသတ်ခံရ၍ သေဆုံးသည်ဟု သံသယဖြစ်ဖွယ်ရှိကြောင်း သေဆုံးသူ၏ အစ်ကိုဖြစ်သူမှ ပြောကြားခဲ့သည်။

အဆိုပါ အမျိုးသမီးမှာ သန်လျင်၊ ကျောက်တန်းမြို့နယ်၊ ပါဒကြီးကျေးရွာတွင် နေထိုင်သူ ဖြစ်ကာ ၂၀၁၅ နိုဝင်ဘာ၁၁ရက် နေ့တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်စဉ်၏နောက်ကွယ်

“အခင်းဖြစ်တဲ့နေ့ နေ့လည် ၁၂ နာရီလောက်မှာ ကျွန်တော် မြို့တော်ခန်းမ ဘက်ရောက်နေတဲ့အချိန် ကျွန်တော့်ညီမရဲ့ အမျိုးသားကနေပြီးတော့ မင်းညီမ ဘုရားစင်ရှေ့မှာ အမောဖောက်ပြီး မှောက်လျက်သား တွေ့တယ်လို့ ဖုန်းဆက်ပြောလို့ ကျွန်တော်လည်း ငါ့ညီမ အကောင်းကြီး ဘယ်လိုဖြစ်တာလဲဆိုပြီး ဆေးရုံပို့ဖို့ပြောတယ်။ နောက် ငါးမိနစ်အကြာမှာ ပြန်ဆက်လိုက်တော့ ဆေးရုံသွားနေပြီိလို့ ပြန်ပြောတယ်။ နောက်ငါးမိနစ် ကြာတဲ့အချိန်မှာ ပြန်ဆက်တော့ မင်းညီမ မရတော့လို့ အိမ်ပြန်ပို့နေတယ်လို့ပြောပြီး ဖုန်းကျသွားတာ။ အဲဒီကနေစပြီး သူတို့ကို ဖုန်းခေါ်လို့ မရတော့ဘူး”ဟု သေဆုံးသူ မစန်းစန်းအေး (ခ) မစန်းစန်းဝင်း(ခ) လသာမာ၏ အစ်ကိုဖြစ်သူ ကရစ်ရှနာဆာမိ (ခ) မြင့်ကျော်က ပြောသည်။

ဘေးအိမ်ကပြောမှ သေဆုံးပြီဟုသိရ

ဖုန်းခေါ်ဆို၍ မရသောကြောင့် ကိုမြင့်ကျော်မှာ ၄င်း၏ညီမ နေထိုင်ရာ ကျောက်တန်းသို့ လိုက်သွားခဲ့ပြီး ကျောက်တန်း နေအိမ်သို့ ရောက်ရှိချိန်၌ အိမ်တံခါးမှာ သော့ပိတ်ထားကြောင်း၊ ထိုအချိန် ဘေးအိမ်မှ အမျိုးသမီး ထွက်လာပြီး ကျွန်တော်၏ ညီမဖြစ်သူ သေဆုံးသွားပြီဖြစ်ကြောင်း၊ ၄င်းအလောင်းအား ယောက်ဖဖြစ်သူ၏ ညီအိမ်၌ နာရေးကိစ္စများလုပ်ရန် ပြင်ဆင်နေကြောင်း ပြောဆိုမှုကြောင့် အဆိုပါအိမ်သို့ လိုက်သွားခဲ့သည်ဟု ၄င်းက ဆက်လက်ရှင်းပြသည်။

“ကျွန်တော့်ညီမ မသေဆုံးခင် နိုဝင်ဘာ ၁၀ရက်နေ့က အိမ်မှာ ကျွန်တော်တို့ ဟိန္ဒူရဲ့ ဒီပါ၀လီပွဲတော် ကျင်းပတယ်။ ကျင်းပတော့ ကျွန်တော့်ညီမနေတဲ့ သန်လျင်ကနေ ကျွန်တော့်အိမ် တောင်ဒဂုံကို သူ့ကလေး နှစ်ယောက်နဲ့ လာကြတယ်။ ဒီပါ၀လီပြီး နောက်နေ့မှာ သူ့အမျိုးသား (ပန်ချာ(ခ)မြင့်မောင်) ကျွန်တော့် ယောက်ဖက မင်းညီမကို ချက်ချင်း ပြန်ပို့ပေးပါဆိုပြီး ကျွန်တော့်ဆီ ဖုန်းဆက်လို့ နောက်နေ့မှာ ကလေးတွေထားပြီး ညီမပြန်သွားရာကနေ အခုလို သေဆုံးခဲ့ရတာ”ဟု သေဆုံးသူ၏ အစ်ကိုဖြစ်သူ ကရစ်ရှနာဆာမိ (ခ) မြင့်ကျော်က ပြောသည်။

မသေဆုံးခင် နံနက်တွင် သေဆုံးသူအား သတ်ပစ်မည်ဟု ခြိမ်းခြောက်ခံခဲ့ရဟုဆို

သေဆုံးသူ မစန်းစန်းဝင်းမှာ အခင်းဖြစ်သည့် နံနက်မှာပင် အကိုဖြစ်သူထံ ဖုန်းဆက်၍ သူ၏ယောကျ်ားနှင့် ညီအစ်ကိုနှစ်ယောက်မှ ပါးနှစ်ချက်ရိုက်ကြောင်း၊ သတ်ပစ်မည်ဟုလည်း ခြိမ်းခြောက်နေကြောင်း ဖုန်းဖြင့် အကြောင်းကြားခဲ့သော်လည်း ညီမဖြစ်သူ၏ အိမ်ထောင်ရေးတွင် ၀င်ရောက် မစွက်ဖက်လို၍ သွားရောက်ခေါ်ဆောင်ခဲ့ခြင်း မရှိခဲ့ကြောင်းလည်း ကိုမြင့်ကျော်က ပြောပြခဲ့သည်။

“ကျွန်တော့်ညီမရဲ့ အလောင်းကို ကျွန်တော် သေချာကြည့်မယ် ဆိုပြီးတော့ ဖယ်လိုက်တဲ့အချိန် ယောက်ဖဖြစ်သူနဲ့ သူ့ရဲ့ညီအစ်ကိုတွေက မကြည့်ဖို့ပြောပြီး ကျွန်တော့်ကို ထိုးမယ် ကြိတ်မယ်တောင် လုပ်လိုက်သေးတယ်။ ကျွန်တော်လည်း မသင်္ကာတာနဲ့ ဖယ်ကြည့်လိုက်တော့ ညီမဖြစ်သူရဲ့ လည်ပင်းမှာ ညိုမည်းစွဲနေတဲ့ ဒဏ်ရာတွေကို တွေ့ခဲ့ရတယ်။ ဒါဘာလို့ဖြစ်တာလဲလို့ မေးတဲ့အခါကျတော့မှ သူ့ကိုယ်သူ ကြိုးဆွဲချသေတယ်လို့ ယောက်ဖက ဖြေခဲ့တယ်။ ကျွန်တော်ကလည်း စောစောကပြောတော့ အမောဖောက်တယ်ဆိုပြီး ခုဘယ်လိုဖြစ်လို့ ကြိုးဆွဲချ သေရတာလဲလို့ မေးပြီး ချက်ချင်း ဆေးရုံပို့ဖို့ စီစဉ်လိုက်တယ်”ဟု ၄င်းက ဆက်လက်ရှင်းပြသည်။

သတ်သေတာလား၊ အသတ်ခံရတာလား

အလောင်းအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးခွင့် မရ၍ ကျောက်တန်း ဆေးရုံကြီး၌ ခွဲစိတ်ရန်ဆေးရုံကို ပို့ဆောင်စဉ် ညီမဖြစ်သူ မစန်းစန်းဝင်း၏ ခန္ဓာကိုယ်ပေါ်တွင် လည်ပင်း၊ နားနောက်၊ ၀မ်းဗိုက်နှင့် ချက်ဘေးနားများတွင် ညိုမည်းစွဲဒဏ်ရာများစွာ တွေ့ရှိခဲ့ရကြောင်း၊ ထို့နောက် အလောင်းအား စစ်ဆေးရာ၌ ကြိုးဖြင့်လည်ပင်းအား ညှစ်ခြင်းကြောင့် အသက်ထွက်သွားခြင်း ဖြစ်နိုင်သည်ဟု ဆရာဝန်ကြီးက ပြောကြားခဲ့ကြောင်းလည်း ကိုမြင့်ကျော်ထံမှ သိရသည်။

“ကျွန်တော့်ညီမရဲ့ သေဆုံးမှုဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေတာလား၊ အသတ်ခံရလို့ သေတာလား ဆိုတာကို ဘာမှမထင်မရှား ဖြစ်နေတဲ့အချိန် သတင်းစာတစ်စောင် ကနေပြီးတော့ မိမိကိုယ်ကို ကြိုးဆွဲချပြီး သေဆုံးတယ်လို့ ရေးလိုက်တယ်”ဟု ကိုမြင့်ကျော်က ဆက်၍ပြောသည်။

တရားဥပဒေစိုးမိုးမှု အမှန်အတိုင်းဖြစ်စေလို
“သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကလည်း ဒီအမှုအပေါ်မှာ အမှုဖွင့်ချင်တာတောင်မှ အမှုဖွင့်ခွင့် မပေးဘူး။ ကျွန်တော့်ညီမရဲ့ အမျိုးသားကိုပဲ ခေါ်စစ်ဆေးပြီး ပြန်လွှတ်လိုက်တယ်။ ကျွန်တော့်ညီမ သေဆုံးတာနဲ့ ပတ်သက်ပြီး အမှန်အတိုင်း ဖြစ်ချင်တယ်။ တရားဥပဒေ စိုးမိုးမှုကိုလည်း အမှန်အတိုင်းဖြစ်ဖို့ မျှော်လင့်ပါတယ်” ဟု မစန်းစန်းဝင်း (ခ) မစန်းစန်းအေး (ခ) လသာမာ သေဆုံးမှုနှင့် ပတ်သက်ပြီး အလောင်းအား မှုခင်းဆရာဝန်ကြီးများ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး အလောင်းအပေါ် မှတ်ချက်ပြုထားသည့် ဆေးစာ ရရှိပြီးဖြစ်သောကြောင့် ကျောက်တန်းမြို့နယ် တရားသူကြီးထံသို့ ပေးပို့ထားပြီး တရားသူကြီးမှ အမှုအား စစ်ဆေးနေကာ ၄င်းအဆုံးအဖြတ်ပေါ် မူတည်၍ ပုဒ်မများ ထပ်မံတိုးသွားမည်ဖြစ်ပြီး တရားခံဟု ယူဆထားသူများကိုလည်း ဖမ်းဆီးစစ်ဆေးသွားမည်ဟု ကျောက်တန်း မြို့မရဲစခန်းမှ စခန်းမှူးက ပြောသည်။

လက်ရှိအချိန်တွင် မစန်းစန်းဝင်း(ခ) မစန်းစန်းအေး(ခ) လသာမာ သေဆုံးမှုနှင့် ပတ်သက်ပြီး ကျောက်တန်း မြို့မရဲစခန်း၌ သေမှုသေခင်း အမှတ်စဉ် (၂၀/၂၀၁၅)ဖြင့် အမှုဖွင့်ထားပြီး ကျောက်တန်း မြို့မစခန်းမှူး ဦးတင်ထွေးမှ ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

ဇေယျာ

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>