Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ျမန္မာလူငယ္ႏွစ္ဦးအေရး ထိုင္းဗိုလ္ခ်ဳပ္ႀကီးေဟာင္း လာေဆြးေႏြးရန္ စီစဥ္

$
0
0
Chavalit Yongchaiyudh

ထိုင္းဘုရင္ရဲ႔ အၾကံေပးေကာင္စီ အဖြဲ႔၀င္၊ ၀န္ႀကီးခ်ဳပ္ေဟာင္း ဗိုလ္ခ်ဳပ္ႀကီး ခ်ာဗာလစ္ေယာင္ခ်ိဳင္ယုဟာ ေသဒဏ္ေပးခံရတဲ့ ျမန္မာလူငယ္ႏွစ္ဦး အေရး ျမန္မာေခါင္းေဆာင္ေတြနဲ႔ လာေရာက္ ေတြ႔ဆံုေဆြးေႏြးဖို႔ စီစဥ္ေနၿပီလို႔ သိရပါတယ္။

သူဟာ ျမန္မာစစ္ေခါင္းေဆာင္ေတြနဲ႔ ရင္းႏွီးတဲ့ ထိုင္းဗိုလ္ခ်ဳပ္ႀကီးေဟာင္းတဦး ျဖစ္သလို ျမန္မာ့အေရးကိစၥ အေတာ္မ်ားမ်ားမွာ အကူအညီေပးဖူးသူျဖစ္လို႔ ျမန္မာ လူငယ္ႏွစ္ဦးေသဒဏ္နဲ႔ ပတ္သက္ၿပီး ၾကားက ကူညီလုပ္ေဆာင္ေပးဖို႔ ေခ်ာင္းဦးအမတ္ ဦးေစာလွထြန္းက စီစဥ္လုပ္ေဆာင္ေပးခဲ့တာ ျဖစ္ပါတယ္။

ဗိုလ္ခ်ဳပ္ႀကီး ခ်ာဗာလစ္ေယာင္ခ်ိဳင္ယုဟာ မၾကာမီရက္ပိုင္းအတြင္း ျမန္မာျပည္လာေရာက္ၿပီး သမၼတ ဦးသိန္းစိန္၊ လႊတ္ေတာ္နာယက သူရဦးေရႊမန္း၊ ေဒၚေအာင္ဆန္းစုၾကည္တို႔နဲ႔ လာေရာက္ေဆြးေႏြးမွာ ျဖစ္ပါတယ္။

မႏွစ္ ႏွစ္ကုန္ပိုင္းက ထိုင္းႏိုင္ငံ၊ လိပ္ကြ်န္းမွာ  ၿဗိတိန္လူငယ္ႏွစ္ဦး အသတ္ခံရမွုနဲ႔ တရားစြဲဆိုခံထားရတဲ့ ကို၀င္းေဇာ္ထြန္းနဲ႔ ကိုေဇာ္လင္းတို႔ကို ဒီဇင္ဘာ ၂၄ ရက္မွာ ေကာ့စဗြီတရား႐ုံးက အျမင့္ဆံုးျပစ္ဒဏ္ ေသဒဏ္ခ်မ်တ္ခဲ့ျပီး အဲ့ဒီေန႔ကစလို႔ ၃ ရက္တိုင္ ျမန္မာျပည္အႏွ႔ံက ျပည္သူေတြ ကန္႔ကြက္ ဆႏၵျပေနၾကပါတယ္။
ဒီဗီြဘီ 27 December 2015
...........................

မြန်မာလူငယ်နှစ်ဦးအရေး ထိုင်းဗိုလ်ချုပ်ကြီးဟောင်း လာဆွေးနွေးရန် စီစဉ်
Chavalit Yongchaiyudh

ထိုင်းဘုရင်ရဲ့ အကြံပေးကောင်စီ အဖွဲ့ဝင်၊ ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ချာဗာလစ်ယောင်ချိုင်ယုဟာ သေဒဏ်ပေးခံရတဲ့ မြန်မာလူငယ်နှစ်ဦး အရေး မြန်မာခေါင်းဆောင်တွေနဲ့ လာရောက် တွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေပြီလို့ သိရပါတယ်။

သူဟာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ရင်းနှီးတဲ့ ထိုင်းဗိုလ်ချုပ်ကြီးဟောင်းတဦး ဖြစ်သလို မြန်မာ့အရေးကိစ္စ အတော်များများမှာ အကူအညီပေးဖူးသူဖြစ်လို့ မြန်မာ လူငယ်နှစ်ဦးသေဒဏ်နဲ့ ပတ်သက်ပြီး ကြားက ကူညီလုပ်ဆောင်ပေးဖို့ ချောင်းဦးအမတ် ဦးစောလှထွန်းက စီစဉ်လုပ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး ချာဗာလစ်ယောင်ချိုင်ယုဟာ မကြာမီရက်ပိုင်းအတွင်း မြန်မာပြည်လာရောက်ပြီး သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်နာယက သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ လာရောက်ဆွေးနွေးမှာ ဖြစ်ပါတယ်။

မနှစ် နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံ၊ လိပ်ကျွန်းမှာ  ဗြိတိန်လူငယ်နှစ်ဦး အသတ်ခံရမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို ဒီဇင်ဘာ ၂၄ ရက်မှာ ကော့စဗွီတရားရုံးက အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်ချမျတ်ခဲ့ပြီး အဲ့ဒီနေ့ကစလို့ ၃ ရက်တိုင် မြန်မာပြည်အနှ့ံက ပြည်သူတွေ ကန့်ကွက် ဆန္ဒပြနေကြပါတယ်။
ဒီဗွီဘီ 27 December 2015

Viewing all articles
Browse latest Browse all 13796


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>