ဟန္နီ
KFVS က သတင္းထုတ္ျပန္ခ်က္အရ Missouri က အသက္ ၁၇ႏွစ္အရြယ္ Kaitlyn Pullam ဆုိတဲ့ ေကာင္မေလးဟာ သူမရဲ႕အေဖ မရည္ရြယ္ပဲ ရုတ္တရက္ ပစ္မိလိုက္တဲ့ ေသနတ္က်ည္ဆံေၾကာင့္ ခရစၥမတ္မတုိင္ခင္ ရက္အနည္းငယ္က ေဆးရံုေရာက္သြားခဲ့ရပါတယ္။ သူ႕အေဖရဲ႕ေျပာၾကားခ်က္အရေတာ့ သူဟာ ေသနတ္ထဲမွာ က်ည္ဆံရွိတာ မရွိတာ မသိပဲ ခုလို လုပ္လိုက္မိတာ ျဖစ္ျပီး ေသနတ္က်ည္ဆံဟာ နံရံကို ေဖာက္ခါ Kaitlyn ရဲ႕ မ်က္ႏွာကို မွန္သြားခဲ့တာပါတဲ့။
အေရးေပၚအေျခအေနျဖစ္သြားခဲ့တဲ့ ေကာင္မေလးက အိမ္ကေန ေဆးရံုသြားတဲ့ လမ္းမွာတင္ သတိလစ္သြားခဲ့ပါျပီ။ သူမကို Poplar Bluff ေဆးရံုရဲ႕ အေရးေပၚခြဲစိတ္ခန္းကို ေခၚေဆာင္သြားခဲ့ျပီး အဲ့ဒီေနာက္မွာေတာ့ St Louis ကေလးေဆးရံုကို ထပ္မံေခၚေဆာင္သြားျပီး ကုသေပးခဲ့ပါတယ္။ သူမဟာ ကိုမာ ျဖစ္သြားတဲ့ေနာက္ပုိင္းမွာ မိသားစု၀င္ေတြဟာ စိတ္မခ်မ္းမသာ ျဖစ္ခဲ့ရပါတယ္။
ကေလးမေလးဟာ စာၾကိဳးစားတဲ့သူျဖစ္တဲ့အျပင္ ေနာက္ထပ္ ႏွစ္၀က္ေလာက္ ေက်ာင္းထပ္တက္ျပီးတာနဲ႕ ဘြဲ႕ေတာင္ရေတာ့မယ္သူမုိ႕ အားလံုးက နွေျမာတသျဖစ္ေနရပါတယ္။
ခုေနာက္ပိုင္းမွာ အေမရိကန္ ကေလးငယ္ေတြဟာ ခုလို ေသနတ္မွန္ျပီး ေသဆံုးတာ မ်ားျပားလာျပီး ၂၀၁၀ခုႏွစ္တုန္းကဆုိရင္ ေသနတ္မွန္ေသဆံုးသူ ကေလးငယ္နဲ႕ ဆယ္ေက်ာ္သက္ေပါင္း ၂၆၉၄ေယာက္ ရွိခဲ့တယ္လို႕ သိရပါတယ္။
Ref:cosmopolitan
http://www.trend.com.mm/2015/12/28/news-8432
..................................................
အဖေပစ်လိုက်တဲ့ သေနတ်ကျည်ဆံကြောင့် ခရစ္စမတ်အကြိုညမှာ သေဆုံးသွားခဲ့ရတဲ့ ဆယ်ကျော်သက် ကောင်မလေး
ဟန်နီ
KFVS က သတင်းထုတ်ပြန်ချက်အရ Missouri က အသက် ၁၇နှစ်အရွယ် Kaitlyn Pullam ဆိုတဲ့ ကောင်မလေးဟာ သူမရဲ့အဖေ မရည်ရွယ်ပဲ ရုတ်တရက် ပစ်မိလိုက်တဲ့ သေနတ်ကျည်ဆံကြောင့် ခရစ္စမတ်မတိုင်ခင် ရက်အနည်းငယ်က ဆေးရုံရောက်သွားခဲ့ရပါတယ်။ သူ့အဖေရဲ့ပြောကြားချက်အရတော့ သူဟာ သေနတ်ထဲမှာ ကျည်ဆံရှိတာ မရှိတာ မသိပဲ ခုလို လုပ်လိုက်မိတာ ဖြစ်ပြီး သေနတ်ကျည်ဆံဟာ နံရံကို ဖောက်ခါ Kaitlyn ရဲ့ မျက်နှာကို မှန်သွားခဲ့တာပါတဲ့။
အရေးပေါ်အခြေအနေဖြစ်သွားခဲ့တဲ့ ကောင်မလေးက အိမ်ကနေ ဆေးရုံသွားတဲ့ လမ်းမှာတင် သတိလစ်သွားခဲ့ပါပြီ။ သူမကို Poplar Bluff ဆေးရုံရဲ့ အရေးပေါ်ခွဲစိတ်ခန်းကို ခေါ်ဆောင်သွားခဲ့ပြီး အဲ့ဒီနောက်မှာတော့ St Louis ကလေးဆေးရုံကို ထပ်မံခေါ်ဆောင်သွားပြီး ကုသပေးခဲ့ပါတယ်။ သူမဟာ ကိုမာ ဖြစ်သွားတဲ့နောက်ပိုင်းမှာ မိသားစုဝင်တွေဟာ စိတ်မချမ်းမသာ ဖြစ်ခဲ့ရပါတယ်။
ကလေးမလေးဟာ စာကြိုးစားတဲ့သူဖြစ်တဲ့အပြင် နောက်ထပ် နှစ်ဝက်လောက် ကျောင်းထပ်တက်ပြီးတာနဲ့ ဘွဲ့တောင်ရတော့မယ်သူမို့ အားလုံးက နှမြောတသဖြစ်နေရပါတယ်။
ခုနောက်ပိုင်းမှာ အမေရိကန် ကလေးငယ်တွေဟာ ခုလို သေနတ်မှန်ပြီး သေဆုံးတာ များပြားလာပြီး ၂၀၁၀ခုနှစ်တုန်းကဆိုရင် သေနတ်မှန်သေဆုံးသူ ကလေးငယ်နဲ့ ဆယ်ကျော်သက်ပေါင်း ၂၆၉၄ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
Ref:cosmopolitan
http://www.trend.com.mm/2015/12/28/news-8432