Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

Wrestlemania နပန္း ပြဲမွာ ျပန္လည္ပါ၀င္မယ့္ Dwayne ‘The Rock’ Johnson

$
0
0


နာမည္ေက်ာ္ WWE ၾကယ္ပြင့္ Dwayne ‘The Rock’ Johnson ဟာ လာမယ့္ဧျပီလမွာ က်င္းပမယ့္ ၃၂ ၾကိမ္ေျမာက္ Wrestlemania ပြဲမွာ ပရိတ္သတ္ေရွ ့ျပန္ေရာက္လာေတာ့မွာျဖစ္တယ္လုိ ့ ေၾကျငာလိုက္ပါတယ္။

WWE နပန္းသမားဘ၀ကေန ရုပ္ရွင္မင္းသားအျဖစ္ ေျပာင္းလဲခဲ့တဲ့ The Rock ဟာ သူ ့ရဲ့ အမာခံပရိတ္သတ္ ေတြအတြက္ ဒီသတင္းကို Instagram ကေန ေၾကျငာခဲ့တာျဖစ္ပါတယ္။

“ဒီသတင္းကအတည္ပါ။ ပရိတ္သတ္ေတြရဲ့ခ်န္ပီယံဟာ ပရိတ္သတ္ေတြနဲ ့အတူ ကိစၥ ၃ မ်ိဳးကို လုပ္ဖုိ ့ သူ ့အိမ္ကို ျပန္လာပါျပီ။ သမုိင္းတစ္ေလွ်ာက္ ပရိတ္သတ္အမ်ားဆုံးလာၾကည့္တဲ့ပြဲကိုတင္ဖုိ ့၊ Dallas ျမိဳ ့ၾကီးကို တစ္ခါမွမၾကဳံဖူးေလာက္ေအာင္ ရင္ဖုိစိတ္လွဳပ္ရွားေအာင္လုပ္ဖုိ ့နဲ ့ Wrestlemania သမုိင္းကိုတင္ဖုိ ့ေပ့ါ။ ေနာက္တစ္ခုက  တူတူေပ်ာ္ရႊင္ၾကဖို ့။ အုိေက။ ဒါကေလးခ်က္ျဖစ္သြားျပီ။ The Rock ဘာေျပာေနလဲဆုိတာကို မင္းသိႏိုင္လုိ ့လား”  လို ့The Rock က Instagram မွာ ဟာသေႏွာျပီးေရးထားခဲ့ပါတယ္။

မႏွစ္က Wrestlemania 13 ပြဲမွာလည္း The Rock ပါ၀င္ခဲ့ျပီး အမ်ိဳးသမီးနပန္းသမား Ronda Rousey နဲ ့ တြဲကာ Triple H နဲ ့Stephanie McMahon တုိ ့ကို အႏိုင္ယူခဲ့ပါတယ္။

လာမယ့္ Wrestlemania 32 ပြဲကို ဧျပီလ ၃ ရက္ေန ့၊ တနဂၤေႏြေန ့၊ Dallas ျမိဳ ့က AT&T အားကစားရုံမွာ က်င္းပျပဳလုပ္သြားမွာျဖစ္ပါတယ္။

( Ye Wint )

#သစ္ထူးလြင္(နာမည္ႀကီးပုဂၢိဳလ္မ်ား)
#celebrity.thithtoolwin.com

Ref : Eonline

.....................................................

Wrestlemania နပန်း ပွဲမှာ ပြန်လည်ပါ၀င်မယ့် Dwayne ‘The Rock’ Johnson



နာမည်ကျော် WWE ကြယ်ပွင့် Dwayne ‘The Rock’ Johnson ဟာ လာမယ့်ဧပြီလမှာ ကျင်းပမယ့် ၃၂ ကြိမ်မြောက် Wrestlemania ပွဲမှာ ပရိတ်သတ်ရှေ ့ပြန်ရောက်လာတော့မှာဖြစ်တယ်လို ့ ကြေငြာလိုက်ပါတယ်။

WWE နပန်းသမားဘဝကနေ ရုပ်ရှင်မင်းသားအဖြစ် ပြောင်းလဲခဲ့တဲ့ The Rock ဟာ သူ ့ရဲ့ အမာခံပရိတ်သတ် တွေအတွက် ဒီသတင်းကို Instagram ကနေ ကြေငြာခဲ့တာဖြစ်ပါတယ်။

“ဒီသတင်းကအတည်ပါ။ ပရိတ်သတ်တွေရဲ့ချန်ပီယံဟာ ပရိတ်သတ်တွေနဲ ့အတူ ကိစ္စ ၃ မျိုးကို လုပ်ဖို ့ သူ ့အိမ်ကို ပြန်လာပါပြီ။ သမိုင်းတစ်လျှောက် ပရိတ်သတ်အများဆုံးလာကြည့်တဲ့ပွဲကိုတင်ဖို ့၊ Dallas မြို ့ကြီးကို တစ်ခါမှမကြုံဖူးလောက်အောင် ရင်ဖိုစိတ်လှုပ်ရှားအောင်လုပ်ဖို ့နဲ ့ Wrestlemania သမိုင်းကိုတင်ဖို ့ပေ့ါ။ နောက်တစ်ခုက  တူတူပျော်ရွှင်ကြဖို ့။ အိုကေ။ ဒါကလေးချက်ဖြစ်သွားပြီ။ The Rock ဘာပြောနေလဲဆိုတာကို မင်းသိနိုင်လို ့လား”  လို ့The Rock က Instagram မှာ ဟာသနှောပြီးရေးထားခဲ့ပါတယ်။

မနှစ်က Wrestlemania 13 ပွဲမှာလည်း The Rock ပါ၀င်ခဲ့ပြီး အမျိုးသမီးနပန်းသမား Ronda Rousey နဲ ့ တွဲကာ Triple H နဲ ့Stephanie McMahon တို ့ကို အနိုင်ယူခဲ့ပါတယ်။

လာမယ့် Wrestlemania 32 ပွဲကို ဧပြီလ ၃ ရက်နေ ့၊ တနင်္ဂနွေနေ ့၊ Dallas မြို ့က AT&T အားကစားရုံမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Eonline


Viewing all articles
Browse latest Browse all 13796

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>