Quantcast
Channel: MP4 YoU
Viewing all articles


$
0
0











( Mario )


Ref : Mirror

..................................................................

ဆင်းမယ့်ဘူတာကျော်သွားလို့ ခုတ်မောင်းနေတဲ့ ရထားပေါ်က ခုန်ချခဲ့တဲ့ အမျိုးသား



ဒီ ထူးဆန်းတဲ့ ဗီဒီယိုတစ်ခုကတော့ အမျိုးသားတစ်ယောက် ရထားစီးနေရင်း ဆင်းမယ့် ဘူတာကို ကျော်သွားတာကြောင့် ရွေးလျားနေတဲ့ ရထားပေါ်ကနေ ခုန်ချခဲ့တဲ့ အခိုက်အတန့်ကို အမိအရ ရိုက်ကူးထားတာဖြစ်ပါတယ်။

ဗီဒီယိုထဲမှာတော့ အမျိုးသားတစ်ယောက်ဟာ ပြည်သူ့သယ်ယူပို့ဆောင်ရေး ယာဉ် ဖြစ်တဲ့ မြေအောက်ရထား ပေါ်က လူဝင်လူထွက် စလိုက်တံခါးနားမှာ ရပ်နေပါတယ်။ အဲဒီနောက်မှာတော့ သူဟာ ရထားရွေ့လျားနေရင်းနဲ့ ထို လူဝင်လူထွက် တံခါးကို ဆွဲဖွင့်လိုက်တဲ့အတွက် အခြား ခရီးသည်တွေအားလုံးက အော်ဟစ် သတိပေးနေကြပါတယ်။

စက္ကန့်ပိုင်းအကြာမှာပဲ ထိုအမျိုးသားက သူဆွဲဖွင့်ထားတဲ့ လူဝင်လူထွက် တံခါးပေါက်ကနေ အပြင်မှာရှိတဲ့ ရထားလမ်းဘေး ပလက်ဖောင်းပေါ်ကို ခုန်ချလိုက်ပါတယ်။ ဒါပေမယ့် ရထားက ပုံမှန်အရှိန်နဲ့ ရွေ ့လျားနေတာဖြစ်တာကြောင့် သူ ပလက်ဖောင်းပေါ်ရောက်တဲ့အခါမှာ တလိမ့်ကောက်ကွေး လဲကျသွားခဲ့ရပါတယ်။

ထို ဗီဒီယိုကိုတော့ Stafford Brithers က ဒီဇင်ဘာ ၂၇ ရက်နေ့မှာ Facebook ပေါ်တင်ထားခဲ့တာဖြစ်ပါတယ်။ အခိုင်အမာ သိခဲ့ရတာတစ်ခုကတော့ ထိုအမျိုးသားဟာ သူဆင်းမယ့် ဘူတာကို လွဲချော် သွားတာကြောင့် ရထားပေါ်က ခုန်ချခဲ့တာ ဖြစ်ပါတယ်။ထိုဗီဒီယိုဟာ တဆင့်ထက်တဆင့် လူသိများသွားပြီး လူမှုမီဒီယာ တွေပေါ်မှာ ကြည့်ရှုသူ ၁ သန်းကျော် ရှိခဲ့တယ်လို့သိရပါတယ်။

ဒီအဖြစ်အပျက်ကြောင့် ထိုအမျိုးသားအနေနဲ့ ဒဏ်ရာရရှိခဲ့ခြင်း ရှိ/မရှိကိုတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။


( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

Viewing all articles
Browse latest Browse all 13796

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)