Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

သူစိမ္းအမ်ိဳးသား နဲ႔ နီးကပ္စြာ ေနထိုင္မႈေၾကာင့္ အင္ဒို ေက်ာင္းသူ တစ္ဦး ႀကိမ္ဒဏ္ေပးခံရ

$
0
0

အင္ဒိုနီးရွားႏိုင္ငံက တကၠသိုလ္ ေက်ာင္းသူတစ္ဦးဟာ သူမနဲ႔ လက္ထပ္ထားျခင္း မရွိတဲ့ သူစိမ္းအမ်ိဳးသား တစ္ဦးနဲ႔ နီးကပ္စြာ ေနထိုင္ခဲ့မႈေၾကာင့္ ႀကိမ္ဒဏ္ အျပစ္ေပးခံခဲ့ရတယ္လို႔ သိရပါတယ္။

အသက္ ၂၀ အရြယ္ Nur Elita ဆိုသူ အမ်ိဳးသမီးဟာ အင္ဒိုနီးရွားႏိုင္ငံ ၊ Banda Aceh ၿမိဳ ႔မွာရွိတဲ့ Baiturrahumin ဗလီ အတြင္းက စင္ျမင့္အထက္ အျခား တကၠသိုလ္ေက်ာင္းသူမ်ား ေရွ ႔ေမွာက္မွာ ႀကိမ္ဒဏ္ အျပစ္ေပးခံရၿပီးတဲ့ေနာက္မွာ လူနာတင္ယာဥ္နဲ႔ ေခၚေဆာင္သြားခဲ့ရပါတယ္။ အင္ဒိုနီးရွားႏိုင္ငံမွာတရား၀င္ ျပ႒ာန္းထားတဲ့ အစၥလာမ္ဘာသာေရး ဥပေဒ(Sharia Law) အရ လက္ထပ္ထားျခင္းမရွိ ၊ ေဆြမ်ိဳးေတာ္စပ္ျခင္းမရွိတဲ့ အမ်ိဳးသားေတြနဲ႔ အမ်ိဳးသမီးေတြဟာ နီးကပ္စြာ ေနထိုင္ခြင့္မရွိပါဘူး။

Elita ဟာ စင္ျမင့္ေပၚေရာက္တဲ့အခါမွာ ၾကည့္ရႈသူလူထု ရဲ ႔ ေအာ္ဟစ္သံမ်ားနဲ႔အတူ  ဒူးေထာက္ဖို႔ ေစခိုင္းခံရၿပီး မ်က္ႏွာဖံုးစြပ္ထားတဲ့ အမ်ိဳးသားတစ္ဦးဟာ သူမကို ႀကိမ္လံုးနဲ႔ ေက်ာျပင္ကို ၅ ခ်က္ တိတိ ရိုက္ႏွက္ခဲ့ပါတယ္။ ရိုက္ႏွက္မႈၿပီးသြားတဲ့အခါမွာေတာ့ Elita ဟာ စင္ေပၚမွာ လဲက်သြားၿပီး နာက်င္မႈ ဒဏ္ကို ဆို႔နင့္စြာခံစားခဲ့ရပါတယ္။

အလားတူ ႀကိမ္ဒဏ္ အျပစ္ေပးခံခဲ့ရတာကေတာ့ Elita နဲ႔ နီးကပ္စြာေနထိုင္ခဲ့တဲ့ အသက္ ၂၃ ႏွစ္အရြယ္ အမ်ိဳးသား Wahyudi Saputra ပဲ ျဖစ္ပါတယ္။ သူ႔ကိုေတာ့ ဒူးမေထာက္ေစပဲ မတ္တပ္ရပ္သာ ႀကိမ္ဒဏ္ေပးခဲ့တာျဖစ္ပါတယ္။ အျခား ႀကိမ္ဒဏ္သင့္ခဲ့တဲ့ အမ်ိဳးသား ၄ ေယာက္ကေတာ့ ေလာင္းကစား ျပဳလုပ္ခဲ့ျခင္းေၾကာင့္ အျပစ္ေပးခံခဲ့ရတာပါ။

အစၥလာမ္ဘာသာေရး ဥပေဒ(Sharia Law) အရ ေလာင္းကစားျပဳလုပ္ျခင္းဟာ လည္း တားျမစ္ခံထားရ ပါတယ္။ ထို ႀကိမ္ဒဏ္ အျပစ္ေပးပြဲကိုေတာ့ Benda Aceh ၿမိဳ ႔ရဲ ႔ လက္ေထာက္ ၿမိဳ ႔ေတာ္၀န္ Zainal Arifin ကိုယ္တိုင္လာေရာက္ၾကည့္ရႈခဲ့ၿပီး အခုလုိ လူထုေရွ ႔မွာ အျပစ္ေပးျခင္းဟာ အားလံုးကို သင္ခန္းစာ ယူႏိုင္ေစမယ့္ ရည္ရြယ္ခ်က္သာ ျဖစ္တယ္လို႔ Arifin က ဆိုပါတယ္။

Benda Aceh ၿမိဳ ႔ ဟာ ၂၀၀၃ ခုႏွစ္မွာ အထူးကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ ရရွိခဲ့ၿပီးေနာက္မွာပဲ အစၥလာမ္ဘာသာေရး ဥပေဒ(Sharia Law) ကို တရား၀င္ ျပ႒ာန္းထားခဲ့တဲ့ တစ္ခုတည္းေသာ အင္ဒိုနီးရွားႏိုင္ငံ ရဲ ႔ ၿမိဳ ႔ ျဖစ္ပါတယ္။

( Mario )

#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)
#knowledge.thithtoolwin.com

Ref : Mirror

.......................................................

သူစိမ်းအမျိုးသား နဲ့ နီးကပ်စွာ နေထိုင်မှုကြောင့် အင်ဒို ကျောင်းသူ တစ်ဦး ကြိမ်ဒဏ်ပေးခံရ

အင်ဒိုနီးရှားနိုင်ငံက တက္ကသိုလ် ကျောင်းသူတစ်ဦးဟာ သူမနဲ့ လက်ထပ်ထားခြင်း မရှိတဲ့ သူစိမ်းအမျိုးသား တစ်ဦးနဲ့ နီးကပ်စွာ နေထိုင်ခဲ့မှုကြောင့် ကြိမ်ဒဏ် အပြစ်ပေးခံခဲ့ရတယ်လို့ သိရပါတယ်။

အသက် ၂၀ အရွယ် Nur Elita ဆိုသူ အမျိုးသမီးဟာ အင်ဒိုနီးရှားနိုင်ငံ ၊ Banda Aceh မြို ့မှာရှိတဲ့ Baiturrahumin ဗလီ အတွင်းက စင်မြင့်အထက် အခြား တက္ကသိုလ်ကျောင်းသူများ ရှေ ့မှောက်မှာ ကြိမ်ဒဏ် အပြစ်ပေးခံရပြီးတဲ့နောက်မှာ လူနာတင်ယာဉ်နဲ့ ခေါ်ဆောင်သွားခဲ့ရပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာတရားဝင် ပြဋ္ဌာန်းထားတဲ့ အစ္စလာမ်ဘာသာရေး ဥပဒေ(Sharia Law) အရ လက်ထပ်ထားခြင်းမရှိ ၊ ဆွေမျိုးတော်စပ်ခြင်းမရှိတဲ့ အမျိုးသားတွေနဲ့ အမျိုးသမီးတွေဟာ နီးကပ်စွာ နေထိုင်ခွင့်မရှိပါဘူး။

Elita ဟာ စင်မြင့်ပေါ်ရောက်တဲ့အခါမှာ ကြည့်ရှုသူလူထု ရဲ ့ အော်ဟစ်သံများနဲ့အတူ  ဒူးထောက်ဖို့ စေခိုင်းခံရပြီး မျက်နှာဖုံးစွပ်ထားတဲ့ အမျိုးသားတစ်ဦးဟာ သူမကို ကြိမ်လုံးနဲ့ ကျောပြင်ကို ၅ ချက် တိတိ ရိုက်နှက်ခဲ့ပါတယ်။ ရိုက်နှက်မှုပြီးသွားတဲ့အခါမှာတော့ Elita ဟာ စင်ပေါ်မှာ လဲကျသွားပြီး နာကျင်မှု ဒဏ်ကို ဆို့နင့်စွာခံစားခဲ့ရပါတယ်။

အလားတူ ကြိမ်ဒဏ် အပြစ်ပေးခံခဲ့ရတာကတော့ Elita နဲ့ နီးကပ်စွာနေထိုင်ခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသား Wahyudi Saputra ပဲ ဖြစ်ပါတယ်။ သူ့ကိုတော့ ဒူးမထောက်စေပဲ မတ်တပ်ရပ်သာ ကြိမ်ဒဏ်ပေးခဲ့တာဖြစ်ပါတယ်။ အခြား ကြိမ်ဒဏ်သင့်ခဲ့တဲ့ အမျိုးသား ၄ ယောက်ကတော့ လောင်းကစား ပြုလုပ်ခဲ့ခြင်းကြောင့် အပြစ်ပေးခံခဲ့ရတာပါ။

အစ္စလာမ်ဘာသာရေး ဥပဒေ(Sharia Law) အရ လောင်းကစားပြုလုပ်ခြင်းဟာ လည်း တားမြစ်ခံထားရ ပါတယ်။ ထို ကြိမ်ဒဏ် အပြစ်ပေးပွဲကိုတော့ Benda Aceh မြို ့ရဲ ့ လက်ထောက် မြို ့တော်ဝန် Zainal Arifin ကိုယ်တိုင်လာရောက်ကြည့်ရှုခဲ့ပြီး အခုလို လူထုရှေ ့မှာ အပြစ်ပေးခြင်းဟာ အားလုံးကို သင်ခန်းစာ ယူနိုင်စေမယ့် ရည်ရွယ်ချက်သာ ဖြစ်တယ်လို့ Arifin က ဆိုပါတယ်။

Benda Aceh မြို ့ ဟာ ၂၀၀၃ ခုနှစ်မှာ အထူးကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရှိခဲ့ပြီးနောက်မှာပဲ အစ္စလာမ်ဘာသာရေး ဥပဒေ(Sharia Law) ကို တရားဝင် ပြဋ္ဌာန်းထားခဲ့တဲ့ တစ်ခုတည်းသော အင်ဒိုနီးရှားနိုင်ငံ ရဲ ့ မြို ့ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>