Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဖားကန္႔ေဒသသို႔ စက္ယႏၲရားႀကီးမ်ား ထပ္မံဝင္ခြင့္မျပဳေတာ့

$
0
0
By ေအာင္သစ္လြင္On  Sat, 2016-01-02 06:30Location ရန္ကုန္Issue No.No.966 Saturday, January 2, 2016

ဖားကန္႔ေက်ာက္တူးေဖာ္ေရးလုပ္ငန္းခြင္တြင္ ေတြ႕ရသည့္ ေျမသယ္ယာဥ္မ်ား (ဓာတ္ပုံ-မရန္)
 ဖားကန္႔ေဒသသို႔ ေက်ာက္စိမ္းကုမၸဏီမ်ားမွ ထပ္မံ တင္သြင္းလာသည့္ စက္ယႏၲရား ႀကီးမ်ားကို ေဒသတြင္း အေျခစိုက္ တပ္မေတာ္က ဝင္ခြင့္မျပဳေတာ့ ေၾကာင္း သတင္းရရွိသည္။

ဖားကန္႔ေဒသအတြင္း ေက်ာက္စိမ္းထုတ္လုပ္မႈႏွင့္ တရားမဝင္ယာဥ္၊ ယႏၲရားမ်ား ျပႆနာ ႐ႈပ္ေထြးေနစဥ္ ေက်ာက္စိမ္း ကုမၸဏီႏွစ္ခုက ထပ္မံသယ္ ေဆာင္လာသည့္ တန္ ၁၀၀ ေျမ သယ္ကား ၃၉ စီးကို ေဒသတြင္း အေျခစိုက္ တပ္မေတာ္က တား

ဆီးလိုက္ေၾကာင္း အဆိုပါေဒသရွိ ေက်ာက္စိမ္းတူးေဖာ္ေရးကုမၸဏီ တစ္ခုမွ အရာရွိတစ္ဦးက ေျပာ သည္။

‘‘ကားေတြ ျပန္ပို႔လိုက္ရၿပီ။ အသြင္းမခံဘူး။ ကုမၸဏီထဲေရာက္ၿပီးခါမွ ျပန္ထုတ္သြားရတာ။ ကားတင္မဟုတ္ဘူး။ ဘက္ဟိုးေတြ၊ တျခားစက္ေတြ ဘယ္ဟာမွကို အဝင္မခံဘူး’’ဟု ၎က ေျပာ သည္။

တားဆီးရျခင္းမွာ ဖားကန္႔ ေဒသတြင္းမွ စက္ယႏၲရားအေရ အတြက္ကို စာရင္းေကာက္ရန္ ျပင္ဆင္ျခင္းျဖစ္ႏုိင္သည္ဟု ဖား ကန္႔ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွ အရာရွိ တစ္ဦးက ေျပာသည္။

တားျမစ္ခဲ့သည့္ ေျမသယ္ယာဥ္မ်ားသည္ မွတ္ပံုတင္ထားေသာ တရားဝင္ယာဥ္မ်ားျဖစ္ၿပီး လက္ရွိအခ်ိန္တြင္ ဖားကန္႔ၿမိဳ႕နယ္   တမခန္ေက်းရြာအနီးရွိ ကသိုင္းေတာင္တြင္ ထားရွိေၾကာင္းသတင္းရရွိသည္။

ဖားကန္႔ေဒသတြင္ ေျမစာပံု ၿပိဳက်ျခင္းမ်ားေၾကာင့္ လူေသ ဆံုးမႈမၾကာခဏ ျဖစ္ပြားျခင္းႏွင့္ သဘာဝသယံဇာတမ်ား ထုတ္ လုပ္ေနျခင္းအေပၚ ေျဖရွင္းရန္ ဖားကန္႔နယ္ေျမတြင္ ေက်ာက္ စိမ္းတူးေဖာ္မႈ လံုးဝပိတ္သိမ္းျခင္း၊ စစ္အုပ္ခ်ဳပ္ေရး ထုတ္ျပန္ျခင္းႏွင့္ ပုဒ္မ ၁၄၄ ထုတ္ျပန္ျခင္း စေသာ နည္းလမ္းသံုးမ်ိဳးျဖင့္ ေဆာင္ရြက္ ရန္ သတၱဳတြင္းဝန္ႀကီးဌာန ဒုတိ ယဝန္ႀကီး ဦးသန္းထြန္းေအာင္က ဒီဇင္ဘာ ၂၈ ရက္တြင္ ျပည္ ေထာင္စုလႊတ္ေတာ္သို႔ တင္ျပခဲ့ သည္။ ယင္းအစီအစဥ္ကို ျပည္ ေထာင္စုလႊတ္ေတာ္က လက္မခံ ဘဲ ပယ္ခ်လိုက္သည္။
7Daydaily
............
ဖားကန့်ဒေသသို့ စက်ယန္တရားကြီးများ ထပ်မံဝင်ခွင့်မပြုတော့

By အောင်သစ်လွင်On  Sat, 2016-01-02 06:30Location ရန်ကုန်Issue No.No.966 Saturday, January 2, 2016

ဖားကန့်ကျောက်တူးဖော်ရေးလုပ်ငန်းခွင်တွင် တွေ့ရသည့် မြေသယ်ယာဉ်များ (ဓာတ်ပုံ-မရန်)
 ဖားကန့်ဒေသသို့ ကျောက်စိမ်းကုမ္ပဏီများမှ ထပ်မံ တင်သွင်းလာသည့် စက်ယန္တရား ကြီးများကို ဒေသတွင်း အခြေစိုက် တပ်မတော်က ဝင်ခွင့်မပြုတော့ ကြောင်း သတင်းရရှိသည်။

ဖားကန့်ဒေသအတွင်း ကျောက်စိမ်းထုတ်လုပ်မှုနှင့် တရားမဝင်ယာဉ်၊ ယန္တရားများ ပြဿနာ ရှုပ်ထွေးနေစဉ် ကျောက်စိမ်း ကုမ္ပဏီနှစ်ခုက ထပ်မံသယ် ဆောင်လာသည့် တန် ၁၀၀ မြေ သယ်ကား ၃၉ စီးကို ဒေသတွင်း အခြေစိုက် တပ်မတော်က တား

ဆီးလိုက်ကြောင်း အဆိုပါဒေသရှိ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ တစ်ခုမှ အရာရှိတစ်ဦးက ပြော သည်။

‘‘ကားတွေ ပြန်ပို့လိုက်ရပြီ။ အသွင်းမခံဘူး။ ကုမ္ပဏီထဲရောက်ပြီးခါမှ ပြန်ထုတ်သွားရတာ။ ကားတင်မဟုတ်ဘူး။ ဘက်ဟိုးတွေ၊ တခြားစက်တွေ ဘယ်ဟာမှကို အဝင်မခံဘူး’’ဟု ၎င်းက ပြော သည်။

တားဆီးရခြင်းမှာ ဖားကန့် ဒေသတွင်းမှ စက်ယန္တရားအရေ အတွက်ကို စာရင်းကောက်ရန် ပြင်ဆင်ခြင်းဖြစ်နိုင်သည်ဟု ဖား ကန့်မြို့နယ် ရဲတပ်ဖွဲ့မှ အရာရှိ တစ်ဦးက ပြောသည်။

တားမြစ်ခဲ့သည့် မြေသယ်ယာဉ်များသည် မှတ်ပုံတင်ထားသော တရားဝင်ယာဉ်များဖြစ်ပြီး လက်ရှိအချိန်တွင် ဖားကန့်မြို့နယ်   တမခန်ကျေးရွာအနီးရှိ ကသိုင်းတောင်တွင် ထားရှိကြောင်းသတင်းရရှိသည်။

ဖားကန့်ဒေသတွင် မြေစာပုံ ပြိုကျခြင်းများကြောင့် လူသေ ဆုံးမှုမကြာခဏ ဖြစ်ပွားခြင်းနှင့် သဘာဝသယံဇာတများ ထုတ် လုပ်နေခြင်းအပေါ် ဖြေရှင်းရန် ဖားကန့်နယ်မြေတွင် ကျောက် စိမ်းတူးဖော်မှု လုံးဝပိတ်သိမ်းခြင်း၊ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခြင်းနှင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်း စသော နည်းလမ်းသုံးမျိုးဖြင့် ဆောင်ရွက် ရန် သတ္တုတွင်းဝန်ကြီးဌာန ဒုတိ ယဝန်ကြီး ဦးသန်းထွန်းအောင်က ဒီဇင်ဘာ ၂၈ ရက်တွင် ပြည် ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ သည်။ ယင်းအစီအစဉ်ကို ပြည် ထောင်စုလွှတ်တော်က လက်မခံ ဘဲ ပယ်ချလိုက်သည်။
7Daydaily

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>