နေပြည်တော်၊ ဇန်နဝါရီ ၂
ရဲဇာနည်
............
ညီအစ်ကိုချင်း စကားများရာက လူသတ်မှုဖြစ်ပွား
နေပြည်တော်၊ ဇန်နဝါရီ ၂
၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ဘုရားကွင်းကျေးရွာနေ ကိုမျိုးအောင်သည် နေအိမ်၌ရှိနေစဉ် တစ်ရွာတည်းနေ ၎င်း၏ အစ်ကို ၂ ဦး စကားများရန်ဖြစ်နေကြောင်း သိရ၍ သွားရောက်ခဲ့ရာ အစ်ကိုလတ်ဖြစ်သူ ကိုမျိုးကြည်(၃၉)နှစ်မှာ နေအိမ်လှေကားခြေရင်းတွင် ဝမ်းဗိုက်ဝဲဘက်ထိုးသွင်းဒဏ်ရာရရှိ သေဆုံး နေသည်ကိုတွေ့ရသည်။ မေးမြန်းချက်အရ အစ်ကိုကြီးဖြစ်သူ ကိုမျိုးညွန့်(၄၃)နှစ်သည် နွားအားဆဲဆိုနေသည်ကို ကိုမျိုးကြည် မှ ၎င်းအားဆဲသည်ထင်၍ တစ်ယောက်တစ်ခွန်း စကားများရန်ဖြစ်စဉ် ကိုမျိုးကြည် က ကိုမျိုးညွန့်အား လက်သီးဖြင့်ထိုးသောကြောင့် ကိုမျိုးညွန့် က အနီးရှိ အရိုးအသွား(၅)လက်မခန့် ဓားမြှောင်ဖြင့် ပြန်လည်ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ကိုမျိုးအောင် က အရေးယူပေးရန်တိုင်တန်းရာ ကိုမျိုးညွန့် အား တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားနယ်မြေရဲစခန်း(ပ)၂/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်