ေမာ္စကုိ ၊ ၃၁-၁၂-၂၀၁၅
႐ုရွားသမၼတ ပူတင္၏ အမွတ္တရ အျဖစ္ ဘီလာ႐ုစ္ ႏိုင္ငံဖြား ႐ုရွားႏုိင္ငံသား တစ္ဦးက Leaders Number One အမည္ရွိ ေရေမႊးတစ္မ်ဳိး ထုတ္လုပ္၍ ေမာ္စကုိ ၿမိဳ႕ေတာ္၌ စတင္ေရာင္းခ် ေနၿပီျဖစ္ေၾကာင္း သိရသည္။
အဆိုပါ သမၼတပူတင္ အမွတ္တရ ေရေမြး ၁ဝဝ မီလီမီတာ တစ္ပုလင္းလွ်င္ ႐ုရွား ႐ူဘယ္ ၆ဝဝဝ (၅၇ တာလင္ေပါင္) ျဖစ္သည္။ ေရေမႊးပုလင္း ေပၚတြင္ သမၼတပူတင္ ၏ ဦးေခါင္းပံုကို ႐ိုက္ႏွိပ္ထည့္သြင္း ထားၿပီး သမၼတ ပူတင္ အမွတ္တရ ဟူေသာ စာတန္းကုိ အဂၤလိပ္ ဘာသာျဖင့္ ေရးသား ထားေၾကာင္း ၿဗိတိန္ႏုိင္ငံမွ ဂါးဒီးယန္း သတင္းစာ က ေဖာ္ျပခဲ့သည္။
သမၼတပူတင္ အမွတ္တရ ေရေမႊးရနံ႔သည္ ႏူးညံ့ေသာ္လည္း ခိုင္မာ အားေကာင္းမႈ ရွိေၾကာင္း ဘီလာ႐ုစ္ႏိုင္ငံဖြား ႐ုရွားႏုိင္ငံသား ေရေမႊးေဖာ္စပ္သူ ဗလာဒီဆလပ္ဗ္ ရီကူေနာ့ဗ္ က ေျပာၾကား ခဲ့သည္။
ပုလင္းအေရအတြက္ ၂ဝဝဝ ထိသာ ကန္႔သတ္ ထုတ္လုပ္ထားေသာ ပူတင္အမွတ္ တရ ေရေမႊးကုိ ေမာ္စကုိၿမိဳ႕ေတာ္ တြင္ ဒီဇင္ဘာ ၂၄ ရက္က စတင္ ေစ်းကြက္ဝင္ ခဲ့ရာ ဂ်ာမနီႏွင့္ တ႐ုတ္ ကဲ့သို႔ေသာ ႏုိင္ငံတို႔မွ အြန္လုိင္းျဖင့္ မွာယူမႈမ်ား ရွိခဲ့သည္။
ယခု ထုတ္လုပ္လုိက္သည့္ သမၼတပူတင္ အမွတ္တရ ေရေမႊးသည္ အမ်ဳိးသားမ်ား အတြက္ သီးသန္႔ ထုတ္လုပ္ထားျခင္း ျဖစ္ၿပီး အမ်ဳိးသမီးမ်ား အတြက္ ပူတင္အမွတ္တရ ေရေမႊးကုိ ၂ဝ၁၆ ခုႏွစ္ အတြင္း စတင္ ထုတ္လုပ္ရန္ ျပင္ဆင္ေနသည္ ဟု ဗလာဒီဆလပ္ဗ္ ရီကူေနာ့ဗ္ က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
#PyiChitThar
............................................................
ရုရှားသမ္မတပူတင် အမှတ်တရရေမွှေး ပုလင်း ၂၀၀၀ သာ ထုတ်လုပ်ရောင်းချ
မော်စကို ၊ ၃၁-၁၂-၂၀၁၅
ရုရှားသမ္မတ ပူတင်၏ အမှတ်တရ အဖြစ် ဘီလာရုစ် နိုင်ငံဖွား ရုရှားနိုင်ငံသား တစ်ဦးက Leaders Number One အမည်ရှိ ရေမွှေးတစ်မျိုး ထုတ်လုပ်၍ မော်စကို မြို့တော်၌ စတင်ရောင်းချ နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ သမ္မတပူတင် အမှတ်တရ ရေမွေး ၁ဝဝ မီလီမီတာ တစ်ပုလင်းလျှင် ရုရှား ရူဘယ် ၆ဝဝဝ (၅၇ တာလင်ပေါင်) ဖြစ်သည်။ ရေမွှေးပုလင်း ပေါ်တွင် သမ္မတပူတင် ၏ ဦးခေါင်းပုံကို ရိုက်နှိပ်ထည့်သွင်း ထားပြီး သမ္မတ ပူတင် အမှတ်တရ ဟူသော စာတန်းကို အင်္ဂလိပ် ဘာသာဖြင့် ရေးသား ထားကြောင်း ဗြိတိန်နိုင်ငံမှ ဂါးဒီးယန်း သတင်းစာ က ဖော်ပြခဲ့သည်။
သမ္မတပူတင် အမှတ်တရ ရေမွှေးရနံ့သည် နူးညံ့သော်လည်း ခိုင်မာ အားကောင်းမှု ရှိကြောင်း ဘီလာရုစ်နိုင်ငံဖွား ရုရှားနိုင်ငံသား ရေမွှေးဖော်စပ်သူ ဗလာဒီဆလပ်ဗ် ရီကူနော့ဗ် က ပြောကြား ခဲ့သည်။
ပုလင်းအရေအတွက် ၂ဝဝဝ ထိသာ ကန့်သတ် ထုတ်လုပ်ထားသော ပူတင်အမှတ် တရ ရေမွှေးကို မော်စကိုမြို့တော် တွင် ဒီဇင်ဘာ ၂၄ ရက်က စတင် စျေးကွက်ဝင် ခဲ့ရာ ဂျာမနီနှင့် တရုတ် ကဲ့သို့သော နိုင်ငံတို့မှ အွန်လိုင်းဖြင့် မှာယူမှုများ ရှိခဲ့သည်။
ယခု ထုတ်လုပ်လိုက်သည့် သမ္မတပူတင် အမှတ်တရ ရေမွှေးသည် အမျိုးသားများ အတွက် သီးသန့် ထုတ်လုပ်ထားခြင်း ဖြစ်ပြီး အမျိုးသမီးများ အတွက် ပူတင်အမှတ်တရ ရေမွှေးကို ၂ဝ၁၆ ခုနှစ် အတွင်း စတင် ထုတ်လုပ်ရန် ပြင်ဆင်နေသည် ဟု ဗလာဒီဆလပ်ဗ် ရီကူနော့ဗ် က ပြောကြားခဲ့ကြောင်း သိရသည်။
#PyiChitThar