Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ေက်ာက္စိမ္းေရကန္ႏွင့္ သနပ္ခါးေက်ာက္ျပင္ႀကီးအား လာေရာက္ေလ့လာသူ မ်ားျပား

$
0
0
မႏၱေလး ဇန္န၀ါရီ ၂
မႏၲေလးတိုင္းေဒသႀကီး အမရပူရၿမိဳ႕နယ္ရွိ ေ၀ေယာစန ေက်ာက္စိမ္းေစတီေတာ္ျမတ္ႀကီး၏ အ၀င္မုခ္ဦး အေရွ႕ဘက္တြင္ ရွိေသာ ေက်ာက္စိမ္းေရကန္ႏွင့္ သနပ္ခါးေက်ာက္ျပင္ႀကီးအား လာေရာက္ေလ့လာ၍ သနပ္ခါးလိမ္းသူမ်ား စည္ကားလ်က္ရွိသည္။
“ကၽြန္မတို႔က ဒီေက်ာက္စိမ္းဘုရာႀကီးလာဖူးတာပါ၊ ဘုရားဖူးရင္း ေက်ာက္စိမ္းေရကန္ႀကီးနဲ႕ သနပ္ခါးေက်ာက္ျပင္ႀကီးေတြ႔လို႔ လာေရာက္ေလ့လာတာပါ၊ သနပ္ခါးလည္းလိမ္းလို႔ရတယ္၊ ေက်ာက္ျပင္နဲ႕ သနပ္ခါးတုံးကလည္း အဆင္သင့္ရွိေတာ့ ကိုယ္တိုင္ေသြးၿပီး လိမ္းလိုက္တယ္၊ အိမ္မွာဆို ဒီေလာက္ႀကီးတဲ့ ေက်ာက္ျပင္ႀကီးနဲ႕ သနပ္ခါးမလိမ္းရဘူးေလ၊ ဒီေလာက္ႀကီးတဲ့ေက်ာက္ျပင္လည္း ခုမွေတြ႕ဖူးတာပါ၊ ဘုရားလာဖူးတာ ဒီေက်ာက္ျပင္ႀကီးနဲ႕သနပ္ခါးလိမ္းခြင့္ ရေတာ့ အမွတ္တရျဖစ္တာေပါ့၊ ဒီေက်ာက္ျပင္ႀကီးနဲ႕ သနပ္ခါးလိမ္းေနသူေတြ မ်ားေတာ့ ေပ်ာ္စရာလည္းေကာင္းပါတယ္’’ ဟု ၀က္လက္ၿမိဳ႕နယ္မွ ဘုရားဖူးျပည္သူတစ္ဦးက ေျပာျပသည္။
ေ၀ေယာစန ေက်ာက္စိမ္းေစတီေတာ္ျမတ္ႀကီးကို ၂၀၁၂ ခုႏွစ္ က စတင္တည္ထားခဲ့ၿပီး ၂၀၁၅ ခုႏွစ္တြင္ ထီးေတာ္တင္လွဴခဲ့ရာ ျပည္တြင္းျပည္ပ ဘုရားဖူးမ်ား စည္ကားလ်က္ရွိၿပီး ေန႔စဥ္ ဘုရားဖူး ၁ သိန္းေက်ာ္ လာေရာက္လ်က္ရွိေၾကာင္း သိရသည္။
သန္းေဇာ္မင္း(ျပန္/ဆက္)
..........................
ကျောက်စိမ်းရေကန်နှင့် သနပ်ခါးကျောက်ပြင်ကြီးအား လာရောက်လေ့လာသူ များပြား
မန္တလေး ဇန်နဝါရီ ၂
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ ဝေယောစန ကျောက်စိမ်းစေတီတော်မြတ်ကြီး၏ အဝင်မုခ်ဦး အရှေ့ဘက်တွင် ရှိသော ကျောက်စိမ်းရေကန်နှင့် သနပ်ခါးကျောက်ပြင်ကြီးအား လာရောက်လေ့လာ၍ သနပ်ခါးလိမ်းသူများ စည်ကားလျက်ရှိသည်။
“ကျွန်မတို့က ဒီကျောက်စိမ်းဘုရာကြီးလာဖူးတာပါ၊ ဘုရားဖူးရင်း ကျောက်စိမ်းရေကန်ကြီးနဲ့ သနပ်ခါးကျောက်ပြင်ကြီးတွေ့လို့ လာရောက်လေ့လာတာပါ၊ သနပ်ခါးလည်းလိမ်းလို့ရတယ်၊ ကျောက်ပြင်နဲ့ သနပ်ခါးတုံးကလည်း အဆင်သင့်ရှိတော့ ကိုယ်တိုင်သွေးပြီး လိမ်းလိုက်တယ်၊ အိမ်မှာဆို ဒီလောက်ကြီးတဲ့ ကျောက်ပြင်ကြီးနဲ့ သနပ်ခါးမလိမ်းရဘူးလေ၊ ဒီလောက်ကြီးတဲ့ကျောက်ပြင်လည်း ခုမှတွေ့ဖူးတာပါ၊ ဘုရားလာဖူးတာ ဒီကျောက်ပြင်ကြီးနဲ့သနပ်ခါးလိမ်းခွင့် ရတော့ အမှတ်တရဖြစ်တာပေါ့၊ ဒီကျောက်ပြင်ကြီးနဲ့ သနပ်ခါးလိမ်းနေသူတွေ များတော့ ပျော်စရာလည်းကောင်းပါတယ်’’ ဟု ၀က်လက်မြို့နယ်မှ ဘုရားဖူးပြည်သူတစ်ဦးက ပြောပြသည်။
ဝေယောစန ကျောက်စိမ်းစေတီတော်မြတ်ကြီးကို ၂၀၁၂ ခုနှစ် က စတင်တည်ထားခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ထီးတော်တင်လှူခဲ့ရာ ပြည်တွင်းပြည်ပ ဘုရားဖူးများ စည်ကားလျက်ရှိပြီး နေ့စဉ် ဘုရားဖူး ၁ သိန်းကျော် လာရောက်လျက်ရှိကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...