Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ျမသိန္းတန္ေစတီရင္ျပင္ေတာ္ေပၚတြင္ ႏွစ္သစ္ကူးညက Happy New Year စကားလုံးမ်ား ေရးဆြဲသူမ်ားကို ေဖာ္ထုတ္အေရးယူသြားမည္

$
0
0

ရန္ကုန္၊ ဇန္နဝါရီ ၁- ျမသိန္းတန္ ေစတီရင္ျပင္ေတာ္ေပၚတြင္ ႏွစ္သစ္ ကူးညက Happy New Year စကား လုံးမ်ား ကိုေရးဆြဲထားျခင္းႏွင့္ပတ္ သက္ၿပီး က်ဴးလြန္သူမ်ားအား ေဖာ္ ထုတ္ အေရးယူသြားမည္ျဖစ္ေၾကာင္း ယဥ္ေက်းမႈဝန္ႀကီးဌာန၊ ေရွးေဟာင္း သုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီး ဌာနခြဲ(စစ္ကိုင္း)မွ ညႊန္ၾကားေရးမႉး ဦးသန္းထိုက္က ဇန္နဝါရီ၁ရက္ တြင္ ေျပာသည္။
ယင္းသို႔ေရးဆြဲထားျခင္းသည္ ေရွးေဟာင္းအေမြအႏွစ္အေဆာက္ အအုံျမင္ကြင္းကို ပ်က္စီးေစသည့္အ တြက္ က်ဴးလြန္သူမ်ားကိုေဖာ္ထုတ္ အေရးယူသြားမည္ျဖစ္ေၾကာင္း သိရသည္။
စစ္ကိုင္းတိုင္းေဒသႀကီး၊ မင္း ကြန္းျမသိန္းတန္ေစတီရင္ျပင္ေတာ္ေပၚ တြင္ ေရာင္စုံေဆးမ်ားႏွင့္ေရးသား ျခင္းပုံဆြဲျခင္းမ်ားျပဳလုပ္ထားၿပီး အ ဆိုပါကိစၥႏွင့္ပတ္သက္၍ စစ္ကိုင္းၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႕ တာဝန္ရွိသူမ်ား၊ ရဲတပ္ဖြဲ႕မ်ားႏွင့္ ေရွးေဟာင္း သုေတသနဌာနတို႔ ပူးေပါင္းစုံစမ္းမႈ မ်ားျပဳလုပ္လ်က္ရွိၿပီး ယင္းကဲ့သို႔ေရွး ေဟာင္းအေဆာက္အအုံ တြင္ ေရးျခစ္ ျခင္းမ်ားကို ေရွးေဟာင္းအေမြအႏွစ္ မ်ား ကာကြယ္ထိန္းသိမ္းေရးဥပေဒ ျဖင့္ အေရးယူနိုင္ေၾကာင္း ဦးသန္း ထိုက္က ေျပာသည္။
''အခု အဲဒီေရးတဲ့သူေတြကိုသိ ဖို႔ သက္ဆိုင္ရာအုပ္ခ်ဳပ္ေရးမႉးေတြ နဲ႔ ရဲကိုေမးျမန္းစုံစမ္းတုန္းပဲရွိပါေသးတယ္။ ျမသိန္းတန္ဘုရား က ေရွး ေဟာင္းဘုရားတစ္ဆူျဖစ္တဲ့အတြက္ ေရွးေဟာင္းဥပေဒနဲ႔အညီ အေရးယူ လို႔ရသလို စုံစမ္းေဖာ္ထုတ္အေရးယူ သြားမွာပါ''ဟု ယင္းက ဆက္လက္ ေျပာသည္။
ယင္းကဲ့သို႔ေရွးေဟာင္းအ ေဆာက္အအုံတြင္ ေရးျခစ္ျခင္းမ်ား သည္ ေရွးေဟာင္းအေဆာက္အအုံ မ်ား ကာကြယ္ထိန္းသိမ္းေရးဥပေဒ တြင္ျပ႒ာန္းထားသည့္ အခန္း(၈) (က) ပါ ေရွးေဟာင္းအေဆာက္အအုံကို ဖ်က္ဆီးျခင္း သို႔မဟုတ္ ပ်က္စီးေစ ရန္ေဆာင္ရြက္ျခင္းႏွင့္ ၿငိစြန္းေနၿပီး ပုဒ္မ(၂၀)ပါ ေရွးေဟာင္းအေဆာက္ အအုံကို ထိခိုက္ေစေသာ ျပဳလုပ္မႈ တစ္ခုခုကိုျပဳလုပ္ျခင္းအတြက္ ျပစ္မႈ ထင္ရွားပါက အနည္းဆုံး ေထာင္ ဒဏ္ ေျခာက္လမွ အမ်ားဆုံးတစ္ႏွစ္ ထက္မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ အနည္းဆုံး က်ပ္သုံးသိန္းမွ အမ်ား ဆုံးက်ပ္တစ္ဆယ့္ငါးသိန္းအထိ ေငြ ဒဏ္ျဖစ္ေစ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္မည္ျဖစ္ေၾကာင္း ေဖာ္ျပပါရွိသည္။
မင္းကြန္းျမသိန္းတန္ေစတီေတာ္ မွာ ကုန္းေဘာင္ေခတ္လက္ရာျဖစ္ၿပီး ဘိုးေတာ္ဘုရားလက္ထက္က တည္ ထားကိုးကြယ္ခဲ့ျခင္းျဖစ္ကာ ႏွစ္ေပါင္း ၁၅ဝေက်ာ္သက္တမ္းရွိသည့္ ေရွး ေဟာင္းအေမြအႏွစ္အေဆာက္အအုံ တစ္ခုျဖစ္ေၾကာင္း သိရသည္။
MTZ
#Democracytoday
Photo Caption: ရင္ျပင္ေတာ္ေပၚတြင္ Happy New Year စကားလုံးမ်ား ေရးဆြဲထားသည္ကို ေတြ႕ရစဥ္။
Photo: ေအးခ်မ္း။
..................


မြသိန်းတန်စေတီရင်ပြင်တော်ပေါ်တွင် နှစ်သစ်ကူးညက Happy New Year စကားလုံးများ ရေးဆွဲသူများကို ဖော်ထုတ်အရေးယူသွားမည်
++++++++++++++++++++++++++++++++++++++++++++++++
ရန်ကုန်၊ ဇန်နဝါရီ ၁- မြသိန်းတန် စေတီရင်ပြင်တော်ပေါ်တွင် နှစ်သစ် ကူးညက Happy New Year စကား လုံးများ ကိုရေးဆွဲထားခြင်းနှင့်ပတ် သက်ပြီး ကျူးလွန်သူများအား ဖော် ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနခွဲ(စစ်ကိုင်း)မှ ညွှန်ကြားရေးမှူး ဦးသန်းထိုက်က ဇန်နဝါရီ၁ရက် တွင် ပြောသည်။
ယင်းသို့ရေးဆွဲထားခြင်းသည် ရှေးဟောင်းအမွေအနှစ်အဆောက် အအုံမြင်ကွင်းကို ပျက်စီးစေသည့်အ တွက် ကျူးလွန်သူများကိုဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်း ကွန်းမြသိန်းတန်စေတီရင်ပြင်တော်ပေါ် တွင် ရောင်စုံဆေးများနှင့်ရေးသား ခြင်းပုံဆွဲခြင်းများပြုလုပ်ထားပြီး အ ဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်ကိုင်းမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့များနှင့် ရှေးဟောင်း သုတေသနဌာနတို့ ပူးပေါင်းစုံစမ်းမှု များပြုလုပ်လျက်ရှိပြီး ယင်းကဲ့သို့ရှေး ဟောင်းအဆောက်အအုံ တွင် ရေးခြစ် ခြင်းများကို ရှေးဟောင်းအမွေအနှစ် များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ ဖြင့် အရေးယူနိုင်ကြောင်း ဦးသန်း ထိုက်က ပြောသည်။
''အခု အဲဒီရေးတဲ့သူတွေကိုသိ ဖို့ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေ နဲ့ ရဲကိုမေးမြန်းစုံစမ်းတုန်းပဲရှိပါသေးတယ်။ မြသိန်းတန်ဘုရား က ရှေး ဟောင်းဘုရားတစ်ဆူဖြစ်တဲ့အတွက် ရှေးဟောင်းဥပဒေနဲ့အညီ အရေးယူ လို့ရသလို စုံစမ်းဖော်ထုတ်အရေးယူ သွားမှာပါ''ဟု ယင်းက ဆက်လက် ပြောသည်။
ယင်းကဲ့သို့ရှေးဟောင်းအ ဆောက်အအုံတွင် ရေးခြစ်ခြင်းများ သည် ရှေးဟောင်းအဆောက်အအုံ များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ တွင်ပြဋ္ဌာန်းထားသည့် အခန်း(၈) (က) ပါ ရှေးဟောင်းအဆောက်အအုံကို ဖျက်ဆီးခြင်း သို့မဟုတ် ပျက်စီးစေ ရန်ဆောင်ရွက်ခြင်းနှင့် ငြိစွန်းနေပြီး ပုဒ်မ(၂၀)ပါ ရှေးဟောင်းအဆောက် အအုံကို ထိခိုက်စေသော ပြုလုပ်မှု တစ်ခုခုကိုပြုလုပ်ခြင်းအတွက် ပြစ်မှု ထင်ရှားပါက အနည်းဆုံး ထောင် ဒဏ် ခြောက်လမှ အများဆုံးတစ်နှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သုံးသိန်းမှ အများ ဆုံးကျပ်တစ်ဆယ့်ငါးသိန်းအထိ ငွေ ဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
မင်းကွန်းမြသိန်းတန်စေတီတော် မှာ ကုန်းဘောင်ခေတ်လက်ရာဖြစ်ပြီး ဘိုးတော်ဘုရားလက်ထက်က တည် ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကာ နှစ်ပေါင်း ၁၅ဝကျော်သက်တမ်းရှိသည့် ရှေး ဟောင်းအမွေအနှစ်အဆောက်အအုံ တစ်ခုဖြစ်ကြောင်း သိရသည်။
MTZ
#Democracytoday
Photo Caption: ရင်ပြင်တော်ပေါ်တွင် Happy New Year စကားလုံးများ ရေးဆွဲထားသည်ကို တွေ့ရစဉ်။
Photo: အေးချမ်း။

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>