Published on Sun, 01/03/2016 - 17:54
ေက်ာင္းေဆာင္အတြင္း လွ်ပ္စစ္မီး အပူလြန္ကဲရာမွ ဟသၤာတၿမိဳ႕၊ တာကေလးရပ္ကြက္ရွိ အမွတ္(၂) အေျခခံပညာ မူလတန္းလြန္ေက်ာင္း၌ ဇန္န၀ါရီလ ၃ ရက္၊ ေန႔လယ္ပိုင္းက မီးေလာင္မႈ ျဖစ္ပြားခဲ့ေႀကာင္း သိရသည္။
“မီးသတ္ဌာနကို ညေန ၃ နာရီခြဲမွာ မီးေလာင္တဲ့သတင္း ၀င္လာတယ္။ မီးေလာင္တဲ့အခ်ိန္ ေက်ာင္းထဲမွာ လူမရွိဘူး။ ေက်ာင္းပိတ္ထားခ်ိန္မွာ မီးဖြင့္ထားခဲ့တဲ့ အေနအထား ျဖစ္ပါတယ္။ ေက်ာင္းခန္းထဲမွာ ထြန္းထားတဲ့ မီးေခ်ာင္းခ်ဳပ္က အပူလြန္ကဲၿပီး မီးေလာင္ခဲ့တာပါ။ ကား ၅ စီး အရင္ဆံုး ထြက္တယ္။ ကၽြန္ေတာ္တို႔ ေရာက္တဲ့အခ်ိန္မွာ ေက်ာင္းထဲမွာ မီးက လႈိက္ေလာင္ၿပီး အျပင္ကို မီးေတာက္ေတြ ထြက္ေနၿပီ။ ေဘးအေဆာင္ေတြကိုလည္း ကူးစက္ဖို႔ စတင္ေနၿပီ။ အဲဒီ့အခ်ိန္မွာ ေရာက္ေရာက္ခ်င္း ကားကို ဘယ္ညာညႇပ္ ေနရာယူၿပီး မီးထပ္မျပန္႔ေအာင္ ၿငိမ္းသတ္ပါတယ္။ မီးက ႀကီးလို႔ ရွိတဲ့ကား ၁၁ စီးလံုးလာဖို႔ တာ၀န္ေပးခဲ့တယ္။ မီးၿငိႇမ္းသတ္ေရးယာဥ္ ၉ စီးနဲ႔ ေရသယ္ယာဥ္ ၂ စီး လာေရာက္ၿပီး မီးၿငိႇမ္းသတ္ပါတယ္။ အရန္ မီးသတ္တပ္ဖြဲ႕၀င္ အင္အား ၁၀၀၊ သေႏၶ မီးသတ္တပ္ဖြဲ႕၀င္ အင္အား ၃၀ နဲ႔ ၀ိုင္း၀န္းၿပီး ၿငိႇမ္းသတ္ခဲ့ပါတယ္” ဟု ဟသၤာတခရိုင္ မီးသတ္ဦးစီးမွဴး လက္ေထာက္ညႊန္ႀကားေရးမွဴး ဦးစိုးေနာင္က ေျပာႀကားသည္။
ဟသၤာတျမိဳ႕နယ္ ႀကက္ေျခနီသူနာျပဳတပ္ရင္းမွ တပ္ခြဲမွဴးေက်ာ္ျမင့္ဦးက “ကၽြန္ေတာ္တို႔က မနက္ျဖန္ လြတ္လပ္ေရးေန႔ အခမ္းအနားအတြက္ ႀကိဳတင္ ျပင္ဆင္ေနခ်ိန္မွာ မီးေလာင္တဲ့သတင္းႀကားလို႔ ထြက္လာခဲ့တာ။ ေနာက္ပိုင္းမွာ မီးက တျဖည္းျဖည္းနဲ႔ မ်ားလာတယ္။ မီးသတ္တပ္ဖြဲ႕နဲ႔ အားလံုး၀ိုင္းၿပီး မီးျငွိမ္းသတ္ေနခ်ိန္မွာ သြပ္ရွဒဏ္ရာရတဲ့သူတခ်ိဳ႕ရွိတယ္။ မီးက အထဲမွာ လိႈက္ေလာင္ေနလို႔ ေသာ့ပိတ္ထားတဲ့မွန္ေတြ ရိုက္ခြဲၿပီး အေရးေပၚ ၀င္ရေတာ့ မွန္ကြဲရွတဲ့သူတခ်ိဳ႕ရွိတယ္။ အဲဒီ့လူေတြကို ေရွးဦးျပဳစုမႈအေနနဲ႔ ေဆးထည့္ေပးတာေတြ လုပ္ေပးပါတယ္။ ဒဏ္ရာျပင္းျပင္းထန္ထန္ရတဲ့သူေတာ့ မရွိပါဘူး” ဟု ေျပာႀကားသည္။
အဆိုပါ မီးေလာင္မႈျဖစ္စဥ္ႏွင့္ ပတ္သက္၍ ဟသၤာတၿမိဳ႕၊ အမွတ္(၁)ၿမိဳ႕မရဲစခန္းမွ တာ၀န္မွဴး ဒုရဲအုပ္ဟန္၀င္းထြန္းက တရားလိုျပဳလုပ္ကာ ေက်ာင္းေစာင့္အမ်ိဳးသားကို (ပ)၄/၂၀၁၆၊ ျပစ္မႈပုဒ္မ ၂၈၅ ျဖင့္ အမႈဖြင့္ထားေႀကာင္း သိရသည္။
Writer:
ေအာင္ေက်ာ္မ်ိဳး(ဟသၤာတ)
EMG
.............
ကျောင်းဆောင်အတွင်း လျှပ်စစ်မီး အပူလွန်ကဲရာမှ ဟင်္သာတမြို့၊ တာကလေးရပ်ကွက်ရှိ အမှတ် (၂) အခြေခံပညာ မူလတန်းလွန်ကျောင်း၌ မီးလောင်မှု ဖြစ်ပွား
Published on Sun, 01/03/2016 - 17:54
ကျောင်းဆောင်အတွင်း လျှပ်စစ်မီး အပူလွန်ကဲရာမှ ဟင်္သာတမြို့၊ တာကလေးရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ဇန်နဝါရီလ ၃ ရက်၊ နေ့လယ်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မီးသတ်ဌာနကို ညနေ ၃ နာရီခွဲမှာ မီးလောင်တဲ့သတင်း ၀င်လာတယ်။ မီးလောင်တဲ့အချိန် ကျောင်းထဲမှာ လူမရှိဘူး။ ကျောင်းပိတ်ထားချိန်မှာ မီးဖွင့်ထားခဲ့တဲ့ အနေအထား ဖြစ်ပါတယ်။ ကျောင်းခန်းထဲမှာ ထွန်းထားတဲ့ မီးချောင်းချုပ်က အပူလွန်ကဲပြီး မီးလောင်ခဲ့တာပါ။ ကား ၅ စီး အရင်ဆုံး ထွက်တယ်။ ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ ကျောင်းထဲမှာ မီးက လှိုက်လောင်ပြီး အပြင်ကို မီးတောက်တွေ ထွက်နေပြီ။ ဘေးအဆောင်တွေကိုလည်း ကူးစက်ဖို့ စတင်နေပြီ။ အဲဒီ့အချိန်မှာ ရောက်ရောက်ချင်း ကားကို ဘယ်ညာညှပ် နေရာယူပြီး မီးထပ်မပြန့်အောင် ငြိမ်းသတ်ပါတယ်။ မီးက ကြီးလို့ ရှိတဲ့ကား ၁၁ စီးလုံးလာဖို့ တာဝန်ပေးခဲ့တယ်။ မီးငြိှမ်းသတ်ရေးယာဉ် ၉ စီးနဲ့ ရေသယ်ယာဉ် ၂ စီး လာရောက်ပြီး မီးငြိှမ်းသတ်ပါတယ်။ အရန် မီးသတ်တပ်ဖွဲ့ဝင် အင်အား ၁၀၀၊ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင် အင်အား ၃၀ နဲ့ ၀ိုင်းဝန်းပြီး ငြိှမ်းသတ်ခဲ့ပါတယ်” ဟု ဟင်္သာတခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနောင်က ပြောကြားသည်။
ဟင်္သာတမြို့နယ် ကြက်ခြေနီသူနာပြုတပ်ရင်းမှ တပ်ခွဲမှူးကျော်မြင့်ဦးက “ကျွန်တော်တို့က မနက်ဖြန် လွတ်လပ်ရေးနေ့ အခမ်းအနားအတွက် ကြိုတင် ပြင်ဆင်နေချိန်မှာ မီးလောင်တဲ့သတင်းကြားလို့ ထွက်လာခဲ့တာ။ နောက်ပိုင်းမှာ မီးက တဖြည်းဖြည်းနဲ့ များလာတယ်။ မီးသတ်တပ်ဖွဲ့နဲ့ အားလုံးဝိုင်းပြီး မီးငြှိမ်းသတ်နေချိန်မှာ သွပ်ရှဒဏ်ရာရတဲ့သူတချို့ရှိတယ်။ မီးက အထဲမှာ လှိုက်လောင်နေလို့ သော့ပိတ်ထားတဲ့မှန်တွေ ရိုက်ခွဲပြီး အရေးပေါ် ၀င်ရတော့ မှန်ကွဲရှတဲ့သူတချို့ရှိတယ်။ အဲဒီ့လူတွေကို ရှေးဦးပြုစုမှုအနေနဲ့ ဆေးထည့်ပေးတာတွေ လုပ်ပေးပါတယ်။ ဒဏ်ရာပြင်းပြင်းထန်ထန်ရတဲ့သူတော့ မရှိပါဘူး” ဟု ပြောကြားသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဟင်္သာတမြို့၊ အမှတ်(၁)မြို့မရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်ဟန်ဝင်းထွန်းက တရားလိုပြုလုပ်ကာ ကျောင်းစောင့်အမျိုးသားကို (ပ)၄/၂၀၁၆၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
Writer:
အောင်ကျော်မျိုး(ဟင်္သာတ)
EMG