Sunday, January 3, 2016
(ဒဿနိက)၊ဆလိုင်းထန်းလွန်း၊ဆလိုင်းဘီးနေကျိုးထာ၊ဆလိုင်းအာလ်တူးထန်၊
ဆလိုင်းဘီဇစာ တို့နှင့်အတူရှိနေစဉ် အမည်မသိလူငယ်(၁၅)ဦးခန့်၎င်းတို့အဆောင်ရှေ့သို့ ရောက်ရှိလာပြီး အော်ဟစ်ဆဲဆိုကာ အသင့်ပါလာ သော အုတ်ခဲများနှင့်ဝိုင်းဝန်းပစ်ပေါက်သဖြင့် အဆောင်ပြုတင်းပေါက်တစ်ချို့ ပျက်ဆီးခဲ့ပြီးတန်ဘိုးကျပ်(၂၀၀၀၀)ခန့်ဆုံရှုံးခဲ့ကြောင်း၊
အဆောင်အတွင်းရှိသော Bo Au 018 YUNDE-125 အနက်ရောင်ဆိုင်ကယ်မှာလည်းခေါင်းခြမ်းကြေကွဲ ကာတန်ဘိုးကျပ်(၂၀၀၀၀)ခန့်ဆုံးရှုံးခြင်း၊
၄၉ယ/၇၉၂၂၄ ဒါရန်း ၁၂၅ ခဲနက်ရောင်ဆိုင်ကယ်တွင် ရှေ့ဝဲဘက်ရင်အုံကွဲ ကာတန်းဘိုးကျပ်(၁၀၀၀၀)ခန့်ဆုံးရှုံးခြင်း နှင့်
၄၈ယ/၉၆၁၁၂ YAMAHA 150 အနက်ရောင်ဆိုင်ကယ်တွင် တိုင်ကီအဖုံးကာဗာကွဲ ၍တန်ဘိုးကျပ်(၂၀၀၀၀)ခန့်ပျက်ဆီးဆုံးရှုံးခြင်းများဖြစ်ပေါ်ခဲ့ကြောင်း၊
ယင်းဖြစ်စဉ်နှင့်ပက်သက်၍ အမည်မသိလူငယ်(၁၅)ဦးအားစုံးစမ်းဖော်ထုတ်အရေးယူပေးရန် ဇန်နဝါရီ(၂)ရက်နေ့တွင် မောင်ဘဇမင် ကတရားလိုပြု တိုင်ကြားခဲ့သောကြောင့် ပခုက္ကူမြို့နယ်၊မြို့မရဲစခန်းမှ (ပ)၅/၂၀၁၆၊ပုဒ်မ ၃၂၄/၃၃၆/၂၉၄/၄၂၇ တို့ဖြင့်အမှုဖွင့်ထားသည်ဟုလည်း၎င်းကဆိုသည်။
Kanbawza Tai News Journal
............
ပခုက္ကူမြို့တွင် အမည်မသိလူ ၁၅ ဦးခန့်က တက္ကသိုလ်ကျောင်းသားများ နေသောအဆောင်ကို ၀ိုင်းဝန်းတိုက်ခိုက်၊ အမည်မသိသူ ၁ ဦးက ဓါးခုတ်ဖြင့်ခုတ်၍ တက္ကသိုလ်ကျောင်းသား ၃ ဦး ဒဏ်ရာရ
Sunday, January 3, 2016
၂၀၁၅ခုနှစ်ဒီဇင်ဘာ(၃၁) ရက်နေ့ညပိုင်းကပခုက္ကူမြို့၊အမှတ်(၁၁)ရပ်ကွက်ရှိ တက္ကသိုလ်ကျောင်းသားများနေထိုင်သောအဆောင်သို့ အမည်မသိလူငယ်တစ်စုရောက်ရှိလာပြီး၊ အဆောင်အားခဲ့ဖြင့်ထုသည့်အပြင်၊အဆောင်နေတက္ကသိုလ် ကျောင်းသားများကိုလည်းဓါးဖြင့်ခုတ်ခဲ့သဖြင့်၊ ပြစ်မှုကျူးလွန်သူများကိုအရေးယူပေးရန် ဓါးခုတ်ခံရသူကျောင်းသားများထဲမှတစ်ဦးကဇန်နဝါရီလ ၂ ရက်နေ့တွင်တိုင်ကြားခဲ့ကြောင်း
ပခုက္ကူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှတာဝန်ကျရဲဝန်ထမ်းတစ်ဦးကဇန်နဝါရီလ ၃ ရက်နေ့တွင် ကမ္ဘောဇတိုင်းသတင်းဂျာနယ်သို့ပြောသည်။
၂၀၁၅ခုနှစ်ဒီဇင်ဘာ(၃၁)ရက်နေ့ည(၉)နာ(၄၀)မိနစ်အချိန်က မောင်ဘဇမင်၊အသက်(၂၀)နှစ်၊တနှစ်(ပထဝီ)၊ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ကိတ်နားရွာနေသူသည် ပခုက္ကူမြို့၊အမှတ်(၁၁)ရပ် ကွက်ရှိ မြတ်စုမွန်အဆောင်၌ သူငယ်ခြင်းများဖြစ်ကြသော မောင်ခွာဇပိုင်၊အသက်(၁၉)နှစ်၊
ဒုနှစ်(ပထဝီ)၊မောင်စိန်ဇစန်း၊ အသက်(၁၈)နှစ်၊ပနှစ်
(ဒဿနိက)၊ဆလိုင်းထန်းလွန်း၊ဆလိုင်းဘီးနေကျိုးထာ၊ဆလိုင်းအာလ်တူူးထန်၊
ဆလိုင်းဘီဇစာ တို့နှင့်အတူရှိနေစဉ် အမည်မသိလူူငယ်(၁၅)ဦးခန့်၎င်းတို့အဆောင်ရှေ့သို့ ရောက်ရှိလာပြီး အော်ဟစ်ဆဲဆိုကာ အသင့်ပါလာ သော အုတ်ခဲများနှင့်ဝိုင်းဝန်းပစ်ပေါက်သဖြင့် အဆောင်ပြုတင်းပေါက်တစ်ချို့ ပျက်ဆီးခဲ့ပြီးတန်ဘိုးကျပ်(၂၀၀၀၀)ခန့်ဆုံရှုံ းခဲ့ကြောင်း၊
အဆောင်အတွင်းရှိသော Bo Au 018 YUNDE-125 အနက်ရောင်ဆိုင်ကယ်မှာလည်းခေါင်းခြမ်းကြေကွဲ ကာတန်ဘိုးကျပ်(၂၀၀၀၀)ခန့်ဆုံးရှံုးခြင်း၊
၄၉ယ/၇၉၂၂၄ ဒါရန်း ၁၂၅ ခဲနက်ရောင်ဆိုင်ကယ်တွင် ရှေ့ဝဲဘက်ရင်အုံကွဲ ကာတန်းဘိုးကျပ်(၁၀၀၀၀)ခန့်ဆုံးရှံုးခြင်း နှင့်
၄၈ယ/၉၆၁၁၂ YAMAHA 150 အနက်ရောင်ဆိုင်ကယ်တွင် တိုင်ကီအဖုံးကာဗာကွဲ ၍တန်ဘိုးကျပ်(၂၀၀၀၀)ခန့်ပျက်ဆီးဆုံးရှံုးခြင်းများဖြစ်ပေါ်ခဲ့ကြောင်း၊
ခဲနှင့်ပေါက်သူများ ထွက်ပြေးသွားသဖြင့် အဆောင်အတွင်းရှိသူငယ်ချင်းများနှင့်အတူ ပြေးလိုက်သွားခဲ့ရာ အမည်မသိလူငယ်(၁)ဦးမှ အရိုးအသွား(၁)တောင်ခန့်ရှိ ဓါးရှည်နှင့်ခုတ်ခဲ့၍ မောင်ဘဇမင်တွင် ဝဲ/ယာလက်မပြတ်ရှဒဏ်ရာ(မစိုးရိမ်ရ)၊ မောင်စိန်ဇစန်းတွင် ဝဲတံတောင်ပြတ်ရှဒဏ်ရာ)(မစိုးရိမ်ရ)နှင့် မောင်ခွာဇပိုင်တွင် ဦးခေါင်းဝဲဘက်ပြတ်ရှ၊လည်ပင်းယာဘက်ပြတ်ရှ၊ ဝဲလက်ဖျံ ပြတ်ရှ(မစိုးရိမ်ရ)ဒဏ်ရာအသီးသီးရရှိခဲ့ကြောင်းတရားလို၏ တိုင်ကြားချက်အရသိရသည်ဟု အဆိုပါတာဝန်ကျရဲဝန်ထမ်းကပြောသည်။
ယင်းဖြစ်စဉ်နှင့်ပက်သက်၍ အမည်မသိလူငယ်(၁၅)ဦးအားစုံးစမ်းဖော်ထုတ်အရေးယူပေးရန် ဇန်နဝါရီ(၂)ရက်နေ့တွင် မောင်ဘဇမင် ကတရားလိုပြု တိုင်ကြားခဲ့သောကြောင့် ပခုက္ကူမြို့နယ်၊မြို့မရဲစခန်းမှ (ပ)၅/၂၀၁၆၊ပုဒ်မ ၃၂၄/၃၃၆/၂၉၄/၄၂၇ တို့ဖြင့်အမှုဖွင့်ထားသည်ဟုလည်း၄င်းကဆိုသည်။
စဝ်မြတ်ကြည်ကြည်ဟုန်း