Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဦးသိန္းစိန္ကို ဘယ္သူေတြ လက္ေဆာင္ေပးသလဲ

$
0
0
အေတြးအျမင္  ေဆာင္းပါး
မင္းမင္း
ေနျပည္ေတာ္၊ ဇန္န၀ါရီ ၃ ။ ။ သမၼတဦးသိန္းစိန္၏ ႏိုင္ငံတစ္ကာမွ ရရွိထားေသာ လက္ေဆာင္ပစၥည္းျပခန္း ထားရွိရာ အမ်ိဳးသားျပတိုက္သည္ ဥတၱရသီရိၿမိဳ႕နယ္အတြင္းရွိ ရွစ္လမ္းသြားကတၱရာလမ္းမႀကီးျဖစ္ေသာ ရာဇသဂၤဟလမ္းေဘးႏွင့္ ကုမုျဒာၾကာပန္းအ၀ိုင္းအနီးရွိ ေျမဧကအက်ယ္ ၃၅ဒႆမ၁၉ဧကေပၚတြင္ တည္ရွိၿပီး ျပတိုက္၏ ဝင္ေပါက္ႏွင့္ ထြက္ေပါက္တို႔တြင္ ရဲတပ္ဖြဲ႔၀င္တစ္ဦးစီက လံုၿခံဳေရးယူထားၾကသည္။

ျပတိုက္အေဆာက္အဦးထဲသို႔ ဝင္ဝင္င္ခ်င္း အျပာေရာင္ယူနီေဖာင္းဝတ္ဆင္ထားေသာ အမ်ိဳးသမီးႏွစ္ဦး ညႊန္ျပလိုက္သည့္ ညာဘက္လမ္းသြယ္သို႔ ခ်ိဳးဝင္လိုက္သည့္အခါ ကၽြန္းတံခါးမ်ားျဖင့္ ျပဳလုပ္ထားသည့္ ျပခန္းအတြင္းသို႔ ကၽြန္ေတာ္ ဝင္ေရာက္ႏုိင္ရန္ ျပခန္းတာ၀န္ခံအမ်ိဳးသမီးက တံခါးဖြင့္ေပးကာ အၿပံဳးျဖင့္ ဆီးႀကိဳသည္။

“လက္ေဆာင္ပစၥည္းေတြကို သူ႔အိမ္မွာထားလည္း ဖုန္တက္တာပဲရွိမယ္။ ဘယ္သူမွ ျမင္ရမွာ မဟုတ္ဘူးေလ။ အခုလို ျပခန္းနဲ႔ထားလိုက္ေတာ့ ေနာင္လာေနာက္သားေတြလည္း ေတြ႔ရမယ္ဆိုတဲ့ သမၼတႀကီးရဲ့ အိုက္ဒီယာ(အေတြးအေခၚ)ေပါ့” ဟု ျပခန္းထားရွိသည့္ ဦးသိန္းစိန္၏ စိတ္ကူးကို ျပခန္း၏ အလွည့္က်တာ၀န္ခံ အမ်ိဳးသမီးက ေျပာျပသည္။

ေပ ၅၀x ေပ ၃၀ခန္႔ က်ယ္၀န္းေသာ ျပခန္းထဲသို႔ ၀င္လိုက္သည္ႏွင့္ ျပခန္း၏ နံရံတြင္ အေမရိကန္သမၼတ အိုဘားမားအပါအဝင္ အာဆီယံေခါင္းေဆာင္ႀကီးမ်ားႏွင့္ သမၼတဦးသိန္းစိန္တုိ႔ ၂၀၁၄ခုႏွစ္က ေနျပည္ေတာ္တြင္ ျပဳလုပ္သည့္ ၂၅ႀကိမ္ေျမာက္၊ အာဆီယံ ထိပ္သီးညီလာခံတြင္ ယွဥ္တြဲ႐ိုက္ကူးထားေသာပံု ျဖစ္သည္။

ျပခန္းအတြင္း ႏိုင္ငံေပါင္း အနည္းဆံုး ၁၀ႏုိင္ငံမွ သမၼတဦးသိန္းစိန္ထံေပးထားသည့္ လက္ေဆာင္ပစၥည္းေပါင္း ၆၃မ်ိဳးအနက္ တ႐ုတ္ႏုိင္ငံမွ ခ်စ္ၾကည္ေရးလက္ေဆာင္အျဖစ္ေပးသည့္ လက္ေဆာင္မ်ား အမ်ားဆံုးရွိေနသည္ကို ကၽြန္ေတာ္ သတိထားမိလိုက္သည္။

မွန္ေဘာင္တစ္ခုခ်င္းစီျဖင့္ ေသာ့ခတ္ခ်ိတ္ပိတ္ကာ ျပသထားေသာ လက္ေဆာင္ပစၥည္းမ်ားအနက္ အထူးျခားဆံုးမွာ ကမၻာလံုးပံုစံ အခ်င္း ၁၂လက္မခန္႔ အလံုးကို နဂါးမ်ား ပတ္ေနသည့္ တ႐ုတ္ႏုိင္ငံမွ ျမန္မာသမၼတသို႔ ေပးအပ္ထားေသာ လက္ေဆာင္ကို ခမ္းနားစြာေတြ႔ရသည္။

“အဲ့ဒါ ကမၻာလံုးကို နဂါးကိုးေကာင္က ပတ္ေနတာပါ။ ေရႊအစစ္နဲ႔ လုပ္ထားတာေတာ့ မဟုတ္ပါဘူး” ဟု ျပတိုက္တာဝန္ခံ အမ်ိဳးသမီးက ရွင္းျပသည္။

လက္ေဆာင္ပစၥည္းမ်ားတြင္ တ႐ုတ္၊ ထိုင္း၊ အိႏၵိယ၊ ဂ်ပန္၊ ကိုရီးယားစသည့္ႏိုင္ငံမ်ားမွ လက္ေဆာင္မ်ားကိုသာ ေတြ႔ရၿပီး အေမရိကန္၊ ႐ုရွားႏွင့္ ၿဗိတိန္ႏုိင္ငံမ်ားမွ လက္ေဆာင္ပစၥည္းမ်ားကိုမူ မေတြ႔ရေပ။ သမၼတဦးသိန္းစိန္သည္ သူ႔သက္တမ္းအတြင္း အေမရိကန္သမၼတ အိုဘားမား၊ ၿဗိတိန္၀န္ႀကီးခ်ဳပ္ ကင္မရြန္းတို႔ႏွင့္ ေနျပည္ေတာ္တြင္ ေတြ႔ဆံုခဲ့ေသာ္လည္း ျပခန္းအတြင္းရွိ လက္ေဆာင္ပစၥည္းမ်ားတြင္ အဆိုပါ ပုဂၢိဳလ္မ်ားေပးအပ္သည့္ လက္ေဆာင္ပစၥည္းမ်ား မေတြ႔ခဲ့ရေပ။

ျပခန္းအတြင္း ထပ္မံေတြ႔ရသည့္ ပစၥည္းမ်ားအနက္၂၀၁၅ခုႏွစ္၊ ေအာက္တိုဘာ ၁၅ရက္တြင္ တိုင္းရင္းသားေတာ္လွန္ေရးလက္နက္ကိုင္အဖြဲ႔အစည္း(၈)ဖြဲ႔ႏွင့္ NCAစာခ်ဳပ္တြင္ လက္မွတ္ေရးထုိးစဥ္က သမၼတႏွင့္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္တို႔ လက္မွတ္ေရးထိုးခဲ့ေသာ ေဘာလ္ပင္မ်ားကို မွန္ေဘာင္အတြင္း ထည့္သြင္း ျပသထားေသးသည္။

အဆိုပါ ေဘာလ္ပင္ႏွစ္ေခ်ာင္းအနက္ လံုးပတ္ပိုေသးေသာ ေဘာလ္ပင္မွာ သမၼတဦးသိန္းစိန္ လက္မွတ္ေရးထိုးခဲ့ေသာ ေဘာလ္ပင္ျဖစ္ၿပီး လံုးပတ္ပိုႀကီးေသာ ေဘာလ္ပင္မွာမူ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ NCAစာခ်ဳပ္တြင္ လက္မွတ္ေရးထိုးသည့္ ေဘာလ္ပင္ျဖစ္ေၾကာင္း သိရသည္။

ျပခန္းအတြင္း လွည့္ပတ္ၾကည့္ေနစဥ္ ကၽြန္ေတာ့အေတြးထဲ ၀င္လာသည္က လမ္းျပေျမပံု ေရးဆြဲခဲ့သူ ဦးခင္ၫြန္႔ အေမြေကာင္းေပးခဲ့သူဟု အဆိုရွိသူ ဦးသန္းေရႊတို႔မွ  ဦးသိန္းစိန္ကို မည္သည့္ လက္ေဆာင္မ်ား ေပးမည္လဲဟူသည့္ အေတြးပင္ျဖစ္သည္။

ေပ ၅၀x ေပ ၃၀ခန္႔အက်ယ္ရွိေသာ အလင္းေရာင္ေကာင္းစြာရသည့္ အျဖဴေရာင္မီးလံုး အလံုး၅၀ခန္႔ ထြန္းထားေသာ ျပခန္းအတြင္းတြင္ အဆိုပါ ပုဂၢိဳလ္မ်ားေပးထားေသာ မည္သည့္ လက္ေဆာင္ပစၥည္းကိုမွ် မေတြ႔ရေပ။

ျပခန္းတာ၀န္ခံ၏ ေျပာဆိုခ်က္အရ သမၼတဦးသိန္းစိန္၏ လက္ေဆာင္ပစၥည္းမ်ားျပခန္းသည္ ပံုေသမဟုတ္ဘဲ ျမန္မာႏုိင္ငံသမၼတအဆက္ဆက္၏ အသံုးအေဆာင္ပစၥည္းမ်ားႏွင့္ သမၼတဦးသိန္းစိန္ရရွိထားသည့္ လက္ေဆာင္ပစၥည္းမ်ားကို အျခားအခန္းတစ္ခုတြင္ ယွဥ္တြဲထားရန္ ယဥ္ေက်းမႈ၀န္ႀကီးဌာနက စီစဥ္ေနသည္ဟု သိရသည္။

သမၼတအဆက္ဆက္သံုးစြဲခဲ့သည့္ အသံုးအေဆာင္ပစၥည္းမ်ားကို ၀န္ႀကီးဌာနက လိုက္လံစုေဆာင္းလ်က္ရွိၿပီး ပစၥည္းတစ္ခ်ိဳ႕လည္း ရရွိထားၿပီဟု ျပခန္းတာ၀န္ခံက ဆိုသည္။

သူ႔သက္တမ္းအတြင္း ႏိုင္ငံတကာမွ လက္ေဆာင္ရရွိထားသည့္ ပစၥည္းမ်ားကို ျပခန္းျဖင့္ ျပသထားေသာ ဦးသိန္းစိန္သည္ လာမည့္ မတ္လ ၃၀ရက္တြင္ သမၼတရာထူးကို အဆံုးသတ္ေတာ့မည္ျဖစ္သည္။

“ဒီၾကားထဲ ထပ္ရတဲ့ လက္ေဆာင္ပစၥည္းေတြကိုလည္း ဒီမွာပဲ လာထားေပးမယ္လို႔ သမၼတႀကီးက ေျပာထားတယ္” ဟု ျပခန္းတာ၀န္ခံက စိတ္ရွည္လက္ရွည္ ရွင္းျပသည္။

အမ်ိဳးသားျပတိုက္(ေနျပည္ေတာ္)ရွိ သမၼတ၏ လက္ေဆာင္ပစၥည္းမ်ားျပခန္းမွအျပန္ ကၽြန္ေတာ့အေတြးထဲ ၀င္လာသည့္အေၾကာင္းအရာမွာ ႏိုင္ငံတစ္ကာမွ ရရွိထားသည့္ လက္ေဆာင္ပစၥည္းမ်ားကို ျပခန္းျဖင့္ ျပသထားေသာ သမၼတဦးသိန္းစိန္အေနျဖင့္ ႏုိင္ငံတစ္ကာကိုလည္း မည္သည့္ လက္ေဆာင္မ်ား ျပန္ေပးခဲ့ရသလဲဟူသည့္ အေတြးပင္ ျဖစ္သည္။

(ျပခန္းအတြင္းရွိ လက္ေဆာင္ပစၥည္းမ်ားကို https://www.facebook.com/media/set/…တြင္ အေသးစိတ္ၾကည့္႐ႈႏုိင္ပါသည္)

- See more at: http://mizzimaburmese.com/article/9365#sthash.hQTHrcO6.6gyKYURg.dpuf
.....................
ဦးသိန်းစိန်ကို ဘယ်သူတွေ လက်ဆောင်ပေးသလဲ
အတွေးအမြင်  ဆောင်းပါး
မင်းမင်း
နေပြည်တော်၊ ဇန်နဝါရီ ၃ ။ ။ သမ္မတဦးသိန်းစိန်၏ နိုင်ငံတစ်ကာမှ ရရှိထားသော လက်ဆောင်ပစ္စည်းပြခန်း ထားရှိရာ အမျိုးသားပြတိုက်သည် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ရှစ်လမ်းသွားကတ္တရာလမ်းမကြီးဖြစ်သော ရာဇသင်္ဂဟလမ်းဘေးနှင့် ကုမုဒြာကြာပန်းအဝိုင်းအနီးရှိ မြေဧကအကျယ် ၃၅ဒဿမ၁၉ဧကပေါ်တွင် တည်ရှိပြီး ပြတိုက်၏ ဝင်ပေါက်နှင့် ထွက်ပေါက်တို့တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးစီက လုံခြုံရေးယူထားကြသည်။

ပြတိုက်အဆောက်အဦးထဲသို့ ဝင်ဝင်င်ချင်း အပြာရောင်ယူနီဖောင်းဝတ်ဆင်ထားသော အမျိုးသမီးနှစ်ဦး ညွှန်ပြလိုက်သည့် ညာဘက်လမ်းသွယ်သို့ ချိုးဝင်လိုက်သည့်အခါ ကျွန်းတံခါးများဖြင့် ပြုလုပ်ထားသည့် ပြခန်းအတွင်းသို့ ကျွန်တော် ဝင်ရောက်နိုင်ရန် ပြခန်းတာဝန်ခံအမျိုးသမီးက တံခါးဖွင့်ပေးကာ အပြံုးဖြင့် ဆီးကြိုသည်။

“လက်ဆောင်ပစ္စည်းတွေကို သူ့အိမ်မှာထားလည်း ဖုန်တက်တာပဲရှိမယ်။ ဘယ်သူမှ မြင်ရမှာ မဟုတ်ဘူးလေ။ အခုလို ပြခန်းနဲ့ထားလိုက်တော့ နောင်လာနောက်သားတွေလည်း တွေ့ရမယ်ဆိုတဲ့ သမ္မတကြီးရဲ့ အိုက်ဒီယာ(အတွေးအခေါ်)ပေါ့” ဟု ပြခန်းထားရှိသည့် ဦးသိန်းစိန်၏ စိတ်ကူးကို ပြခန်း၏ အလှည့်ကျတာဝန်ခံ အမျိုးသမီးက ပြောပြသည်။

ပေ ၅၀x ပေ ၃၀ခန့် ကျယ်ဝန်းသော ပြခန်းထဲသို့ ၀င်လိုက်သည်နှင့် ပြခန်း၏ နံရံတွင် အမေရိကန်သမ္မတ အိုဘားမားအပါအဝင် အာဆီယံခေါင်းဆောင်ကြီးများနှင့် သမ္မတဦးသိန်းစိန်တို့ ၂၀၁၄ခုနှစ်က နေပြည်တော်တွင် ပြုလုပ်သည့် ၂၅ကြိမ်မြောက်၊ အာဆီယံ ထိပ်သီးညီလာခံတွင် ယှဉ်တွဲရိုက်ကူးထားသောပုံ ဖြစ်သည်။

ပြခန်းအတွင်း နိုင်ငံပေါင်း အနည်းဆုံး ၁၀နိုင်ငံမှ သမ္မတဦးသိန်းစိန်ထံပေးထားသည့် လက်ဆောင်ပစ္စည်းပေါင်း ၆၃မျိုးအနက် တရုတ်နိုင်ငံမှ ချစ်ကြည်ရေးလက်ဆောင်အဖြစ်ပေးသည့် လက်ဆောင်များ အများဆုံးရှိနေသည်ကို ကျွန်တော် သတိထားမိလိုက်သည်။

မှန်ဘောင်တစ်ခုချင်းစီဖြင့် သော့ခတ်ချိတ်ပိတ်ကာ ပြသထားသော လက်ဆောင်ပစ္စည်းများအနက် အထူးခြားဆုံးမှာ ကမ္ဘာလုံးပုံစံ အချင်း ၁၂လက်မခန့် အလုံးကို နဂါးများ ပတ်နေသည့် တရုတ်နိုင်ငံမှ မြန်မာသမ္မတသို့ ပေးအပ်ထားသော လက်ဆောင်ကို ခမ်းနားစွာတွေ့ရသည်။

“အဲ့ဒါ ကမ္ဘာလုံးကို နဂါးကိုးကောင်က ပတ်နေတာပါ။ ရွှေအစစ်နဲ့ လုပ်ထားတာတော့ မဟုတ်ပါဘူး” ဟု ပြတိုက်တာဝန်ခံ အမျိုးသမီးက ရှင်းပြသည်။

လက်ဆောင်ပစ္စည်းများတွင် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယားစသည့်နိုင်ငံများမှ လက်ဆောင်များကိုသာ တွေ့ရပြီး အမေရိကန်၊ ရုရှားနှင့် ဗြိတိန်နိုင်ငံများမှ လက်ဆောင်ပစ္စည်းများကိုမူ မတွေ့ရပေ။ သမ္မတဦးသိန်းစိန်သည် သူ့သက်တမ်းအတွင်း အမေရိကန်သမ္မတ အိုဘားမား၊ ဗြိတိန်ဝန်ကြီးချုပ် ကင်မရွန်းတို့နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သော်လည်း ပြခန်းအတွင်းရှိ လက်ဆောင်ပစ္စည်းများတွင် အဆိုပါ ပုဂ္ဂိုလ်များပေးအပ်သည့် လက်ဆောင်ပစ္စည်းများ မတွေ့ခဲ့ရပေ။

ပြခန်းအတွင်း ထပ်မံတွေ့ရသည့် ပစ္စည်းများအနက်၂၀၁၅ခုနှစ်၊ အောက်တိုဘာ ၁၅ရက်တွင် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်း(၈)ဖွဲ့နှင့် NCAစာချုပ်တွင် လက်မှတ်ရေးထိုးစဉ်က သမ္မတနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ လက်မှတ်ရေးထိုးခဲ့သော ဘောလ်ပင်များကို မှန်ဘောင်အတွင်း ထည့်သွင်း ပြသထားသေးသည်။

အဆိုပါ ဘောလ်ပင်နှစ်ချောင်းအနက် လုံးပတ်ပိုသေးသော ဘောလ်ပင်မှာ သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုးခဲ့သော ဘောလ်ပင်ဖြစ်ပြီး လုံးပတ်ပိုကြီးသော ဘောလ်ပင်မှာမူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် NCAစာချုပ်တွင် လက်မှတ်ရေးထိုးသည့် ဘောလ်ပင်ဖြစ်ကြောင်း သိရသည်။

ပြခန်းအတွင်း လှည့်ပတ်ကြည့်နေစဉ် ကျွန်တော့အတွေးထဲ ၀င်လာသည်က လမ်းပြမြေပုံ ရေးဆွဲခဲ့သူ ဦးခင်ညွန့် အမွေကောင်းပေးခဲ့သူဟု အဆိုရှိသူ ဦးသန်းရွှေတို့မှ  ဦးသိန်းစိန်ကို မည်သည့် လက်ဆောင်များ ပေးမည်လဲဟူသည့် အတွေးပင်ဖြစ်သည်။

ပေ ၅၀x ပေ ၃၀ခန့်အကျယ်ရှိသော အလင်းရောင်ကောင်းစွာရသည့် အဖြူရောင်မီးလုံး အလုံး၅၀ခန့် ထွန်းထားသော ပြခန်းအတွင်းတွင် အဆိုပါ ပုဂ္ဂိုလ်များပေးထားသော မည်သည့် လက်ဆောင်ပစ္စည်းကိုမျှ မတွေ့ရပေ။

ပြခန်းတာဝန်ခံ၏ ပြောဆိုချက်အရ သမ္မတဦးသိန်းစိန်၏ လက်ဆောင်ပစ္စည်းများပြခန်းသည် ပုံသေမဟုတ်ဘဲ မြန်မာနိုင်ငံသမ္မတအဆက်ဆက်၏ အသုံးအဆောင်ပစ္စည်းများနှင့် သမ္မတဦးသိန်းစိန်ရရှိထားသည့် လက်ဆောင်ပစ္စည်းများကို အခြားအခန်းတစ်ခုတွင် ယှဉ်တွဲထားရန် ယဉ်ကျေးမှုဝန်ကြီးဌာနက စီစဉ်နေသည်ဟု သိရသည်။

သမ္မတအဆက်ဆက်သုံးစွဲခဲ့သည့် အသုံးအဆောင်ပစ္စည်းများကို ၀န်ကြီးဌာနက လိုက်လံစုဆောင်းလျက်ရှိပြီး ပစ္စည်းတစ်ချို့လည်း ရရှိထားပြီဟု ပြခန်းတာဝန်ခံက ဆိုသည်။

သူ့သက်တမ်းအတွင်း နိုင်ငံတကာမှ လက်ဆောင်ရရှိထားသည့် ပစ္စည်းများကို ပြခန်းဖြင့် ပြသထားသော ဦးသိန်းစိန်သည် လာမည့် မတ်လ ၃၀ရက်တွင် သမ္မတရာထူးကို အဆုံးသတ်တော့မည်ဖြစ်သည်။

“ဒီကြားထဲ ထပ်ရတဲ့ လက်ဆောင်ပစ္စည်းတွေကိုလည်း ဒီမှာပဲ လာထားပေးမယ်လို့ သမ္မတကြီးက ပြောထားတယ်” ဟု ပြခန်းတာဝန်ခံက စိတ်ရှည်လက်ရှည် ရှင်းပြသည်။

အမျိုးသားပြတိုက်(နေပြည်တော်)ရှိ သမ္မတ၏ လက်ဆောင်ပစ္စည်းများပြခန်းမှအပြန် ကျွန်တော့အတွေးထဲ ၀င်လာသည့်အကြောင်းအရာမှာ နိုင်ငံတစ်ကာမှ ရရှိထားသည့် လက်ဆောင်ပစ္စည်းများကို ပြခန်းဖြင့် ပြသထားသော သမ္မတဦးသိန်းစိန်အနေဖြင့် နိုင်ငံတစ်ကာကိုလည်း မည်သည့် လက်ဆောင်များ ပြန်ပေးခဲ့ရသလဲဟူသည့် အတွေးပင် ဖြစ်သည်။

(ပြခန်းအတွင်းရှိ လက်ဆောင်ပစ္စည်းများကို https://www.facebook.com/media/set/… တွင် အသေးစိတ်ကြည့်ရှုနိုင်ပါသည်)

- See more at: http://mizzimaburmese.com/article/9365#sthash.hQTHrcO6.6gyKYURg.dpuf

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...