Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ရွမ္းနဲ႔ ပေလာင္လူငယ္ ၁၅ ဦး ျပန္ေပးဆြဲမႈ မိမိတုိ႔လက္ခ်က္ မဟုတ္ေၾကာင္း KIO ျငင္းဆုိ

$
0
0
၂၀ဝ၉ ခုႏွစ္ ေဖေဖာ္ဝါရီလ ၅ ရက္ေန႔က လိုင္ဇာၿမိဳ႕မွာက်င္းပတဲ့ ကခ်င္ေတာ္လွန္ေရးေန႔ အခမ္းအနားမွာ KIO တပ္ဖြဲ႕ဝင္ေတြကို ေတြ႕ရစဥ္။ Photo: RFA
ရွမ္းျပည္ေျမာက္ပိုင္း ကြတ္ခိုင္နဲ႔ မူဆယ္ၿမိဳ႕နယ္အတြင္း ကခ်င္လြတ္ေျမာက္ေရးတပ္ KIA တပ္ဖြဲ႔ေတြက တပ္သားသစ္ေတြ စုေဆာင္းဖုိ႔ ေဒသခံေတြကို ဖမ္းဆီးတယ္ဆိုတာ မဟုတ္မွန္ေၾကာင္း KIO အဖြဲ႔က RFA ကိုေျပာပါတယ္။

KIA တပ္ဖြဲ႔ေတြက ဖမ္းဆီးတာေတြဟာ ဒီဇင္ဘာလကုန္ပိုင္းကျဖစ္ၿပီး အမ်ိဳးသမီးတစ္ဦးအပါအ၀င္ ၁၅ဦးကို ဖမ္းဆီးထားေၾကာင္း အဖမ္းခံရသူေတြဟာ ရွမ္းနဲ႔ ပေလာင္တုိင္းရင္းသားေတြျဖစ္တယ္လို႔ ဆုိပါတယ္။ ဒါ႔အျပင္ ၿမိဳ႕နယ္အတြင္း တစ္ရြာကို လူႏွစ္ဦးက် ေတာင္းခံတဲ့စာေတြ ျဖန္႔ေ၀ခဲ႔တယ္လို႔ ဆိုပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး KIO နည္းပညာေကာ္မတီ ေျပာေရးဆိုခြင့္ရွိသူ ဦးေဒါင္းခါးက ျငင္းဆိုပါတယ္။

"က်ေနာ္တို႔ ေကအိုင္အို စစ္သားစုေဆာင္းေရးက ထုတ္တဲ့စာ ထံုးတမ္းဓေလ့မရွိဘူးခင္ဗ်၊ မိုးညွင္းတိုက္ပြဲေနာက္ပိုင္းမွာ စစ္သားစုေဆာင္းတာမ်ဳိးေတြ လံုးဝမလုပ္ေတာ့ဘူး၊ ဘာျဖစ္လို႔လဲဆိုေတာ့ စစ္သားစုေဆာင္းတာ မဟုတ္ေပမယ့္လည္း စုေဆာင္းတယ္ဆိုတ့ဲဟာမ်ဳိးေတြ က်ေနာ္တို႔ အၿမဲတမ္းစြပ္စြဲခံရတယ္ေလ၊ ဒီအခ်ိန္အခါမွ အားလံုးထိလြယ္ရွလြယ္တဲ့အတြက္ေၾကာင့္မို႔ ေခတၱယာယီရပ္ဆိုင္းတဲ့ အေနအထားေတြ က်ေနာ္တို႔ဆီမွာရွိတယ္"

ဒါ႔အျပင္ KIA တပ္ဖြဲ႔အတြင္း ကခ်င္လူမ်ိဳးကလြဲၿပီး တျခား တိုင္းရင္းသားေတြကို လက္ခံျခင္းမရွိဘူးလို႔ ဆိုပါတယ္။

ကြတ္ခိုင္နဲ႔ မူဆယ္ၿမိဳ႕နယ္ေတြဟာ KIA တပ္မဟာ၄နယ္ေျမျဖစ္ၿပီး အဲဒီေဒသအတြင္း တျခားလက္နက္ကိုင္ အဖြဲ႔ေတြလည္း လႈပ္ရွားေနတာျဖစ္တယ္လို႔ ဦးေဒါင္းခါးက ေျပာပါတယ္။

SLND ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ကေတာ့ ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္နဲ႔ မူဆယ္ၿမိဳ႕နယ္က ေက်းရြာေတြမွာ ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္ KIA က ရြာသားေတြကို တပ္သားသစ္အျဖစ္ အဓမၼ ဖမ္းဆီးထားတာေတြကို အျမန္ဆံုးျပန္လႊတ္ေပးဖို႔ မေန႔က ေၾကညာခ်က္ထုတ္ျပန္ ေတာင္းဆိုထားပါတယ္။ ကြတ္ခိုင္နဲ႔ မူဆယ္ၿမိဳ႕နယ္ထဲမွာ KIA တပ္မဟာ ၄ လႈပ္ရွားတဲ့နယ္ေျမျဖစ္ၿပီး တစ္ရြာ ႏွစ္ေယာက္ႏႈန္း တပ္သားသစ္ေပးဖို႔ ရြာသူႀကီးေတြဆီ KIA ရဲ႕ ရံုးတံံဆိပ္ပါ စာရြက္ေတြနဲ႔ ေတာင္းဆိုတာျဖစ္တယ္လို႔ SNLD က ေျပာပါတယ္။

ၿငိမ္းခ်မ္းေရး အသြင္ကူးေျပာင္းေရးကာလမွာ အခုလို အဓမၼဖမ္းဆီးၿပီး တပ္သားသစ္ စုေဆာင္းမႈကို ကန္႔ကြက္ရႈတ္ခ်ေၾကာင္းနဲ႔ ဖမ္းဆီးထားသူေတြကို အျမန္ဆံုး ျပန္လြတ္ေပးဖို႔ SNLD ပါတီရဲ႕ ေၾကညာခ်က္မွာ ေရးသားထားပါတယ္။

RFA Burmese
http://www.rfa.org/burmese
.................
 ၂၀ဝ၉ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့က လိုင်ဇာမြို့မှာကျင်းပတဲ့ ကချင်တော်လှန်ရေးနေ့ အခမ်းအနားမှာ KIO တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်။ Photo: RFA
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်နဲ့ မူဆယ်မြို့နယ်အတွင်း ကချင်လွတ်မြောက်ရေးတပ် KIA တပ်ဖွဲ့တွေက တပ်သားသစ်တွေ စုဆောင်းဖို့ ဒေသခံတွေကို ဖမ်းဆီးတယ်ဆိုတာ မဟုတ်မှန်ကြောင်း KIO အဖွဲ့က RFA ကိုပြောပါတယ်။

KIA တပ်ဖွဲ့တွေက ဖမ်းဆီးတာတွေဟာ ဒီဇင်ဘာလကုန်ပိုင်းကဖြစ်ပြီး အမျိုးသမီးတစ်ဦးအပါအဝင် ၁၅ဦးကို ဖမ်းဆီးထားကြောင်း အဖမ်းခံရသူတွေဟာ ရှမ်းနဲ့ ပလောင်တိုင်းရင်းသားတွေဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြို့နယ်အတွင်း တစ်ရွာကို လူနှစ်ဦးကျ တောင်းခံတဲ့စာတွေ ဖြန့်ဝေခဲ့တယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး KIO နည်းပညာကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်းခါးက ငြင်းဆိုပါတယ်။

"ကျနော်တို့ ကေအိုင်အို စစ်သားစုဆောင်းရေးက ထုတ်တဲ့စာ ထုံးတမ်းဓလေ့မရှိဘူးခင်ဗျ၊ မိုးညှင်းတိုက်ပွဲနောက်ပိုင်းမှာ စစ်သားစုဆောင်းတာမျိုးတွေ လုံးဝမလုပ်တော့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ စစ်သားစုဆောင်းတာ မဟုတ်ပေမယ့်လည်း စုဆောင်းတယ်ဆိုတဲ့ဟာမျိုးတွေ ကျနော်တို့ အမြဲတမ်းစွပ်စွဲခံရတယ်လေ၊ ဒီအချိန်အခါမှ အားလုံးထိလွယ်ရှလွယ်တဲ့အတွက်ကြောင့်မို့ ခေတ္တယာယီရပ်ဆိုင်းတဲ့ အနေအထားတွေ ကျနော်တို့ဆီမှာရှိတယ်"

ဒါ့အပြင် KIA တပ်ဖွဲ့အတွင်း ကချင်လူမျိုးကလွဲပြီး တခြား တိုင်းရင်းသားတွေကို လက်ခံခြင်းမရှိဘူးလို့ ဆိုပါတယ်။

ကွတ်ခိုင်နဲ့ မူဆယ်မြို့နယ်တွေဟာ KIA တပ်မဟာ၄နယ်မြေဖြစ်ပြီး အဲဒီဒေသအတွင်း တခြားလက်နက်ကိုင် အဖွဲ့တွေလည်း လှုပ်ရှားနေတာဖြစ်တယ်လို့ ဦးဒေါင်းခါးက ပြောပါတယ်။

SLND ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နဲ့ မူဆယ်မြို့နယ်က ကျေးရွာတွေမှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ရွာသားတွေကို တပ်သားသစ်အဖြစ် အဓမ္မ ဖမ်းဆီးထားတာတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ မနေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။ ကွတ်ခိုင်နဲ့ မူဆယ်မြို့နယ်ထဲမှာ KIA တပ်မဟာ ၄ လှုပ်ရှားတဲ့နယ်မြေဖြစ်ပြီး တစ်ရွာ နှစ်ယောက်နှုန်း တပ်သားသစ်ပေးဖို့ ရွာသူကြီးတွေဆီ KIA ရဲ့ ရုံးတံံဆိပ်ပါ စာရွက်တွေနဲ့ တောင်းဆိုတာဖြစ်တယ်လို့ SNLD က ပြောပါတယ်။

ငြိမ်းချမ်းရေး အသွင်ကူးပြောင်းရေးကာလမှာ အခုလို အဓမ္မဖမ်းဆီးပြီး တပ်သားသစ် စုဆောင်းမှုကို ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ဖမ်းဆီးထားသူတွေကို အမြန်ဆုံး ပြန်လွတ်ပေးဖို့ SNLD ပါတီရဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>