သတင္း ျပည္တြင္း
မ်ဳိးသူေအာင္
ထိုင္းႏိုင္ငံထုတ္ ဆူပါကာစတန္ ( Pick Up) ကားမ်ားအား ထိုင္းႏိုင္ငံမွာ ေရေၾကာင္းခရီးျဖင့္ ကြန္တိန္နာႏွင့္ တင္ပို႔သည္ကို ရန္ကုန္ၿမိဳ႔ ေအးရွားေ၀ါ ဆိပ္ကမ္းတြင္ ၂၀၁၄ ခုႏွစ္ ဇူလိုင္လ ၂ ရက္က ေတြ႔ရစဥ္။ ဓာတ္ပံု - မဇၥ်ိမ -
ကရင္ျပည္နယ္အတြင္းရိွ လိုင္စင္မဲ့ကားမ်ားကို ဇန္နဝါရီလ ဒုတိယပတ္မွစတင္ ဖမ္းဆီးသိမ္းယူမည့္ကိစၥကို ဆိုင္းငံ့ထားရန္ လႊတ္ေတာ္ကိုယ္စားလွယ္(၃)ဦး လက္မွတ္ေရးထိုး၍ ျပည္နယ္အစိုးရအဖြဲ႔သို႔တင္ျပခဲ့ေၾကာင္း သိရသည္။
အဆိုပါ ကိစၥအား လိႈင္းဘြဲ႔မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေစာသိန္းေအာင္၊ ကရင္ျပည္နယ္ မဲဆႏၵနယ္အမွတ္(၁၂)မွ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးမန္းေအာင္တင္ျမင့္ႏွင့္ ဘားအံမဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚနန္းေစးအြာတို႔က လက္မွတ္ေရးထိုးကာ ဇန္နဝါရီ ၂ရက္က ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ အစိုးရအဖြဲ႔သို႔ အေၾကာင္းၾကားစာ ေပးပို႔ခဲ့ျခင္း ျဖစ္သည္။
"ဒီဘက္မွာက လိုင္စင္မဲ့ ကားေတြပဲအဓိကေလ။ အဲလိုဖမ္းမယ္ဆိုေတာ့ ႏွစ္သစ္ကူးကာလမွာ အမ်ားႀကီး စိတ္အေႏွာင့္အယွက္ျဖစ္တာေပါ့ဗ်ာ။ ျဖစ္ႏိုင္ရင္ အဲဒါေလးဆိုင္းငံ့ေပးဖို႔ ဒီႏွစ္သစ္ကူးပြဲအတြင္းမွာ စိတ္ အေႏွာင့္အယွက္ျဖစ္တယ္။ သြားၾကတာက ဒီကားနဲ႔ပဲ သြားၾကမွာပဲ။ က်န္တဲ့အဖြဲ႔ေတြလည္း ဒီကားေတြနဲ႔ပဲ သြားၾကမွာပဲ။ ႏွစ္သစ္ကူးပြဲေတာ္လာတဲ့လူလည္း ဖမ္းဆီးခံရတယ္ဆိုေတာ့ စိတ္အေႏွာင့္အယွက္ျဖစ္တာေပါ့ေနာ္"ဟု ဦးေစာသိန္းေအာင္က ေျပာသည္။
လိုင္စင္မဲ့ကား ဖမ္းဆီးသိမ္းယူမည့္ကိစၥႏွင့္ ပတ္သက္၍ ဇန္န၀ါရီလ လဆန္းပိုင္းတြင္ ေဒသခံျပည္သူအခ်ိဳ႕က အ သိေပးအေၾကာင္းၾကားလာသည့္အတြက္ ယခုကဲ့သို႔ ေမတၱာရပ္ခံခဲ့ျခင္း ျဖစ္ေၾကာင္းလည္း သိရသည္။
ယင္းကဲ့သို႔ ဖမ္းဆီး သိမ္းဆည္းမည့္ ကိစၥႏွင့္ပတ္သက္၍ ဆက္သြယ္ေမးျမန္းရာ ၎တို႔အေနျဖင့္ မသိရိွရေသးေၾကာင္း ကရင္ျပည္နယ္ ရဲတပ္ဖြဲ႔မွဴးရံုးမွ ရဲအုပ္ေက်ာ္ဆန္းက ေျပာသည္။
"ကြ်န္ေတာ္ကလည္း ခြင့္ျပန္ေနတာဗ်။ အစိုးရအဖြဲ႔ရံုးကို စာတင္တယ္ဆိုရင္ေတာ့ ကြ်န္ေတာ္တို႔ကို အသိေပးလာမွာပါ။ ဖမ္းဆီးဖို႔ကိစၥေတြကေတာ့ ကၽြန္ေတာ္တို႔ ပါမွရမွာေပါ့။ အခုေလာေလာဆယ္ေတာ့ မသိရေသးဘူး"ဟု ရဲအုပ္ေက်ာ္ဆန္းက ေျပာသည္။
ကရင္ျပည္နယ္တြင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔မ်ားအပါအ၀င္ ေဒသခံမ်ားအေနျဖင့္ လိုင္စင္မဲ့ကားမ်ားကို အဓိက အသံုးျပဳေနၾကၿပီး ယခင္ႏွစ္မ်ားကလည္း ယခုကဲ့သို႔ ဖမ္းဆီးမႈမ်ား ျပဳလုပ္ခဲ့ဘူးသည့္အတြက္ ေဒသခံမ်ားမွာ စိုးရိမ္ပူပန္မႈမ်ားရိွေနၿပီး လက္နက္ကိုင္အဖြဲ႔အစည္းမ်ားႏွင့္ ပဋိပကၡမ်ား ျဖစ္ေပၚလာႏိုင္ေၾကာင္း လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၏ အေၾကာင္းၾကားစာတြင္ ေဖာ္ျပထာားသည္။
ယင္းအေၾကာင္းၾကားစာတြင္ "ကရင္အမ်ိဳးသားႏွစ္သစ္ကူးပြဲေတာ္က်င္းပသည့္ အခ်ိန္ျဖစ္သည့္အတြက္ ေဒသခံမ်ား စိတ္အေႏွာက္အယွက္ျဖစ္ေစႏိုင္ျခင္း၊ ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ညီလာခံေခၚယူက်င္းပမည့္ အခ်ိန္ႏွင့္ တိုက္ဆိုင္ေနျခင္း၊ တည္ၿငိမ္ေအးခ်မ္းေရးကို မလိုလားသူတို႔ ဝင္ေရာက္ ေႏွာက္ယွက္ႏိုင္သည့္အတြက္ အဆိုပါ လိုင္စင္မဲ့ကား ဖမ္းဆည္းသိမ္းယူမည့္ကိစၥအား ေခတၱဆိုင္းငံ့ထားေပးပါရန္"စသျဖင့္ ေဖာ္ျပပါရိွသည္။
ကရင္ျပည္နယ္ ႏွင့္ မြန္ျပည္နယ္တို႔တြင္ လိုင္စင္မဲ့ကား (Without ကား)မ်ားကိုကို ဇန္နဝါရီ ၁၆ရက္တြင္ စတင္ဖမ္းဆီးေတာ့မည္ဟု သတင္းမ်ား ထြက္ေပၚေနျခင္းျဖစ္သည္။
ဆက္စပ္သတင္း - http://mizzimaburmese.com/article/9341
- See more at: http://mizzimaburmese.com/article/9393#sthash.FsX5Jkf2.IubU3YOE.dpuf
.............
ကရင်ပြည်နယ်တွင်း လိုင်စင်မဲ့ကား ဖမ်းဆီးသိမ်းယူမည့်ကိစ္စ ဆိုင်းငံ့ရန် လွှတ်တော်အမတ်သုံးဦး တင်ပြ
သတင်း ပြည်တွင်း
မျိုးသူအောင်
ထိုင်းနိုင်ငံထုတ် ဆူပါကာစတန် ( Pick Up) ကားများအား ထိုင်းနိုင်ငံမှာ ရေကြောင်းခရီးဖြင့် ကွန်တိန်နာနှင့် တင်ပို့သည်ကို ရန်ကုန်မြို့ အေးရှားဝေါ ဆိပ်ကမ်းတွင် ၂၀၁၄ ခုနှစ် ဇူလိုင်လ ၂ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - မဇ္စျိမ -
ကရင်ပြည်နယ်အတွင်းရှိ လိုင်စင်မဲ့ကားများကို ဇန်နဝါရီလ ဒုတိယပတ်မှစတင် ဖမ်းဆီးသိမ်းယူမည့်ကိစ္စကို ဆိုင်းငံ့ထားရန် လွှတ်တော်ကိုယ်စားလှယ်(၃)ဦး လက်မှတ်ရေးထိုး၍ ပြည်နယ်အစိုးရအဖွဲ့သို့တင်ပြခဲ့ကြောင်း သိရသည်။
အဆိုပါ ကိစ္စအား လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောသိန်းအောင်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမန်းအောင်တင်မြင့်နှင့် ဘားအံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစေးအွာတို့က လက်မှတ်ရေးထိုးကာ ဇန်နဝါရီ ၂ရက်က ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့သို့ အကြောင်းကြားစာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။
"ဒီဘက်မှာက လိုင်စင်မဲ့ ကားတွေပဲအဓိကလေ။ အဲလိုဖမ်းမယ်ဆိုတော့ နှစ်သစ်ကူးကာလမှာ အများကြီး စိတ်အနှောင့်အယှက်ဖြစ်တာပေါ့ဗျာ။ ဖြစ်နိုင်ရင် အဲဒါလေးဆိုင်းငံ့ပေးဖို့ ဒီနှစ်သစ်ကူးပွဲအတွင်းမှာ စိတ် အနှောင့်အယှက်ဖြစ်တယ်။ သွားကြတာက ဒီကားနဲ့ပဲ သွားကြမှာပဲ။ ကျန်တဲ့အဖွဲ့တွေလည်း ဒီကားတွေနဲ့ပဲ သွားကြမှာပဲ။ နှစ်သစ်ကူးပွဲတော်လာတဲ့လူလည်း ဖမ်းဆီးခံရတယ်ဆိုတော့ စိတ်အနှောင့်အယှက်ဖြစ်တာပေါ့နော်"ဟု ဦးစောသိန်းအောင်က ပြောသည်။
လိုင်စင်မဲ့ကား ဖမ်းဆီးသိမ်းယူမည့်ကိစ္စနှင့် ပတ်သက်၍ ဇန်နဝါရီလ လဆန်းပိုင်းတွင် ဒေသခံပြည်သူအချို့က အ သိပေးအကြောင်းကြားလာသည့်အတွက် ယခုကဲ့သို့ မေတ္တာရပ်ခံခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ယင်းကဲ့သို့ ဖမ်းဆီး သိမ်းဆည်းမည့် ကိစ္စနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းရာ ၎င်းတို့အနေဖြင့် မသိရှိရသေးကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်ကျော်ဆန်းက ပြောသည်။
"ကျွန်တော်ကလည်း ခွင့်ပြန်နေတာဗျ။ အစိုးရအဖွဲ့ရုံးကို စာတင်တယ်ဆိုရင်တော့ ကျွန်တော်တို့ကို အသိပေးလာမှာပါ။ ဖမ်းဆီးဖို့ကိစ္စတွေကတော့ ကျွန်တော်တို့ ပါမှရမှာပေါ့။ အခုလောလောဆယ်တော့ မသိရသေးဘူး"ဟု ရဲအုပ်ကျော်ဆန်းက ပြောသည်။
ကရင်ပြည်နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပါအဝင် ဒေသခံများအနေဖြင့် လိုင်စင်မဲ့ကားများကို အဓိက အသုံးပြုနေကြပြီး ယခင်နှစ်များကလည်း ယခုကဲ့သို့ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ဘူးသည့်အတွက် ဒေသခံများမှာ စိုးရိမ်ပူပန်မှုများရှိနေပြီး လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပဋိပက္ခများ ဖြစ်ပေါ်လာနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ၏ အကြောင်းကြားစာတွင် ဖော်ပြထာားသည်။
ယင်းအကြောင်းကြားစာတွင် "ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကျင်းပသည့် အချိန်ဖြစ်သည့်အတွက် ဒေသခံများ စိတ်အနှောက်အယှက်ဖြစ်စေနိုင်ခြင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံခေါ်ယူကျင်းပမည့် အချိန်နှင့် တိုက်ဆိုင်နေခြင်း၊ တည်ငြိမ်အေးချမ်းရေးကို မလိုလားသူတို့ ဝင်ရောက် နှောက်ယှက်နိုင်သည့်အတွက် အဆိုပါ လိုင်စင်မဲ့ကား ဖမ်းဆည်းသိမ်းယူမည့်ကိစ္စအား ခေတ္တဆိုင်းငံ့ထားပေးပါရန်"စသဖြင့် ဖော်ပြပါရှိသည်။
ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် လိုင်စင်မဲ့ကား (Without ကား)များကိုကို ဇန်နဝါရီ ၁၆ရက်တွင် စတင်ဖမ်းဆီးတော့မည်ဟု သတင်းများ ထွက်ပေါ်နေခြင်းဖြစ်သည်။
ဆက်စပ်သတင်း - http://mizzimaburmese.com/article/9341