Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ေလာပိတ ေနာက္ကြယ္က မီးမလင္းတဲ့ ဘ၀ေတြ

$
0
0

“က်မတို႔ရြာမွာ မီးႀကိဳးေတြေရာက္ေနတယ္။ ဒါေပမယ့္ ခုခ်ိန္ထိ ဖေယာင္းတိုင္နဲ႔ပဲ မီးလင္းေနရတုန္းပဲ” လို႔ ကယားျပည္နယ္ ဖ႐ူဆိုၿမိဳ႕နယ္ ထီးေသာ္တနီးကူး ေက်းရြာက ေဒၚနားမူလို႔လို က စိတ္ပ်က္ေနတဲ့ မ်က္ႏွာနဲ႕ ေျပာေနပါတယ္။

အိမ္ထဲမွာေတာ့ မွိန္ျပျပဖေယာင္းတိုင္ မီးေရာင္ေအာက္မွာ စာက်က္ေနတဲ့ ေက်ာင္းသား/သူေတြ ရွိေနပါတယ္။

ဖေယာင္းတုိင္န႕ဲ မီးလင္းေနရတာ ေဒၚနားမူလို႔လို တို႔လို တစ္အိမ္တည္း တစ္ရြာထဲ မဟုတ္ပဲ ေဘးရြာ ပတ္ဝန္းက်င္ေတြမွာလည္း ထိုနည္း၎ပါပဲ။

ျမန္မာႏုိင္ငံရဲ႕ လွ်ပ္စစ္ဓါတ္အား အဓိကျဖန္္႔ျဖဴးရာ ရင္းျမစ္ျဖစ္တဲ့ ေလာပိတ ေရအားလွ်ပ္စစ္ စက္ရံုက ကယားျပည္နယ္မွာ လည္ပတ္ေနတာ ႏွစ္ေပါင္း ၅၀ ေက်ာ္ ၾကာခဲ့ၿပီ ျဖစ္ေပမယ့္ ျပည္နယ္ရဲ႕ ေက်းရြာ တခ်ိဳ႕မွာေတာ့ အခု အခ်ိန္ထိ လွ်ပ္စစ္မီး မရရွိေသးပါဘူး။

ကယားျပည္နယ္မွာ ေက်းရြာေပါင္း ၅၁၁ ရြာရွိၿပီး လက္ရွိအခ်ိန္ထိ မီးမလင္းႏိူင္ေသးတဲ့ ေက်းရြာ ၂၅၀ ရွိေနတယ္လို႔ ျပည္နယ္လွ်ပ္စစ္ (ဦးစီးဌာန) စာရင္းအရ သိရပါတယ္။

ျပည္နယ္တြင္းမွာ ေက်းလက္ေန လူဦးေရက ပိုမ်ားၿပီး လူဦးေရရဲ႕ ၇၅ ရာခိုင္ႏႈန္းက ေက်းရြာေတြမွာ ေနပါတယ္။

ကယားျပည္နယ္မွာ ရွိတဲ့ ေက်းရြာေတြမွာ လွ်ပ္စစ္မီးရရွိေရးအတြက္ စီမံကိန္းေတြကို ေဆာင္ရြက္ေနၿပီ ဆိုေပမယ့္ လြန္ခဲ့တဲ့ သံုးႏွစ္က စတင္တဲ့ စီမံကိန္းရဲ႕ ရလဒ္ကို အခုခ်ိန္ထိ မခံစားရေသးတာေၾကာင့္ အေမွာင္ထဲမွာ ေနရဆဲပဲျဖစ္ပါတယ္။

မီးလင္းေရး ေဆာင္ရြက္ေနတဲ့ စီမံကိန္္းအရ တကယ္ဆိုရင္ ေဒၚနားမူလို႔လို တို႕ရဲ႕ ေက်းရြာေတြမွာ ၂၀၁၃- ၁၄ ခုႏွစ္မွာ မီးလင္းရမွာ ျဖစ္ပါတယ္။

ဒီစီမံကိန္္းေတြက အစိုးရက ေဆာင္ရြက္ေပးေနတဲ့ စီမံကိန္းေတြ ျဖစ္ပါတယ္။

စီမံကိန္္းေတြကိုေတာ့ စတင္ လုပ္ေဆာင္ေနၿပီ ျဖစ္တဲ့ အတြက္ ေက်းရြာတုိင္းလိုလိုမွာ ဓါတ္တုိင္ေတြ၊ မီးႀကိဳးေတြ လာေရာက္ခ်ထားတာကို ေတြ႕ရမွာျဖစ္ၿပီး အခ်ိဳ႕ ေက်းရြာေတြမွာ ဆိုရင္ေတာ့ ဓါတ္တုိင္ေတြ ေထာင္ထားတာ ျမင္ရပါတယ္။

လိြဳင္ေကာ္ခရိုင္ ဝီးသဲကူး(ေတာင္)ရြာက အုပ္ခ်ဳပ္ေရးမွဳးက “ကြ်န္ေတာ္တို႔ရြာက ၂၀၁၄ မွာ တရြာလုံးက သိန္း ၁၀၀ ေကာက္သြားၿပီးၿပီ။ အဲ့ဒီအတြက္ ဓာတ္တိုင္ ၂၁ တိုင္နဲ႔ မီးႀကိဳး ၂၁ေပ ပဲရေသးတယ္။ ၂၀၁၅ ခုႏွစ္မွာ ကြ်န္ေတာ္တို႔ ေနာက္ထပ္သိန္း ၁၀၀ ထပ္ေကာက္တယ္။ လွ်ပ္စစ္ဝန္ထမ္းက ေနာက္ထပ္သိန္း၁၀၀ မထည့္ မခ်င္း မီးလင္းႏိုင္မွာ မဟုတ္ဘူးလို႔ ေျပာသြားတယ္ ” လို႔ ေျပာပါတယ္။

ေက်းရြာတုိင္း အားလံုး နီးပါးက လွ်ပ္စစ္မီးရရွိဖို႔ တစ္ရြာကို သိန္း ၁၀၀ ထည့္ခဲ့ၾကပါတယ္။

တစ္ရြာကို သိန္းတစ္ရာ ေကာက္ခံတဲ့ အတြက္ အိမ္ေျခေပၚမူတည္ၿပီး အိမ္ေထာင္စု တစ္စုကို ႏွစ္သိန္း၊ သံုးသိန္း ထည့္၀င္ရပါတယ္။

ေငြသိန္းတစ္ရာကို လွ်ပ္စစ္ရံုး (ျပည္နယ္၊ ၿမိဳ႕နယ္ ခြဲေရးေပးပါ) ကို သြင္းရပါတယ္။ ေငြသြင္းၿပီးေနာက္မွာေတာ့ ဓာတ္တိုင္၊ လွ်ပ္စစ္မီးႀကိဳး၊ ထရန္စေဖာ္မာ စတာေတြလာခ်ေပးပါတယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။

လွ်ပ္စစ္မီး ရခ်င္တာေၾကာင့္ ရြာသားတခ်ိဳ႕က ကိုယ့္ပိုင္ ပစၥည္းေလးေတြကို ေပါင္ႏွံ ေရာင္းခ်ေပးေနရၿပီး အခ်ိဳ႕ကေတာ့ အေႀကြးတင္ၿပီး ျပန္မဆပ္ႏုိင္တဲ့သူေတြလည္း ရွိေနပါတယ္။

လိြဳင္ေကာ္ခ႐ိုင္ ဖ႐ူဆိုၿမိဳ႕နယ္ ေဒါခေရာ့ခူေက်းရြာက မုဆိုးမတစ္ဦးက “အေဒၚ့မွာ သားေတြလည္းမရွိဘူး အခုေျမးႏွစ္ ေယာက္နဲ႔ပဲ အတူေနေနတယ္။ လွ်ပ္စစ္မီးအတြက္ဆိုၿပီးေတာ့မွ တအိမ္ကို ႏွစ္သိန္းေကာက္သြြားတယ္။ အေဒၚ့မွာေပးစရာမရွိေသးဘူး။ ပဲေတြေပၚတဲ့အခ်ိန္မွပဲ ေပးေတာ့မယ္” လို႔ ဆိုပါတယ္။

မီးမရရွိေသးတဲ့ ေက်းရြာ ၂၅၀ ရြာထဲမွာ ေဒသခံေတြ အေနန႕ဲ ကိုယ့္အိမ္ကေန ဆက္ရမယ့္ ဝါယာႀကိဳးေတြကို ကိုယ္တိုင္မဝယ္ေသးတဲ့ အတြက္ မီးမရရွိေသးတဲ့ရြာေတြ ရွိေနၿပီး ႀကိဳး ဝယ္ႏိုင္ၿပီဆိုပါက ျပည္နယ္ လွ်ပ္စစ္ ဌာန အေနနဲ႕ လာေရာက္တပ္ဆင္ေပးဖို႔ အသင့္ရွိတယ္လို႔လည္း ျပည္နယ္ လွ်ပ္စစ္အင္ဂ်င္နီယာ ဦးသိန္းျမင့္ ဆိုပါတယ္။

ကယားျပည္နယ္ လွ်ပ္စစ္ဝန္ႀကီး ဦးေစာဟူးဟူးကေတာ့ ၂၀၁၆ ခုႏွစ္မွာ ကယားတျပည္နယ္လံုး မီးလင္းရမယ္လို႔ ေျပာသြားခဲ့ပါတယ္။ (ဘယ္ေနရာမွာ ဘယ္တုန္းက ေျပာတယ္ ဆိုတာေလး ထည့္ေပးပါ)

၄င္းက “တျပည္နယ္လံုးမီးလင္းမယ္လို႔ ေျပာတာကေတာ့ နည္းစနစ္က ႏွစ္မ်ိဳး သံုးမ်ိဳးေလာက္ေပါင္း လုပ္လို႔ရွိရင္ ျဖစ္ႏိုင္တယ္ ” လို႔ေျပာပါတယ္။

နည္းလမ္းေတြ အေနနဲ႕ ဆိုလာစနစ္၊ ဒီဇယ္နဲ႔ မီးစက္ေမာင္းႏွင္တဲ့စနစ္၊ အေသးစားေရအားလွ်ပ္စစ္စနစ္၊ ဂ်န္နေရတာအင္ဂ်င္နဲ႔ လည္ပတ္တဲ့စနစ္ႏွင့္ သဘာဝစနစ္ စတဲ့စနစ္ေတြ အားလံုးေပါင္းၿပီး လုပ္မယ္ဆိုရင္ ၂၀၁၆ ခုႏွစ္မွာ မီးလင္းႏုိင္တယ္လို႔ ၀န္ႀကီးက ဆိုပါတယ္။

၂၀၁၆ ခုမွာလွ်ပ္စစ္မီး တျပည္နယ္လံုးလင္းမယ္ဆိုရာမွာ နည္းစနစ္ေတြ အားလံုးသံုးၿပီး မီးလင္းေပးမယ္ဆိုရင္ ၇၀၊ ၈၀ ရာခိုင္ႏႈန္း ေလာက္ လင္းႏိုင္လိမ့္မယ္လို႔ Unian of Karenni State Youth(UKSY) က ျပည္နယ္အတြင္း ႏိုင္ငံေရး၊ လူမႈေရးကို လုပ္ေဆာင္ေနေသာလူငယ္အဖဲြ႕မွ ကိုဒီးဒီက ဆိုပါတယ္။

လက္ရွိ ေဆာင္ရြက္ေနတာေတြက ႏိုင္ငံေတာ္ဘ႑ာေငြနဲ႔ သံုးတာမဟုတ္ဘဲ ျပည္သူ႔ ဘ႑ာနဲ႔ ပစၥည္းေတြခ်ေပးေနတာ ျဖစ္တဲ့အတြက္ ျပည္နယ္အတြက္ ဖြံ့ၿဖိဳးေရးလုပ္ငန္းမ်ားေဆာင္ရြက္သည့္ေနရာတြင္ လုပ္ငန္း ေဆာင္ရြက္မႈေတြကို ျပည္သူေတြကို ခ်ျပသင့္တယ္တဲ့ အျပင္ အရပ္ဖက္အဖြဲ႔အစည္းေတြကိုလည္း က်ယ္က်ယ္ျပန္႔ျပန္႔ ခ်ျပၿပီး ေဆာင္ရြက္သင့္တယ္ လို႔ ကိုမာတီးယာက ေျပာပါတယ္။

ျပည္နယ္လွ်ပ္စစ္ဝန္ႀကီးက ၂၀၁၆ ခုႏွစ္မွာ လွ်ပ္စစ္မီးအကုန္ရေစမယ္လို႔ ေျပာလိုက္တဲ့အတြက္ လွ်ပ္စစ္မီး ရရွိဖို႔ လိုလားေသာ္လည္း သဘာ၀ပတ္၀န္းက်င္ကို ထိခုိက္မယ့္ နည္းလမ္းေတြကို သံုးၿပီး မီးလင္းမွာကိုေတာ့ ေဒသခံေတြက စိုးရိမ္ပူပန္မႈေတြ ရွိေနပါတယ္။

ျမန္မာႏိုင္ငံမွာ ၂၀၃၀ ျပည့္ႏွစ္ မတုိင္မီ ျပည္သူတိုင္း လွ်ပ္စစ္မီး သုံးစြဲႏိုင္ေရး ဆိုတဲ့ ရည္မွန္းခ်က္ ေရာက္ရွိႏိုင္ရန္ မဟာဓာတ္အားလိုင္း တိုးခ်ဲ႕ရန္နဲ႕ ေက်းလက္ေဒသေတြမွာ မဟာဓာတ္အား လိုင္းျပင္ပ နည္းလမ္းေတြကို အသုံးျပဳကာ လွ်ပ္စစ္မီး ရရွိေရး ေဆာင္ရြက္မယ့္ အမ်ဳိးသားအဆင့္ လွ်ပ္စစ္မီး ရရွိေရး စီမံကိန္း (National Electrification Plan) ကုိ ပံ့ပိုးရန္အတြက္ ကမၻာ့ဘဏ္က အေမရိကန္ေဒၚလာ သန္း ၄၀၀ အတိုးမဲ့ေခ်းေငြအျဖစ္ ေပးအပ္မည့္ စီမံကိန္းကို လာမည့္ ၂၀၁၆ ခုႏွစ္တြင္ စတင္မည္ ျဖစ္ရာ အဆိုပါ စီမံကိန္းတြင္ ကယားျပည္နယ္လည္း ပါ၀င္မွာ ျဖစ္ပါတယ္။

ယင္းစီမံကိန္းမ်ားကို ၂၀၁၆ ခုႏွစ္မွ ၂၀၂၁ ခုႏွစ္ အတြင္း အေကာင္အထည္ ေဖာ္သြားမွာ ျဖစ္ပါတယ္လို႔ ကမၻာ့ဘဏ္ရဲ႕ ဆက္သြယ္ေရးအရာရွိ ဦးေက်ာ္စိုးလင္းက ေမးလ္ျဖင့္ ဆက္သြယ္ေမးျမန္းတာကို ေျဖၾကားပါတယ္။

ကမၻာ့ဘဏ္ရဲ႕ စီမံကိန္းမွာ မဟာဓာတ္အားလိုင္း တိုးခ်ဲ႕ျခင္းနဲ႕ မဟာဓာတ္အားလိုင္းျပင္ပ နည္းလမ္းမ်ား ပါ၀င္ မည္ျဖစ္ရာ အိမ္သုံး ဆိုလာစနစ္၊ အေသးစား လွ်ပ္စစ္ ထုတ္လုပ္ေရး စသည္တို႔ကို အသုံးျပဳသြားမွာ ျဖစ္ပါတယ္။

ဒီစီမံကိန္းေၾကာင့္ အိမ္ေထာင္စုေပါင္း ၁.၂ သန္း လွ်ပ္စစ္မီး ပိုမို တုိးတက္ရရွိႏိုင္မွာ ျဖစ္ၿပီး ျပည္သူေပါင္း ၆.၂ သန္းကို အက်ဳိးျဖစ္ထြန္းေစမွာ ျဖစ္ပါတယ္။

ဒီစီမံကိန္းက ကယားျပည္နယ္ကို ဘယ္အခ်ိန္မွာ ေရာက္ရွိလာမယ္ဆိုတာ အတိအက်ေတာ့ မသိရေသးပါဘူး။

၂၀၁၅ ခုႏွစ္အထိ ကယားျပည္နယ္မွာ ရွိတဲ့ၿမိဳ႕နယ္ေတြနဲ႔ ၿမိဳ႕နယ္ခြဲတခုအပါအဝင္ ၿမိဳ႔နယ္ေပါင္း ၈ ခုမွာ မီးေရာက္ရွိေနၿပီလို႔ ကယားျပည္နယ္ လွ်ပ္စစ္အင္ဂ်င္နီယာ ဦးသိန္းျမင့္က ေျပာပါတယ္။

ကယားျပည္နယ္မွာ လိြဳင္ေကာ္ၿမိဳ႕နယ္၊ ဒီးေမာ့ဆိုၿမိဳ႕နယ္၊ ဖရူဆိုၿမိဳ႕နယ္နဲ႔ ဖားေဆာင္းၿမိဳ႕နယ္တို႔မွာ ၂၀၁၁ ခုႏွစ္မွာ မီးရရွိခဲ့ပါတယ္။

မယ္စဲၿမိဳ႕နယ္၊ ရွားေတာၿမိဳ႕နယ္နဲ႔ ေဘာလခဲၿမိဳ႕နယ္တို႔မွာ ၂၀၁၅ ခုႏွစ္မွာ လွ်ပ္စစ္မီး ရရွိခဲ့ပါတယ္။

ဆက္လက္ၿပီး ၂၀၁၅ အကုန္မွာ ေက်းရြာေပါင္း ၁၁၄ ရြာမွာ လွ်ပ္စစ္မီးရရွိမွာ ျဖစ္ပါတယ္။ ၂၀၁၅-၁၆ မွာ ေက်းရြာေပါင္း ၃၆၄ ကိုလွ်ပ္စစ္မီးျဖန္႔ေဝေပးပါမယ္လို႕လည္း ျပည္နယ္အတြင္း လွ်ပ္စစ္မီးရရွိမယ့္ စာရင္းကို ဦးသိန္းျမင့္က ေျပာပါတယ္။

ေလာပိတေရအား လွ်ပ္စစ္စက္ရံု အမွတ္ ၁၊၂ ကို စတင္ ဖြင့္လွစ္သံုးစြဲခဲ့ၿပီး အမွတ္ ၃ စက္ရံုကို ၂၀၁၅ခု ၾသဂုတ္လ ၂၂ရက္မွာ ျပည္ေထာင္စုဝန္ႀကီးဦးစိုးသိန္းနဲ႔ ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးခင္ေမာင္ဦးက ဖဲႀကိဳးျဖတ္ ဖြင့္လွစ္ခဲ့ပါတယ္။

ဒါေပမယ့္လည္း ေက်းရြာအခ်ိဳ႕ကေတာ့ လက္ရွိ အခ်ိန္ထိ လွ်ပ္စစ္မီး မရေသးတဲ့အတြက္ လုုပ္ငန္းေတြ လုပ္ကိုင္ေနရတာ အဆင္မေျပပါဘူး။

လိြဳင္ေကာ္ခ႐ိုင္၊ ဖ႐ူဆိုၿမိဳ႕နယ္၊ ထီးေပၚဆိုေက်းရြာ ေက်းဇူးေတာ္ဆန္စက္ပိုင္ရွင္ ေဒၚတူမာက လွ်ပ္စစ္မီးနဲ႔ မလည္ပတ္ရပဲ ဒီဇယ္နဲ႔သာ လည္ပတ္ေနရတဲ့အတြက္ လုပ္ငန္း အဆင္မေျပလွပါဘူးလို႔ ဆိုပါတယ္။

Written by မူအက္စတာ
Kantarawaddy Times
http://www.ktimes.org
..........................


“ကျမတို့ရွာမှာ မီးကြိုးတွေရောက်နေတယ်။ ဒါပေမယ့် ခုချိန်ထိ ဖယောင်းတိုင်နဲ့ပဲ မီးလင်းနေရတုန်းပဲ” လို့ ကယားပြည်နယ် ဖရူဆိုမြို့နယ် ထီးသော်တနီးကူး ကျေးရွာက ဒေါ်နားမူလို့လို က စိတ်ပျက်နေတဲ့ မျက်နှာနဲ့ ပြောနေပါတယ်။

အိမ်ထဲမှာတော့ မှိန်ပြပြဖယောင်းတိုင် မီးရောင်အောက်မှာ စာကျက်နေတဲ့ ကျောင်းသား/သူတွေ ရှိနေပါတယ်။

ဖယောင်းတိုင်နဲ့ မီးလင်းနေရတာ ဒေါ်နားမူလို့လို တို့လို တစ်အိမ်တည်း တစ်ရွာထဲ မဟုတ်ပဲ ဘေးရွာ ပတ်ဝန်းကျင်တွေမှာလည်း ထိုနည်း၎င်းပါပဲ။

မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓါတ်အား အဓိကဖြန့််ဖြူးရာ ရင်းမြစ်ဖြစ်တဲ့ လောပိတ ရေအားလျှပ်စစ် စက်ရုံက ကယားပြည်နယ်မှာ လည်ပတ်နေတာ နှစ်ပေါင်း ၅၀ ကျော် ကြာခဲ့ပြီ ဖြစ်ပေမယ့် ပြည်နယ်ရဲ့ ကျေးရွာ တချို့မှာတော့ အခု အချိန်ထိ လျှပ်စစ်မီး မရရှိသေးပါဘူး။

ကယားပြည်နယ်မှာ ကျေးရွာပေါင်း ၅၁၁ ရွာရှိပြီး လက်ရှိအချိန်ထိ မီးမလင်းနိူင်သေးတဲ့ ကျေးရွာ ၂၅၀ ရှိနေတယ်လို့ ပြည်နယ်လျှပ်စစ် (ဦးစီးဌာန) စာရင်းအရ သိရပါတယ်။

ပြည်နယ်တွင်းမှာ ကျေးလက်နေ လူဦးရေက ပိုများပြီး လူဦးရေရဲ့ ရ၅ ရာခိုင်နှုန်းက ကျေးရွာတွေမှာ နေပါတယ်။

ကယားပြည်နယ်မှာ ရှိတဲ့ ကျေးရွာတွေမှာ လျှပ်စစ်မီးရရှိရေးအတွက် စီမံကိန်းတွေကို ဆောင်ရွက်နေပြီ ဆိုပေမယ့် လွန်ခဲ့တဲ့ သုံးနှစ်က စတင်တဲ့ စီမံကိန်းရဲ့ ရလဒ်ကို အခုချိန်ထိ မခံစားရသေးတာကြောင့် အမှောင်ထဲမှာ နေရဆဲပဲဖြစ်ပါတယ်။

မီးလင်းရေး ဆောင်ရွက်နေတဲ့ စီမံကိန််းအရ တကယ်ဆိုရင် ဒေါ်နားမူလို့လို တို့ရဲ့ ကျေးရွာတွေမှာ ၂၀၁၃- ၁၄ ခုနှစ်မှာ မီးလင်းရမှာ ဖြစ်ပါတယ်။

ဒီစီမံကိန််းတွေက အစိုးရက ဆောင်ရွက်ပေးနေတဲ့ စီမံကိန်းတွေ ဖြစ်ပါတယ်။

စီမံကိန််းတွေကိုတော့ စတင် လုပ်ဆောင်နေပြီ ဖြစ်တဲ့ အတွက် ကျေးရွာတိုင်းလိုလိုမှာ ဓါတ်တိုင်တွေ၊ မီးကြိုးတွေ လာရောက်ချထားတာကို တွေ့ရမှာဖြစ်ပြီး အချို့ ကျေးရွာတွေမှာ ဆိုရင်တော့ ဓါတ်တိုင်တွေ ထောင်ထားတာ မြင်ရပါတယ်။

လွိုင်ကော်ခရိုင် ဝီးသဲကူး(တောင်)ရွာက အုပ်ချုပ်ရေးမှုးက “ကျွန်တော်တို့ရွာက ၂၀၁၄ မှာ တရွာလုံးက သိန်း ၁၀၀ ကောက်သွားပြီးပြီ။ အဲ့ဒီအတွက် ဓာတ်တိုင် ၂၁ တိုင်နဲ့ မီးကြိုး ၂၁ပေ ပဲရသေးတယ်။ ၂၀၁၅ ခုနှစ်မှာ ကျွန်တော်တို့ နောက်ထပ်သိန်း ၁၀၀ ထပ်ကောက်တယ်။ လျှပ်စစ်ဝန်ထမ်းက နောက်ထပ်သိန်း၁၀၀ မထည့် မချင်း မီးလင်းနိုင်မှာ မဟုတ်ဘူးလို့ ပြောသွားတယ် ” လို့ ပြောပါတယ်။

ကျေးရွာတိုင်း အားလုံး နီးပါးက လျှပ်စစ်မီးရရှိဖို့ တစ်ရွာကို သိန်း ၁၀၀ ထည့်ခဲ့ကြပါတယ်။

တစ်ရွာကို သိန်းတစ်ရာ ကောက်ခံတဲ့ အတွက် အိမ်ခြေပေါ်မူတည်ပြီး အိမ်ထောင်စု တစ်စုကို နှစ်သိန်း၊ သုံးသိန်း ထည့်ဝင်ရပါတယ်။

ငွေသိန်းတစ်ရာကို လျှပ်စစ်ရုံး (ပြည်နယ်၊ မြို့နယ် ခွဲရေးပေးပါ) ကို သွင်းရပါတယ်။ ငွေသွင်းပြီးနောက်မှာတော့ ဓာတ်တိုင်၊ လျှပ်စစ်မီးကြိုး၊ ထရန်စဖော်မာ စတာတွေလာချပေးပါတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လျှပ်စစ်မီး ရချင်တာကြောင့် ရွာသားတချို့က ကိုယ့်ပိုင် ပစ္စည်းလေးတွေကို ပေါင်နှံ ရောင်းချပေးနေရပြီး အချို့ကတော့ အကြွေးတင်ပြီး ပြန်မဆပ်နိုင်တဲ့သူတွေလည်း ရှိနေပါတယ်။

လွိုင်ကော်ခရိုင် ဖရူဆိုမြို့နယ် ဒေါခရော့ခူကျေးရွာက မုဆိုးမတစ်ဦးက “အဒေါ့်မှာ သားတွေလည်းမရှိဘူး အခုမြေးနှစ် ယောက်နဲ့ပဲ အတူနေနေတယ်။ လျှပ်စစ်မီးအတွက်ဆိုပြီးတော့မှ တအိမ်ကို နှစ်သိန်းကောက်သွွားတယ်။ အဒေါ့်မှာပေးစရာမရှိသေးဘူး။ ပဲတွေပေါ်တဲ့အချိန်မှပဲ ပေးတော့မယ်” လို့ ဆိုပါတယ်။

မီးမရရှိသေးတဲ့ ကျေးရွာ ၂၅၀ ရွာထဲမှာ ဒေသခံတွေ အနေနဲ့ ကိုယ့်အိမ်ကနေ ဆက်ရမယ့် ဝါယာကြိုးတွေကို ကိုယ်တိုင်မဝယ်သေးတဲ့ အတွက် မီးမရရှိသေးတဲ့ရွာတွေ ရှိနေပြီး ကြိုး ဝယ်နိုင်ပြီဆိုပါက ပြည်နယ် လျှပ်စစ် ဌာန အနေနဲ့ လာရောက်တပ်ဆင်ပေးဖို့ အသင့်ရှိတယ်လို့လည်း ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးသိန်းမြင့် ဆိုပါတယ်။

ကယားပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးစောဟူးဟူးကတော့ ၂၀၁၆ ခုနှစ်မှာ ကယားတပြည်နယ်လုံး မီးလင်းရမယ်လို့ ပြောသွားခဲ့ပါတယ်။ (ဘယ်နေရာမှာ ဘယ်တုန်းက ပြောတယ် ဆိုတာလေး ထည့်ပေးပါ)

၄င်းက “တပြည်နယ်လုံးမီးလင်းမယ်လို့ ပြောတာကတော့ နည်းစနစ်က နှစ်မျိုး သုံးမျိုးလောက်ပေါင်း လုပ်လို့ရှိရင် ဖြစ်နိုင်တယ် ” လို့ပြောပါတယ်။

နည်းလမ်းတွေ အနေနဲ့ ဆိုလာစနစ်၊ ဒီဇယ်နဲ့ မီးစက်မောင်းနှင်တဲ့စနစ်၊ အသေးစားရေအားလျှပ်စစ်စနစ်၊ ဂျန်နရေတာအင်ဂျင်နဲ့ လည်ပတ်တဲ့စနစ်နှင့် သဘာဝစနစ် စတဲ့စနစ်တွေ အားလုံးပေါင်းပြီး လုပ်မယ်ဆိုရင် ၂၀၁၆ ခုနှစ်မှာ မီးလင်းနိုင်တယ်လို့ ၀န်ကြီးက ဆိုပါတယ်။

၂၀၁၆ ခုမှာလျှပ်စစ်မီး တပြည်နယ်လုံးလင်းမယ်ဆိုရာမှာ နည်းစနစ်တွေ အားလုံးသုံးပြီး မီးလင်းပေးမယ်ဆိုရင် ရ၀၊ ၈၀ ရာခိုင်နှုန်း လောက် လင်းနိုင်လိမ့်မယ်လို့ Unian of Karenni State Youth(UKSY) က ပြည်နယ်အတွင်း နိုင်ငံရေး၊ လူမှုရေးကို လုပ်ဆောင်နေသောလူငယ်အဖွဲ့မှ ကိုဒီးဒီက ဆိုပါတယ်။

လက်ရှိ ဆောင်ရွက်နေတာတွေက နိုင်ငံတော်ဘဏ္ဍာငွေနဲ့ သုံးတာမဟုတ်ဘဲ ပြည်သူ့ ဘဏ္ဍာနဲ့ ပစ္စည်းတွေချပေးနေတာ ဖြစ်တဲ့အတွက် ပြည်နယ်အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်သည့်နေရာတွင် လုပ်ငန်း ဆောင်ရွက်မှုတွေကို ပြည်သူတွေကို ချပြသင့်တယ်တဲ့ အပြင် အရပ်ဖက်အဖွဲ့အစည်းတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ချပြပြီး ဆောင်ရွက်သင့်တယ် လို့ ကိုမာတီးယာက ပြောပါတယ်။

ပြည်နယ်လျှပ်စစ်ဝန်ကြီးက ၂၀၁၆ ခုနှစ်မှာ လျှပ်စစ်မီးအကုန်ရစေမယ်လို့ ပြောလိုက်တဲ့အတွက် လျှပ်စစ်မီး ရရှိဖို့ လိုလားသော်လည်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မယ့် နည်းလမ်းတွေကို သုံးပြီး မီးလင်းမှာကိုတော့ ဒေသခံတွေက စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၃၀ ပြည့်နှစ် မတိုင်မီ ပြည်သူတိုင်း လျှပ်စစ်မီး သုံးစွဲနိုင်ရေး ဆိုတဲ့ ရည်မှန်းချက် ရောက်ရှိနိုင်ရန် မဟာဓာတ်အားလိုင်း တိုးချဲ့ရန်နဲ့ ကျေးလက်ဒေသတွေမှာ မဟာဓာတ်အား လိုင်းပြင်ပ နည်းလမ်းတွေကို အသုံးပြုကာ လျှပ်စစ်မီး ရရှိရေး ဆောင်ရွက်မယ့် အမျိုးသားအဆင့် လျှပ်စစ်မီး ရရှိရေး စီမံကိန်း (National Electrification Plan) ကို ပံ့ပိုးရန်အတွက် ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၄၀၀ အတိုးမဲ့ချေးငွေအဖြစ် ပေးအပ်မည့် စီမံကိန်းကို လာမည့် ၂၀၁၆ ခုနှစ်တွင် စတင်မည် ဖြစ်ရာ အဆိုပါ စီမံကိန်းတွင် ကယားပြည်နယ်လည်း ပါ၀င်မှာ ဖြစ်ပါတယ်။

ယင်းစီမံကိန်းများကို ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ် အတွင်း အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ဆက်သွယ်ရေးအရာရှိ ဦးကျော်စိုးလင်းက မေးလ်ဖြင့် ဆက်သွယ်မေးမြန်းတာကို ဖြေကြားပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ စီမံကိန်းမှာ မဟာဓာတ်အားလိုင်း တိုးချဲ့ခြင်းနဲ့ မဟာဓာတ်အားလိုင်းပြင်ပ နည်းလမ်းများ ပါ၀င် မည်ဖြစ်ရာ အိမ်သုံး ဆိုလာစနစ်၊ အသေးစား လျှပ်စစ် ထုတ်လုပ်ရေး စသည်တို့ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။

ဒီစီမံကိန်းကြောင့် အိမ်ထောင်စုပေါင်း ၁.၂ သန်း လျှပ်စစ်မီး ပိုမို တိုးတက်ရရှိနိုင်မှာ ဖြစ်ပြီး ပြည်သူပေါင်း ၆.၂ သန်းကို အကျိုးဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်။

ဒီစီမံကိန်းက ကယားပြည်နယ်ကို ဘယ်အချိန်မှာ ရောက်ရှိလာမယ်ဆိုတာ အတိအကျတော့ မသိရသေးပါဘူး။

၂၀၁၅ ခုနှစ်အထိ ကယားပြည်နယ်မှာ ရှိတဲ့မြို့နယ်တွေနဲ့ မြို့နယ်ခွဲတခုအပါအဝင် မြို့နယ်ပေါင်း ၈ ခုမှာ မီးရောက်ရှိနေပြီလို့ ကယားပြည်နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးသိန်းမြင့်က ပြောပါတယ်။

ကယားပြည်နယ်မှာ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်နဲ့ ဖားဆောင်းမြို့နယ်တို့မှာ ၂၀၁၁ ခုနှစ်မှာ မီးရရှိခဲ့ပါတယ်။

မယ်စဲမြို့နယ်၊ ရှားတောမြို့နယ်နဲ့ ဘောလခဲမြို့နယ်တို့မှာ ၂၀၁၅ ခုနှစ်မှာ လျှပ်စစ်မီး ရရှိခဲ့ပါတယ်။

ဆက်လက်ပြီး ၂၀၁၅ အကုန်မှာ ကျေးရွာပေါင်း ၁၁၄ ရွာမှာ လျှပ်စစ်မီးရရှိမှာ ဖြစ်ပါတယ်။ ၂၀၁၅-၁၆ မှာ ကျေးရွာပေါင်း ၃၆၄ ကိုလျှပ်စစ်မီးဖြန့်ဝေပေးပါမယ်လို့လည်း ပြည်နယ်အတွင်း လျှပ်စစ်မီးရရှိမယ့် စာရင်းကို ဦးသိန်းမြင့်က ပြောပါတယ်။

လောပိတရေအား လျှပ်စစ်စက်ရုံ အမှတ် ၁၊၂ ကို စတင် ဖွင့်လှစ်သုံးစွဲခဲ့ပြီး အမှတ် ၃ စက်ရုံကို ၂၀၁၅ခု သြဂုတ်လ ၂၂ရက်မှာ ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းနဲ့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ကျေးရွာအချို့ကတော့ လက်ရှိ အချိန်ထိ လျှပ်စစ်မီး မရသေးတဲ့အတွက် လုုပ်ငန်းတွေ လုပ်ကိုင်နေရတာ အဆင်မပြေပါဘူး။

လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုကျေးရွာ ကျေးဇူးတော်ဆန်စက်ပိုင်ရှင် ဒေါ်တူမာက လျှပ်စစ်မီးနဲ့ မလည်ပတ်ရပဲ ဒီဇယ်နဲ့သာ လည်ပတ်နေရတဲ့အတွက် လုပ်ငန်း အဆင်မပြေလှပါဘူးလို့ ဆိုပါတယ်။

Written by မူအက်စတာ
Kantarawaddy Times
http://www.ktimes.org

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>