Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

မပေါ့ဆသင့်သော သားအိမ်ခေါင်းကင်ဆာရောဂါ

$
0
0
ယမန်နေ့မှအဆက်
ဓာတုပစ္စည်းတွေ ပြည့်ဝနေကြောင်း (ဂ) ရက်စ်ဘယ်ရီ ဓာတုပစ္စည်း
တွေ ပြည့်ဝနေကြောင်း (ဂ) ရက်စ်ဘယ်ရီသီးများ (raspberries)
က အစာရေမျိုကင်ဆာအကြိတ်များကို ၆ဝ ရာခိုင်နှုန်းလျော့ချပေးပြီး အူမကြီးနဲ့ သားအိမ်ခေါင်းကင်ဆာများကို ၈ဝ ရာခိုင်နှုန်းလျော့ချပေးနိုင်
ကြောင်း လေ့လာသိရှိရပါတယ်။
(၁၂) beta-carotene ဓာတ်ကြွယ်ဝတဲ့ အဝါရောင် ကန်စွန်းဥများက
လည်း သားအိမ်ခေါင်းကင်ဆာအပါအဝင် ရင်သားကင်ဆာဖြစ်လာနိုင်
ခြေအလားအလာကို ထက်ဝက်မျှ လျော့ချပေးနိုင်ပါတယ်။
(၁၃) ဗီတာမင်ဒီပြည့်ဝတဲ့ ဆယ်လ်မွန်ငါးများဟာ ကင်ဆာအကြိတ်
အခဲတွေ ကြီးထွားအောင် ပံ့ပိုးပေးနေတဲ့ သွေးကြောများကို အားလျော့
သွားစေအောင် ပြုလုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကင်ဆာရောဂါသည်
များအနေဖြင့် ဆယ်လ်မွန်ငါးကို စားပေးသင့်ပါတယ်။ ဆယ်လ်မွန်ငါး
ကဲ့သို့ပင် တိရစ္ဆာန်ထွက်နို့များနှင့် ဒိန်ချဉ်တို့မှာလည်း ဗီတာမင်ဒီ
ကြွယ်ဝကြပါတယ်။ အကယ်၍ ၎င်းအစားအစာတွေကို ရံဖန်ရံခါ
မှ စားဖြစ်သူများအတွက်ကတော့ ဗီတာမင်ဒီဆေးပြားတွေကို မှီဝဲ
သောက်သုံးနိုင်ပါတယ်။
(၁၄) ရင်သား၊ အူမကြီး၊ အစာအိမ်၊ အသည်း၊ အဆုပ်၊ သားအိမ်စတဲ့
ကင်ဆာရောဂါများအတွက် မီးဖိုချောင်သုံးပစ္စည်းတစ်မျိုးဖြစ်တဲ့ နနွင်း
မှုန့်ကို ရှေးပဝေသဏီကတည်းကစလို့ အိမ်တွင်းဆေးနည်းတိုအဖြစ် သုံးစွဲလာခဲ့ကြတာပါ။ အိန္ဒိယနိုင်ငံ New Nelhi ရှိ Institute of
Cytology and Preventive Oncology (ICPO) (ခေါ်) ကလာပ်စည်း
ဗေဒနှင့် အကြိတ်ဗေဒဆိုင်ရာနည်းပညာအဖွဲ့အစည်းမှ လေ့လာစမ်း
သပ်မှုမှတ်တမ်းများအရ နနွင်းမှုန့်ထဲတွင်ပါရှိသော curcumin ဓာတ်
ပစ္စည်းက သားအိမ်ခေါင်းကင်ဆာဖြစ်စေသောံHPV ပိုးများကို စွမ်းအားပြည့် တိုက်ထုတ်ပေးနိုင်ကြောင်း အတည်ပြုခဲ့ပါတယ်။
(၁၅) ဂေါ်ဖီမျိုးနွယ်ဝင်များဖြစ်ကြတဲ့ အဖြူရောင်ပန်းဂေါ်ဖီ၊
ဘရိုကိုလီ(ခေါ်) အစိမ်းရောင် ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်တို့မှာ ကျန်းမာရေး
အတွက် မရှိမဖြစ်လိုအပ်နေတဲ့ ဗီတာမင်နှင့် သတ္တုဓာတ်တွေ ပါရှိနေကြ
တဲ့အပြင်glucosinolates (ခေါ်) ပိုးသတ်ဆေးသဖွယ် အစွမ်းရှိတဲ့
အာနိသင်များလည်း ပါရှိနေကြပါတယ်။ ထိုအာနိသင်များက ခန္ဓာကိုယ်
ကို အဆိပ်အတောက်ပြေစေကာ ကင်ဆာရောဂါများဖြစ်မလာအောင်
ဟန့်တာထားပေးနိုင်ပါတယ်။
(၁၆) တလည်းသီးထဲမှာ ellagic အက်ဆစ်ပြည့်ဝ စွာပါရှိနေပြီး
¤င်းအက်ဆစ်က ကင်ဆာဆဲလ်များကြီးထွားလာမှုကို တားမြစ်ပေး
နိုင်သလို ကင်ဆာဖြစ်စေတဲ့ ဓာတ်ပေါင်းစုတို့ကိုလည်း ကွပ်မျက်ပေးနိုင်
စွမ်းရှိပါတယ်။ သလဲသီးစားတဲ့အခါ အထဲကအစေ့ကိုပါ ဝါးစားပေးပါ။ ဒါ့ပြင် သစ်ကျားသီးနှင့် စပျစ်သီး(အနီရောင်၊ အနက်ရောင်) တို့မှာလည်း ellagic အက်ဆစ်တွေ ကြွယ်ဝစွာပါရှိနေပါတယ်။ စပျစ်သီးစားတဲ့အခါ
မှာလည်း အခွံနှင့်အစေ့တို့ကိုပါ ဝါးစားပေးသင့်ပါတယ်။ ။
ပေါက်ပေါက်
The Mirror Daily

Viewing all articles
Browse latest Browse all 13796

Trending Articles


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


သက်ရှိဖြစ်စေ သက်မဲ့ဖြစ်စေ လာအောင် ချစ်အောင် ၀င်အောင် ဓာတ်ရိုက်ဓာတ်ဆင်နည်း


(ဒုတိယရင်ခွင်နဲ့ရှင်သန်ခြင်း)ဝထ္ထုတို(စ..ဆုံး)


MECTel CDMA 800 MHz ဖုန်း အသုံးပြု သူများ မိုဘိုင်းဖုန်း မှတစ် ဆင့်...


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲ ကျင်းပ


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


မေ့မရနိုင်တဲ့ နိုင်ဝင်းဆွေ - ငြိမ်းဝေ ၊ ကိုအောင်



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>