Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

နာဂစ္ေၾကာင့္ လူတစ္သိန္းေက်ာ္ ေသဆံုးမႈတန္ဖုိးမရွိဘဲ ေသမင္းတမန္ရထားလမ္းအတြက္ လူရွစ္ေသာင္းေက်ာ္ ေသဆံုးမႈမွာ တန္ဖိုးရွိဟု မြန္ျပည္နယ္၀န္ႀကီးခ်ဳပ္ ဦးအုန္းျမင့္ေျပာ

$
0
0

Byသႏၲာလိႈင္On  Tue, 2016-01-05 11:52Locationသံျဖဴဇရပ္Issue No.No.969 Tuesday, January 5, 2015

ေသမင္းတမန္မီးရထားလမ္းျပတုိက္ဖြင့္ပြဲတြင္ ေက်ာက္မီးေသြးသုံးမီးရထားစက္ေခါင္းကုိေတြ႕ရစဥ္
 နာဂစ္တြင္ လူေပါင္း တစ္သိန္းေက်ာ္ေသဆံုးမႈသည္ တန္ဖုိးမရွိဘဲ ေသမင္းတမန္မီးရ ထားလမ္းတြင္ လူေပါင္းရွစ္ ေသာင္းေက်ာ္အသက္ေပးလိုက္ ျခင္းသည္ တန္ဖိုးရွိေၾကာင္း မြန္ ျပည္နယ္၀န္ႀကီးခ်ဳပ္ဦးအုန္းျမင့္ က ေျပာသည္။

မြန္ျပည္နယ္ သံျဖဴဇရပ္ၿမိဳ႕ နယ္တြင္ လြတ္လပ္ေရးေန႔က သမိုင္း၀င္ ေသမင္းတမန္မီးရထား လမ္းျပတိုက္ဖြင့္လွစ္ခဲ့ၿပီး စစ္အ စိုးရလက္ထက္ နာဂစ္မုန္တုိင္း သဘာ၀ေဘးႏွင့္ ဂ်ပန္ေခတ္က အသက္ေပးခဲ့ရေသာ အလုပ္သမားမ်ားကုိ ႏိႈင္းယွဥ္၍ မြန္ျပည္နယ္၀န္ႀကီးခ်ဳပ္က အဖြင့္စကားတြင္ ထည့္သြင္းေျပာၾကားသည္။

‘‘အစာေရစာငတ္ျပတ္ၿပီး ေဖာက္လုပ္ခဲ့တဲ့အတြက္ တန္ဖိုး ရွိတဲ့ လမ္းျဖစ္တယ္။ နာဂစ္မွာ လူေပါင္းတစ္သိန္းသံုးေသာင္း ဟာ ျဗဳန္းဆိုၿပီး ေသသြားတာဟာ တန္ဖိုးမရွိဘဲနဲ႔ ေသသြားၾကတာ။ အခုဒီေသမင္းတမန္လမ္းဟာ ရွစ္ ေသာင္းေက်ာ္ ျပည္သူျပည္သား မ်ား အသက္ေပးလိုက္တာဟာ တန္ဖိုးရွိတယ္။ ေနာက္ဆို ဒီရွစ္ ေသာင္းေက်ာ္အတြက္ အထိမ္း အမွတ္အေနနဲ႔ ေက်ာက္စာတိုင္ ကို စိုက္ပါဦးမယ္’’ဟု မြန္ျပည္ နယ္၀န္ႀကီးခ်ဳပ္ ဦးအုန္းျမင့္က ေသမင္းတမန္မီးရထားလမ္း ျပ တိုက္ဖြင့္ပဲြတြင္ အဖြင့္စကားေျပာ ဆုိခဲ့ျခင္းျဖစ္သည္။

ေသမင္းတမန္ မီးရထား လမ္းေဖာက္လုပ္စဥ္က ဂ်ပန္တပ္ ခဲြမွဴး အဆင့္ျဖင့္ ကုိယ္တုိင္ပါ၀င္ ခဲ့သူ ဂ်ပန္လူမ်ိဳး Mr.Mikio Kinoshita သည္ ေသမင္းတမန္ မီးရထားလမ္းျပတိုက္ဖြင့္လွစ္ သည့္ေန႔တြင္ တက္ေရာက္ခဲ့ သည္။

‘‘မီးရထားလမ္းေဖာက္လုပ္ ဖို႔ လူေတြလိုတဲ့အတြက္ ျမန္မာ လူမ်ိဳးေတြကို စုေဆာင္းခဲ့တယ္။ အစားအေသာက္ရွားပါးလို႔ ျမန္မာေတာ္ေတာ္မ်ားမ်ား ၀မ္း ေရာဂါနဲ႔ေသသြားၾကတာကို ကၽြန္ ေတာ္မွတ္မိပါတယ္။ ပင္ပန္းလို႔ ေသတာက နည္းပါတယ္။ အဲဒီ တုန္းက ကၽြန္ေတာ္က အသက္ (၂၄)ႏွစ္ပဲရွိပါေသးတယ္’’ဟု အ သက္(၉၅)ႏွစ္အရြယ္ရွိ မစၥတာမီခီအုိကီႏုိခ်ီတာကေျပာသည္။ ဒုတိယ ကမၻာစစ္အတြင္း ဂ်ပန္စစ္သား မ်ားအတြက္ ရိကၡာမ်ားပို႔ေဆာင္ ေရးလြယ္ကူေစရန္ ရည္ရြယ္ခ်က္ ျဖင့္ ေသမင္းတမန္မီးရထားလမ္း ေဖာက္လုပ္ခဲ့ျခင္းျဖစ္ေၾကာင္း Mr.Mikio Kinoshipta က ဆုိ သည္။ ေသမင္းတမန္မီးရထား လမ္းေဖာက္လုပ္ခဲ့စဥ္အတြင္း ျမန္မာလူမ်ိဳး ရွစ္ေသာင္းေက်ာ္ ႏွင့္ မဟာမိတ္တပ္သားတစ္ ေသာင္းေက်ာ္ အသက္ဆံုး႐ႈံးခဲ့ သည္။ အဆုိပါအခမ္းအနားကို လြတ္လပ္ေရးေန႔တြင္ ဖြင့္လွစ္ခဲ့ ျခင္းျဖစ္ၿပီး ေသဆံုးခဲ့သူမ်ားကို ခရီးသြားမ်ား သိရွိႏုိင္ရန္ ရည္ရြယ္ ေၾကာင္း သိရသည္။ ၁၉၄၂ တြင္ ဂ်ပန္တပ္မေတာ္မွ ဦးစီး၍ သံျဖဴ ဇရပ္ၿမိဳ႕နယ္မွ ထုိင္းႏုိင္ငံအထိ ေဖာက္လုပ္ခဲ့ၿပီး ၁၉၄၃ ေအာက္ တုိဘာ ၂၅ ရက္တြင္ ေဖာက္ လုပ္ၿပီးစီးခဲ့ေသာ ေသမင္းတမန္ မီးရထားလမ္းကို     တလမြန္ ကုမၸဏီက က်ပ္သိန္းသံုးေသာင္း ရင္းႏွီးျမႇဳပ္ႏွံ၍ ျပတိုက္တည္ ေဆာက္ဖြင့္လွစ္ခြင့္ရရွိထားျခင္း ျဖစ္သည္။
7Daydaily
.......................
နာဂစ်ကြောင့် လူတစ်သိန်းကျော် သေဆုံးမှုတန်ဖိုးမရှိဘဲ သေမင်းတမန်ရထားလမ်းအတွက် လူရှစ်သောင်းကျော် သေဆုံးမှုမှာ တန်ဖိုးရှိဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်ပြော

Byသန္တာလှိုင်On  Tue, 2016-01-05 11:52Locationသံဖြူဇရပ်Issue No.No.969 Tuesday, January 5, 2015

သေမင်းတမန်မီးရထားလမ်းပြတိုက်ဖွင့်ပွဲတွင် ကျောက်မီးသွေးသုံးမီးရထားစက်ခေါင်းကိုတွေ့ရစဉ်
 နာဂစ်တွင် လူပေါင်း တစ်သိန်းကျော်သေဆုံးမှုသည် တန်ဖိုးမရှိဘဲ သေမင်းတမန်မီးရ ထားလမ်းတွင် လူပေါင်းရှစ် သောင်းကျော်အသက်ပေးလိုက် ခြင်းသည် တန်ဖိုးရှိကြောင်း မွန် ပြည်နယ်ဝန်ကြီးချုပ်ဦးအုန်းမြင့် က ပြောသည်။

မွန်ပြည်နယ် သံဖြူဇရပ်မြို့ နယ်တွင် လွတ်လပ်ရေးနေ့က သမိုင်းဝင် သေမင်းတမန်မီးရထား လမ်းပြတိုက်ဖွင့်လှစ်ခဲ့ပြီး စစ်အ စိုးရလက်ထက် နာဂစ်မုန်တိုင်း သဘာဝဘေးနှင့် ဂျပန်ခေတ်က အသက်ပေးခဲ့ရသော အလုပ်သမားများကို နှိုင်းယှဉ်၍ မွန်ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်စကားတွင် ထည့်သွင်းပြောကြားသည်။

‘‘အစာရေစာငတ်ပြတ်ပြီး ဖောက်လုပ်ခဲ့တဲ့အတွက် တန်ဖိုး ရှိတဲ့ လမ်းဖြစ်တယ်။ နာဂစ်မှာ လူပေါင်းတစ်သိန်းသုံးသောင်း ဟာ ဗြုန်းဆိုပြီး သေသွားတာဟာ တန်ဖိုးမရှိဘဲနဲ့ သေသွားကြတာ။ အခုဒီသေမင်းတမန်လမ်းဟာ ရှစ် သောင်းကျော် ပြည်သူပြည်သား များ အသက်ပေးလိုက်တာဟာ တန်ဖိုးရှိတယ်။ နောက်ဆို ဒီရှစ် သောင်းကျော်အတွက် အထိမ်း အမှတ်အနေနဲ့ ကျောက်စာတိုင် ကို စိုက်ပါဦးမယ်’’ဟု မွန်ပြည် နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်က သေမင်းတမန်မီးရထားလမ်း ပြ တိုက်ဖွင့်ပွဲတွင် အဖွင့်စကားပြော ဆိုခဲ့ခြင်းဖြစ်သည်။

သေမင်းတမန် မီးရထား လမ်းဖောက်လုပ်စဉ်က ဂျပန်တပ် ခွဲမှူး အဆင့်ဖြင့် ကိုယ်တိုင်ပါ၀င် ခဲ့သူ ဂျပန်လူမျိုး Mr.Mikio Kinoshita သည် သေမင်းတမန် မီးရထားလမ်းပြတိုက်ဖွင့်လှစ် သည့်နေ့တွင် တက်ရောက်ခဲ့ သည်။

‘‘မီးရထားလမ်းဖောက်လုပ် ဖို့ လူတွေလိုတဲ့အတွက် မြန်မာ လူမျိုးတွေကို စုဆောင်းခဲ့တယ်။ အစားအသောက်ရှားပါးလို့ မြန်မာတော်တော်များများ ၀မ်း ရောဂါနဲ့သေသွားကြတာကို ကျွန် တော်မှတ်မိပါတယ်။ ပင်ပန်းလို့ သေတာက နည်းပါတယ်။ အဲဒီ တုန်းက ကျွန်တော်က အသက် (၂၄)နှစ်ပဲရှိပါသေးတယ်’’ဟု အ သက်(၉၅)နှစ်အရွယ်ရှိ မစ္စတာမီခီအိုကီနိုချီတာကပြောသည်။ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်စစ်သား များအတွက် ရိက္ခာများပို့ဆောင် ရေးလွယ်ကူစေရန် ရည်ရွယ်ချက် ဖြင့် သေမင်းတမန်မီးရထားလမ်း ဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း Mr.Mikio Kinoshipta က ဆို သည်။ သေမင်းတမန်မီးရထား လမ်းဖောက်လုပ်ခဲ့စဉ်အတွင်း မြန်မာလူမျိုး ရှစ်သောင်းကျော် နှင့် မဟာမိတ်တပ်သားတစ် သောင်းကျော် အသက်ဆုံးရှုံးခဲ့ သည်။ အဆိုပါအခမ်းအနားကို လွတ်လပ်ရေးနေ့တွင် ဖွင့်လှစ်ခဲ့ ခြင်းဖြစ်ပြီး သေဆုံးခဲ့သူများကို ခရီးသွားများ သိရှိနိုင်ရန် ရည်ရွယ် ကြောင်း သိရသည်။ ၁၉၄၂ တွင် ဂျပန်တပ်မတော်မှ ဦးစီး၍ သံဖြူ ဇရပ်မြို့နယ်မှ ထိုင်းနိုင်ငံအထိ ဖောက်လုပ်ခဲ့ပြီး ၁၉၄၃ အောက် တိုဘာ ၂၅ ရက်တွင် ဖောက် လုပ်ပြီးစီးခဲ့သော သေမင်းတမန် မီးရထားလမ်းကို     တလမွန် ကုမ္ပဏီက ကျပ်သိန်းသုံးသောင်း ရင်းနှီးမြှုပ်နှံ၍ ပြတိုက်တည် ဆောက်ဖွင့်လှစ်ခွင့်ရရှိထားခြင်း ဖြစ်သည်။
7Daydaily

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...