Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဦးသိန္းစိန္အစိုးရက ၅ရက္သာ ႏိုင္ငံေရးေဆြးေႏြးမည္

$
0
0
သတင္း  ျပည္တြင္း  ႏိုင္ငံေရး
ဟိန္းကိုစိုး
ရန္ကုန္၊ ဇန္န၀ါရီ ၅။          ။အပစ္အခတ္ရပ္စဲေရးလက္မွတ္ေရးထိုးၿပီးသည့္ အဖြဲ႔ ၈ဖြဲ႔ႏွင့္ ဦးသိန္းစိန္အစိုးရတို႔က ႏုိင္ငံေရးေဆြးေႏြးမႈကို ၅ရက္သာေဆြးေႏြးမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေဆြးေႏြးမႈပူးတြဲအဖြဲ႔ အတြင္းေရးမွဴး ဦးစိုင္းေက်ာ္ညႊန္႔က ဇန္န၀ါရီ ၅ရက္တြင္မဇၥ်ိမကိုေျပာသည္။

လက္ရိွအစိုးရႏွင့္ အပစ္ရပ္တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔တို႔က ႏိုင္ငံေရးေဆြးေႏြးပြဲကို ၁၂ရက္မွ ၁၆ရက္အထိ ေနျပည္ေတာ္တြင္ ျပဳလုပ္ရန္ ဇန္န၀ါရီ ၅ရက္တြင္ျပဳလုပ္သည့္ ၏ UPDJC အတြင္းေရးမွဴးအဖြဲ႔ အစည္းအေ၀းတြင္ ဦးေအာင္မင္းကတင္ျပခဲ့ျခင္းျဖစ္သည္ဟု ၄င္းကဆိုသည္။

"အခုအစိုးရသက္တမ္းလည္း ကုန္ေတာ့မွာဆိုေတာ့ ၅ရက္အတြင္းေဆြးေႏြးၿပီး က်န္တာကိုေနာင္အစိုးရနဲ႔ ဆက္ၿပီးသြားဖို႔ေျပာတာပါ။ အဲဒီေတာ့ဒီေန႔အစည္းအေ၀းမွာ ၅ရက္အတြင္း ဘာေတြေဆြးေႏြးမယ္ဆိုတာကို ေဆြးေႏြးၾကတယ္။ ၅ရက္မွာ အလြန္ဆံုး ၃ရက္ေလာက္ပဲေဆြးေႏြးႏိုင္မွာ။ က်န္တဲ့ရက္ေတြက မိန္႔ခြန္းေျပာတာ ဘာညာနဲ႔ကုန္မွာပါ။"ဟု ဦးစိုင္းေက်ာ္ညႊန္႔ကေျပာသည္။

ႏိုင္ငံေရးေဆြးေႏြးပြဲမ်ားကို ေနျပည္ေတာ္ရိွ၊ အားကစားရြာအျဖစ္တည္ေဆာက္ထားေသာ အေဆာက္အဦးမ်ား တြင္က်င္းပရန္လည္း ရည္ရြယ္ထားေၾကာင္း UPDJC ဒု-ဥကၠ႒ ဦးသုေ၀ကဆိုသည္။

ႏိုင္ငံေရးေဆြးေႏြးပြဲမ်ား က်င္းပႏိုင္ေရးအတြက္ UPDJC အတြင္းေရးမွဴးအဖြဲ႔က ဦးေဆာင္လုပ္ငန္းမ်ားကို ေဆာင္ရြက္ျခင္းျဖစ္ၿပီး အတြင္းေရးမွဴးအဖြဲ႔အစည္းအေ၀းကို ဇန္န၀ါရီ၊ ၅၊ ၆ ႏွင့္ ၇ရက္ေန႔အထိ ရန္ကုန္ရိွ ျမန္မာႏိုင္ငံၿငိမ္းခ်မ္းေရးျပန္လည္ထူေထာင္ေရးဗဟို႒ာနတြင္ ျပဳလုပ္ေနျခင္းျဖစ္သည္။

ယင္းအတြင္းေရးမွဴးအစည္းအေ၀းၿပီးပါက အစည္းအေ၀းတြင္ေဆြးေႏြးထားသည့္အေၾကာင္းအရာမ်ားကို ဆံုးျဖတ္မည့္ UPDJC အစည္းအေ၀းကို ေနျပည္ေတာ္တြင္ ဇန္န၀ါရီ ၉ရက္ႏွင့္ ၁၀ရက္တြင္ ျပဳလုပ္ရန္ လ်ာထားသည္။

ဦးသိန္းစိန္အစိုးရက ကရင္အမ်ိဳးသားအစည္းအရံုး၊ ရွမ္းျပည္ျပည္လည္ထူေထာင္ေရးေကာင္စီတို႔အပါအ၀င္ လက္နက္ကိုင္ ၈ဖြဲ႔ျဖင့္ ေအာက္တိုဘာ ၁၅ရက္တြင္ အပစ္ရပ္လက္မွတ္ေရးခဲ့ၿပီး အပစ္ရပ္စာခ်ဳပ္ပါ ဂတိျပဳခ်က္မ်ားအရ ႏိုင္ငံေရးမူေဘာင္ႏွင့္ ႏိုင္ငံေရးေဆြးေႏြးပြဲမ်ားကို ျပဳလုပ္ရန္ျပင္ဆင္ေနျခင္းလည္းျဖစ္သည္။

ဦးသိန္းစိန္အစိုးရသည္ ၂၀၁၆ခုႏွစ္ မတ္လ ၃၁ရက္ေန႔တြင္ သက္တမ္းကုန္ဆံုးမည္ျဖစ္ၿပီး ၂၀၁၅ခုႏွစ္အႏိုင္ရပါတီ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္သို႔ တာ၀န္လႊဲေျပာင္းရမည္ျဖစ္သည္။

- See more at: http://mizzimaburmese.com/article/9434#sthash.Me8Zhb8k.EpDIfwce.dpuf
............
ဦးသိန်းစိန်အစိုးရက ၅ရက်သာ နိုင်ငံရေးဆွေးနွေးမည်
သတင်း  ပြည်တွင်း  နိုင်ငံရေး
ဟိန်းကိုစိုး
ရန်ကုန်၊ ဇန်နဝါရီ ၅။          ။အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီးသည့် အဖွဲ့ ၈ဖွဲ့နှင့် ဦးသိန်းစိန်အစိုးရတို့က နိုင်ငံရေးဆွေးနွေးမှုကို ၅ရက်သာဆွေးနွေးမည်ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းကျော်ညွှန့်က ဇန်နဝါရီ ၅ရက်တွင်မဇ္စျိမကိုပြောသည်။

လက်ရှိအစိုးရနှင့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့က နိုင်ငံရေးဆွေးနွေးပွဲကို ၁၂ရက်မှ ၁၆ရက်အထိ နေပြည်တော်တွင် ပြုလုပ်ရန် ဇန်နဝါရီ ၅ရက်တွင်ပြုလုပ်သည့် ၏ UPDJC အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးတွင် ဦးအောင်မင်းကတင်ပြခဲ့ခြင်းဖြစ်သည်ဟု ၄င်းကဆိုသည်။

"အခုအစိုးရသက်တမ်းလည်း ကုန်တော့မှာဆိုတော့ ၅ရက်အတွင်းဆွေးနွေးပြီး ကျန်တာကိုနောင်အစိုးရနဲ့ ဆက်ပြီးသွားဖို့ပြောတာပါ။ အဲဒီတော့ဒီနေ့အစည်းအဝေးမှာ ၅ရက်အတွင်း ဘာတွေဆွေးနွေးမယ်ဆိုတာကို ဆွေးနွေးကြတယ်။ ၅ရက်မှာ အလွန်ဆုံး ၃ရက်လောက်ပဲဆွေးနွေးနိုင်မှာ။ ကျန်တဲ့ရက်တွေက မိန့်ခွန်းပြောတာ ဘာညာနဲ့ကုန်မှာပါ။"ဟု ဦးစိုင်းကျော်ညွှန့်ကပြောသည်။

နိုင်ငံရေးဆွေးနွေးပွဲများကို နေပြည်တော်ရှိ၊ အားကစားရွာအဖြစ်တည်ဆောက်ထားသော အဆောက်အဦးများ တွင်ကျင်းပရန်လည်း ရည်ရွယ်ထားကြောင်း UPDJC ဒု-ဥက္ကဋ္ဌ ဦးသုဝေကဆိုသည်။

နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် UPDJC အတွင်းရေးမှူးအဖွဲ့က ဦးဆောင်လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြစ်ပြီး အတွင်းရေးမှူးအဖွဲ့အစည်းအဝေးကို ဇန်နဝါရီ၊ ၅၊ ၆ နှင့် ရရက်နေ့အထိ ရန်ကုန်ရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးဗဟိုဋ္ဌာနတွင် ပြုလုပ်နေခြင်းဖြစ်သည်။

ယင်းအတွင်းရေးမှူးအစည်းအဝေးပြီးပါက အစည်းအဝေးတွင်ဆွေးနွေးထားသည့်အကြောင်းအရာများကို ဆုံးဖြတ်မည့် UPDJC အစည်းအဝေးကို နေပြည်တော်တွင် ဇန်နဝါရီ ၉ရက်နှင့် ၁၀ရက်တွင် ပြုလုပ်ရန် လျာထားသည်။

ဦးသိန်းစိန်အစိုးရက ကရင်အမျိုးသားအစည်းအရုံး၊ ရှမ်းပြည်ပြည်လည်ထူထောင်ရေးကောင်စီတို့အပါအဝင် လက်နက်ကိုင် ၈ဖွဲ့ဖြင့် အောက်တိုဘာ ၁၅ရက်တွင် အပစ်ရပ်လက်မှတ်ရေးခဲ့ပြီး အပစ်ရပ်စာချုပ်ပါ ဂတိပြုချက်များအရ နိုင်ငံရေးမူဘောင်နှင့် နိုင်ငံရေးဆွေးနွေးပွဲများကို ပြုလုပ်ရန်ပြင်ဆင်နေခြင်းလည်းဖြစ်သည်။

ဦးသိန်းစိန်အစိုးရသည် ၂၀၁၆ခုနှစ် မတ်လ ၃၁ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၂၀၁၅ခုနှစ်အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ တာဝန်လွှဲပြောင်းရမည်ဖြစ်သည်။

- See more at: http://mizzimaburmese.com/article/9434#sthash.Me8Zhb8k.EpDIfwce.dpuf

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...