Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ေမာ္လၿမိဳင္မွာ သတင္းစာရွင္းလင္းပြဲ ဦးေဆာင္သူတစ္ဦး ရုိက္ႏွက္ဖမ္းဆီးခံရ

$
0
0

မြန္ျပည္နယ္၊ က်ဳိက္ထိုၿမိဳ႕နယ္ သိမ္ဇရပ္တုိက္နယ္ ၀ါးဒက္ကြင္းေက်းရြာက ေျမဧက ၁၀၀ နီးပါးမွာ ၀င္ေရာက္ေန ထိုင္ၾကသူေတြဟာ ဒီေန႔ ေမာ္လၿမိဳင္ၿမိဳ႕မွာ သတင္းစာရွင္းလင္းပဲြက်င္းပစဥ္ ဦးေဆာင္သူတစ္ဦးကို ရဲတပ္ဖဲ႔ြက ဖမ္းဆီးသြားပါတယ္။

သတင္းစာရွင္းလင္းပြဲျပဳလုပ္ေနစဥ္ ဦးေမာင္ေရႊဆိုသူကို ရိုက္ႏွက္ဖမ္းဆီးသြားတာျဖစ္ၿပီး ႏုိင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅(ခ) နဲ႔ က်ဳိက္ထိုၿမိဳ႕နယ္ရဲစခန္းကို ေခၚေဆာင္သြားတယ္လို႔ အဲဒီ သတင္းစာရွင္းလင္းပဲြမွာ တက္ေရာက္ခဲ့တဲ့ ၀ါးဒက္ကြင္းေက်းရြာသူ မအညာသူ ကေျပာပါတယ္။

"က်မတို႔ကို ညွင္းပမ္းႏွိပ္စက္တယ္၊ ရိုက္ႏွက္ထိုးညပီး လူေတြကို အတင္းဆြဲ ရမ္းရမ္းကားကားလုပ္၊ မိန္းကေလးေတြကိုဆြဲခ်၊ အဲ့လိုအမ်ဳိးမ်ဳိး ညွင္းပမ္းႏွိပ္စက္တာကို မခံႏိုင္လို႔ ျပည္သူေတြသိေအာင္ဆိုၿပီး သတင္းစာရွင္းလင္းပြဲကိုလုပ္တာ ရဲေတြက အကြက္ဆင္ၿပီး စနစ္က်က်နဲ႔ က်မတို႔ကို ဆီးဖမ္းတယ္၊ အဲ့သတင္းစာရွင္းလင္းပြဲမွာ ဦးေမာင္ေရႊကို ေလာေလာဆယ္ ပုဒ္မ ၅ဝ၅(ခ)နဲ႔ ဖမ္းသြားတယ္"

ၿပီးခဲ့တဲ့ ၂၀၁၄ ခုႏွစ္က က်ဳိက္ထုိၿမိဳ႕နယ္မွာရွိတဲ့ အိမ္မဲ့ယာမဲ့ေတြကို ၀ါးဒက္ကြင္းေက်းရြာက ေျမဧက ၁၀၀ နီးပါး မွာ ေနထိုင္ဖို႔ဆုိၿပီး မြန္ျပည္နယ္အစိုးရက ေနရာခ်ထားေပးခဲ့ပါတယ္။ အဲဒီေျမေနရာမွာ ေနအိမ္ ၆၀၀ ေလာက္ ရွိၿပီး ေနထိုင္ၾကသူေတြဟာ ၿမိဳ႕ခံေတြနဲ႔ ဧရာ၀တီတုိင္း၊ ပဲခူးတုိင္းတုိ႔ဘက္ကေန ေျပာင္းေရႊ႕လာသူေတြ ျဖစ္တယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ႏုိ၀င္ဘာလကစၿပီး ၿမိဳ႕နယ္ ရပ္ကြက္ တုိက္နယ္ အုပ္ခ်ဳပ္ေရးမွဴးေတြက ေျမကြက္ေတြကို ေရာင္းခ်တာေတြ ရွိလာၿပီး ေနအိမ္ေတြကို ရဲတပ္ဖဲြ႔၀င္ေတြက ဖ်က္ဆီးဖယ္ရွားတာေတြ ၿခိမ္းေျခာက္တာေတြ ရွိလာတယ္လို႔ သတင္းစာရွင္းလင္းပဲြ ဦးေဆာင္က်င္းပသူေတြက ေျပာပါတယ္။

အဲဒီလိုဖ်က္ဆီးဖယ္ရွားရာမွာ တားျမစ္ခဲ့သူ ၃ဦးကို ႏုိင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅(ခ) နဲ႔ ဖမ္း၀ရမ္း ထုတ္ထားတာျဖစ္ၿပီး ၀ရမ္းထုတ္ခံထားရသူ ၃ဦးထဲက ဦးေမာင္ေရႊဆုိသူကို ဒီေန႔ ၀င္ေရာက္ဖမ္းဆီးခဲ့တာျဖစ္ ပါတယ္။

RFA Burmese
http://www.rfa.org/burmese
.................


မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်တိုက်နယ် ၀ါးဒက်ကွင်းကျေးရွာက မြေဧက ၁၀၀ နီးပါးမှာ ၀င်ရောက်နေ ထိုင်ကြသူတွေဟာ ဒီနေ့ မော်လမြိုင်မြို့မှာ သတင်းစာရှင်းလင်းပွဲကျင်းပစဉ် ဦးဆောင်သူတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားပါတယ်။

သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် ဦးမောင်ရွှေဆိုသူကို ရိုက်နှက်ဖမ်းဆီးသွားတာဖြစ်ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ ကျိုက်ထိုမြို့နယ်ရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့ အဲဒီ သတင်းစာရှင်းလင်းပွဲမှာ တက်ရောက်ခဲ့တဲ့ ၀ါးဒက်ကွင်းကျေးရွာသူ မအညာသူ ကပြောပါတယ်။

"ကျမတို့ကို ညှင်းပမ်းနှိပ်စက်တယ်၊ ရိုက်နှက်ထိုးညပီး လူတွေကို အတင်းဆွဲ ရမ်းရမ်းကားကားလုပ်၊ မိန်းကလေးတွေကိုဆွဲချ၊ အဲ့လိုအမျိုးမျိုး ညှင်းပမ်းနှိပ်စက်တာကို မခံနိုင်လို့ ပြည်သူတွေသိအောင်ဆိုပြီး သတင်းစာရှင်းလင်းပွဲကိုလုပ်တာ ရဲတွေက အကွက်ဆင်ပြီး စနစ်ကျကျနဲ့ ကျမတို့ကို ဆီးဖမ်းတယ်၊ အဲ့သတင်းစာရှင်းလင်းပွဲမှာ ဦးမောင်ရွှေကို လောလောဆယ် ပုဒ်မ ၅ဝ၅(ခ)နဲ့ ဖမ်းသွားတယ်"

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က ကျိုက်ထိုမြို့နယ်မှာရှိတဲ့ အိမ်မဲ့ယာမဲ့တွေကို ၀ါးဒက်ကွင်းကျေးရွာက မြေဧက ၁၀၀ နီးပါး မှာ နေထိုင်ဖို့ဆိုပြီး မွန်ပြည်နယ်အစိုးရက နေရာချထားပေးခဲ့ပါတယ်။ အဲဒီမြေနေရာမှာ နေအိမ် ၆၀၀ လောက် ရှိပြီး နေထိုင်ကြသူတွေဟာ မြို့ခံတွေနဲ့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့ဘက်ကနေ ပြောင်းရွှေ့လာသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နို၀င်ဘာလကစပြီး မြို့နယ် ရပ်ကွက် တိုက်နယ် အုပ်ချုပ်ရေးမှူးတွေက မြေကွက်တွေကို ရောင်းချတာတွေ ရှိလာပြီး နေအိမ်တွေကို ရဲတပ်ဖွဲ့ဝင်တွေက ဖျက်ဆီးဖယ်ရှားတာတွေ ခြိမ်းခြောက်တာတွေ ရှိလာတယ်လို့ သတင်းစာရှင်းလင်းပွဲ ဦးဆောင်ကျင်းပသူတွေက ပြောပါတယ်။

အဲဒီလိုဖျက်ဆီးဖယ်ရှားရာမှာ တားမြစ်ခဲ့သူ ၃ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ ဖမ်းဝရမ်း ထုတ်ထားတာဖြစ်ပြီး ၀ရမ်းထုတ်ခံထားရသူ ၃ဦးထဲက ဦးမောင်ရွှေဆိုသူကို ဒီနေ့ ၀င်ရောက်ဖမ်းဆီးခဲ့တာဖြစ် ပါတယ်။

RFA Burmese
http://www.rfa.org/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>