ေျမာက္ကုိရီးယားႏုိင္ငံသည္ ဟုိက္ဒ႐ုိဂ်င္ဗံုးတစ္လံုးအား ပထမဆံုး အႀကိမ္အျဖစ္ ေအာင္ျမင္စြာ စမ္းသပ္ေဖာက္ခြဲႏုိင္ခဲ့ေၾကာင္း ဇန္န၀ါရီ ၆ ရက္ နံနက္တြင္ ေၾကညာခဲ့သည္။
ေျမာက္ကုိရီးယားႏုိင္ငံ ေျမာက္ပုိင္း၊ ကီလ္ဂ်ဴ ၿမဳိ႕မွ မုိင္ ၃၀ ခန္႔အကြာ ပန္ဂ်ီရီ ႏ်ဴကလီးယား စမ္းသပ္ဧရိယာတြင္ ရစ္ခ်္တာစေကး ၅.၁ ရွိ ငလ်င္တစ္ခု လႈပ္ခတ္သြားေၾကာင္း ႏုိင္ငံတကာရွိ ငလ်င္ တုိင္းတာေရးစခန္းမ်ားက တုိင္းတာရရွိၿပီးေနာက္ နာရီပုိင္းအၾကာတြင္ ေျမာက္ကုိရီးယားက အထက္ပါအတုိင္း ေၾကညာခဲ့ျခင္း ျဖစ္သည္။
ေျမာက္ကုိရီးယားႏုိင္ငံပုိင္ KCTV တြင္ ထုတ္လႊင့္ခဲ့သည့္ ေၾကညာခ်က္တြင္ “အလုပ္သမားပါတီ၏ မဟာဗ်ဴဟာ သႏိၷ႒ာန္ကုိ အေျခခံ၍ ပထမဆံုး ဟုိက္ဒ႐ုိဂ်င္ဗံုး စမ္းသပ္ေဖာက္ခြဲျခင္းအား ၂၀၁၆ ဇန္န၀ါရီ ၆ ရက္ နံနက္ ၁၀ နာရီတြင္ ေအာင္ျမင္စြာ ျပဳလုပ္ႏုိင္ခဲ့သည္” ဟု ေဖာ္ျပခဲ့သည္။
စမ္းသပ္မႈ ျပဳလုပ္ခဲ့သည့္ ဧရိယာသည္ ၂၀၀၆ ၊ ၂၀၀၉ ႏွင့္ ၂၀၁၃ တြင္ ႏ်ဴကလီးယားဗံုး စမ္းသပ္မႈမ်ား
ျပဳလုပ္ခဲ့သည့္ ေနရာျဖစ္သည္။
ေတာင္ကုိရီးယားႏုိင္ငံ လက္ေထာက္ႏုိင္ငံျခားေရး၀န္ႀကီး လင္ဆမ္နမ္က ေျမာက္ကုိရီးယား၏ ဟုိက္ဒ႐ုိဂ်င္ဗံုး စမ္းသပ္မႈသည္ ကုလသမဂၢ လံုၿခဳံေရး ေကာင္စီ၏ ဆံုးျဖတ္ခ်က္ကုိ ေဖာက္ဖ်က္ျခင္း ျဖစ္သည္ဟု ေျပာၾကားခဲ့သည္။
Ref; Koreatimes
KHTun
The Ladies News Journal
https://www.facebook.com/News.TheLadies
.............
မြောက်ကိုရီးယားနိုင်ငံသည် ဟိုက်ဒရိုဂျင်ဗုံးတစ်လုံးအား ပထမဆုံး အကြိမ်အဖြစ် အောင်မြင်စွာ စမ်းသပ်ဖောက်ခွဲနိုင်ခဲ့ကြောင်း ဇန်နဝါရီ ၆ ရက် နံနက်တွင် ကြေညာခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံ မြောက်ပိုင်း၊ ကီလ်ဂျူ မြို့မှ မိုင် ၃၀ ခန့်အကွာ ပန်ဂျီရီ နျူကလီးယား စမ်းသပ်ဧရိယာတွင် ရစ်ချ်တာစကေး ၅.၁ ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း နိုင်ငံတကာရှိ ငလျင် တိုင်းတာရေးစခန်းများက တိုင်းတာရရှိပြီးနောက် နာရီပိုင်းအကြာတွင် မြောက်ကိုရီးယားက အထက်ပါအတိုင်း ကြေညာခဲ့ခြင်း ဖြစ်သည်။
မြောက်ကိုရီးယားနိုင်ငံပိုင် KCTV တွင် ထုတ်လွှင့်ခဲ့သည့် ကြေညာချက်တွင် “အလုပ်သမားပါတီ၏ မဟာဗျူဟာ သန္နိဋ္ဌာန်ကို အခြေခံ၍ ပထမဆုံး ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ဖောက်ခွဲခြင်းအား ၂၀၁၆ ဇန်နဝါရီ ၆ ရက် နံနက် ၁၀ နာရီတွင် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်” ဟု ဖော်ပြခဲ့သည်။
စမ်းသပ်မှု ပြုလုပ်ခဲ့သည့် ဧရိယာသည် ၂၀၀၆ ၊ ၂၀၀၉ နှင့် ၂၀၁၃ တွင် နျူကလီးယားဗုံး စမ်းသပ်မှုများ
ပြုလုပ်ခဲ့သည့် နေရာဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး လင်ဆမ်နမ်က မြောက်ကိုရီးယား၏ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုသည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်ကို ဖောက်ဖျက်ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။
Ref; Koreatimes
KHTun
The Ladies News Journal
https://www.facebook.com/News.TheLadies