Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

နမ်းရှုံ့ခြင်းဟာ ဆေးလိပ်သောက်ခြင်းထက် ဦးခေါင်းနှင့်လည်ပင်းကင်ဆာ ပိုဖြစ်နိုင်

$
0
0


ဆေးလိပ်သောက်တာ၊ အရက်သောက်တာတွေဟာ ဦးခေါင်းနဲ့လည်ပင်းကင်ဆာ ဖြစ်နိုင်တဲ့ အဓိက အန္တရာယ်ရှိအချက်တွေဖြစ်ပါတယ်။ ဒီညွှန်ကိန်းတွေကိုကျော်သွားတာကတော့ နမ်းတာပဲဖြစ်ပါတယ်။

ဖရန့်ခ်ျကစ်စ်လို့ပြောကြတဲ့ နှုတ်ခမ်းခြင်းနမ်းတာဟာ ကင်ဆာကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်တဲ့ human papillomavirus (HPV) ကိုကူးစက်စေနိုင်ပြီး ဒီဗိုင်းရပ်စ်ဟာ ဦးခေါင်းနဲ့လည်ပင်းကင်ဆာကို ၇၀ရာခိုင်နှုန်းဖြစ်စေနိုင်တယ်လို့ Royal Darwin ဆေးရုံမှ Dr Mahiban Thomas ကပြောခဲ့ပါတယ်။

အကယ်၍သင်ဟာ HPV ဗိုင်းရပ်စ် ကူးစက်ခံရခဲ့မယ်ဆိုရင် သင့်မှာ ဦးခေါင်းနဲ့လည်ပင်း ကင်ဆာဖြစ်နိုင်ချေဟာ ဗိုင်းရပ်စ်မရှိသူနဲ့ယှဉ်ရင် အဆ ၂၅၀ မြင့်တက်သွားမှာပါ။ HPV ဟာ အမျိုးသားရော၊ အမျိုးသမီးကိုပါ သက်ရောက်မှုရှိပါတယ်။

ဗိုင်းရပ်စ် အမျိုးပေါင်း ၁၀၀ကျော်ရှိပေမဲ့ အန္တရာယ်မြင့် HPV အမျိုးအစားကတော့ ၈ခုပဲရှိတယ်လို့ သိရပါတယ်။

ရောဂါထိန်းချုပ်ရေး နဲ့ ကာကွယ်ရေး ဌာနက ပြုလုပ်ခဲ့တဲ့ လေ့လာမှု အရတော့ HPV ဟာ Oral Sex လို့ ခေါ်တဲ့ ပါးစပ် နဲ့ လိင်ဆက်ဆံခြင်း မှာလည်း ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။

"အမေရိက က ထွက်ပေါ်လာတဲ့ ရလဒ်တွေကို သင်ကြည့်လိုက်ပါ။ ၇၀ ရာခိုင်နှုန်းသော ဦးနှောက်နဲ့ လည်ပင်း ကင်ဆာတွေအားလုံးဟာ HPV ကြောင့်ဖြစ်လာတာတွေပါ။ ပြောမယ်ဆိုရင် ဆေးလိပ်သောက်တာတို့ အရက်သောက်တာတို့ထက်ပိုဆိုးတဲ့ ရောဂါဖြစ်နိုင်ချေ သက်ရောင်မှုတွေဖြစ်စေပါတယ်။ HPV ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့သူတွေဟာ HPV ဗိုင်းရပ်စ်မရှိတဲ့သူတွေထက် အဆ ၂၅၀ ထိ ကင်ဆာဖြစ်နိုင်ချေရှိနေပါတယ်"လို့ ရောဂါထိန်းချုပ်ရေး နဲ့ ကာကွယ်ရေးဌာန က ဒေါက်တာ သောမတ်စ် က ဆိုပါတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>