Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ငါးေထာင္က်ပ္ႏွင့္ တစ္ေထာင္က်ပ္တန္ ေငြစကၠဴအတုမ်ား လဲလွယ္ေသာ ကုမၸဏီကို စီအိုင္ဒီ စစ္ေဆး

$
0
0
ရန္ကုန္၊ ဇန္နဝါရီ ၆
ပန္းဘဲတန္းၿမဳိ႕နယ္၊ ကမ္းနားလမ္းႏွင့္ ဗိုလ္ဆြန္ပက္လမ္းေထာင့္ရွိ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ လက္ေအာက္ခံရွိ ေဟာင္းႏြမ္းေငြစကၠဴ လဲလွယ္ေရးဌာနတြင္ ဇန္နဝါရီလ ၅ ရက္ မြန္းလြဲ ၁ နာရီက ငါးေထာင္က်ပ္တန္ႏွင့္ တစ္ေထာင္က်ပ္တန္ ေငြစကၠဴ အတုမ်ားကို အမ်ဳိးသားတစ္ဦးအား လာေရာက္ လဲလွယ္ေစခိုင္းခဲ့ေသာ ကုမၸဏီတစ္ခုကို စီအိုင္ဒီအဖြဲ႔က စစ္ေဆးေနေၾကာင္း ပန္းဘဲတန္းၿမဳိ႕မ ရဲစခန္းထံမွ သိရွိရသည္။
ေငြစကၠဴအတုမ်ား လာေရာက္လဲလွယ္ခဲ့သူ အမ်ဳိးသားမွာ အသက္ ၁၈ ႏွစ္ အ႐ြယ္ရွိ ကုမၸဏီဝန္ထမ္းျဖစ္ၿပီး ၎ယူေဆာင္ခဲ့သည့္ ေဟာင္းႏြမ္းေငြစကၠဴ ၇ ေသာင္းေက်ာ္အနက္ ငါးေထာင္က်ပ္တန္ ေငြစကၠဴအတု ၁၇ ႐ြက္ႏွင့္ တစ္ေထာင္က်ပ္တန္ ေငြစကၠဴအတု ၂ ႐ြက္တို႔ကို ေတြ႔ရွိခဲ့ေသာေၾကာင့္ ယင္းဌာနမွ တာဝန္ရွိသူမ်ားက ရဲတပ္ဖြဲ႔ထံ သတင္းေပးပို႔ တိုင္ၾကားခဲ့ေၾကာင္း ပန္းဘဲတန္းၿမဳိ႕မ ရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာၾကားသည္။
“ေငြစကၠဴအတုေတြ လာလဲလွယ္ခဲ့သူက ကုမၸဏီဝန္ထမ္းျဖစ္ၿပီး သူ႔ကုမၸဏီက လဲလွယ္ခိုင္းခဲ့ေၾကာင္း ကုမၸဏီ တာဝန္ရွိသူက ၀န္ခံခဲ့ပါတယ္၊ သိမ္းဆည္းရမိတဲ့ ေငြစကၠဴအတု ပမာဏက အနည္းငယ္သာ ျဖစ္ၿပီး ေငြစကၠဴ အတုအစစ္ကို သူတို႔ေတြ အမွန္တကယ္ မခြဲျခားတတ္ေၾကာင္းကို ဝန္ခံထြက္ဆိုခဲ့တာေၾကာင့္ ရဲစခန္းမွာ လတ္တေလာ အမႈဖြင့္မထားေသးပါဘူး။ အေသးစိတ္ကို သိရေအာင္ ကုမၸဏီက တာဝန္ရွိသူေတြကို စီအိုင္ဒီက ဆက္လက္စစ္ေဆးေနပါတယ္” ဟု ၎က ဆက္လက္ေျပာၾကားသည္။
ယင္းေငြစကၠဴအတုမ်ား လဲလွယ္ခဲ့သည့္ ကုမၸဏီကို စီအိုင္ဒီက စစ္ေဆးေနေသာ္လည္း လတ္တေလာ စစ္ေဆးခ်က္မ်ားအရ ျပစ္မႈက်ဴးလြန္ေၾကာင္း ထင္ရွားမႈ မရွိေသးသျဖင့္ ကုမၸဏီ၏ အမည္ႏွင့္ လုပ္ငန္းတို႔ကို မေျပာၾကားလိုေၾကာင္း စီအိုင္ဒီမွ အရာရွိတစ္ဦးက ေျပာၾကားသည္။
The Voice Weekly
...........
ငါးထောင်ကျပ်နှင့် တစ်ထောင်ကျပ်တန် ငွေစက္ကူအတုများ လဲလှယ်သော ကုမ္ပဏီကို စီအိုင်ဒီ စစ်ဆေး
-------------------------------------------------
ရန်ကုန်၊ ဇန်နဝါရီ ၆
ပန်းဘဲတန်းမြို့နယ်၊ ကမ်းနားလမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ် လက်အောက်ခံရှိ ဟောင်းနွမ်းငွေစက္ကူ လဲလှယ်ရေးဌာနတွင် ဇန်နဝါရီလ ၅ ရက် မွန်းလွဲ ၁ နာရီက ငါးထောင်ကျပ်တန်နှင့် တစ်ထောင်ကျပ်တန် ငွေစက္ကူ အတုများကို အမျိုးသားတစ်ဦးအား လာရောက် လဲလှယ်စေခိုင်းခဲ့သော ကုမ္ပဏီတစ်ခုကို စီအိုင်ဒီအဖွဲ့က စစ်ဆေးနေကြောင်း ပန်းဘဲတန်းမြို့မ ရဲစခန်းထံမှ သိရှိရသည်။
ငွေစက္ကူအတုများ လာရောက်လဲလှယ်ခဲ့သူ အမျိုးသားမှာ အသက် ၁၈ နှစ် အရွယ်ရှိ ကုမ္ပဏီဝန်ထမ်းဖြစ်ပြီး ၎င်းယူဆောင်ခဲ့သည့် ဟောင်းနွမ်းငွေစက္ကူ ရ သောင်းကျော်အနက် ငါးထောင်ကျပ်တန် ငွေစက္ကူအတု ၁၇ ရွက်နှင့် တစ်ထောင်ကျပ်တန် ငွေစက္ကူအတု ၂ ရွက်တို့ကို တွေ့ရှိခဲ့သောကြောင့် ယင်းဌာနမှ တာဝန်ရှိသူများက ရဲတပ်ဖွဲ့ထံ သတင်းပေးပို့ တိုင်ကြားခဲ့ကြောင်း ပန်းဘဲတန်းမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“ငွေစက္ကူအတုတွေ လာလဲလှယ်ခဲ့သူက ကုမ္ပဏီဝန်ထမ်းဖြစ်ပြီး သူ့ကုမ္ပဏီက လဲလှယ်ခိုင်းခဲ့ကြောင်း ကုမ္ပဏီ တာဝန်ရှိသူက ၀န်ခံခဲ့ပါတယ်၊ သိမ်းဆည်းရမိတဲ့ ငွေစက္ကူအတု ပမာဏက အနည်းငယ်သာ ဖြစ်ပြီး ငွေစက္ကူ အတုအစစ်ကို သူတို့တွေ အမှန်တကယ် မခွဲခြားတတ်ကြောင်းကို ဝန်ခံထွက်ဆိုခဲ့တာကြောင့် ရဲစခန်းမှာ လတ်တလော အမှုဖွင့်မထားသေးပါဘူး။ အသေးစိတ်ကို သိရအောင် ကုမ္ပဏီက တာဝန်ရှိသူတွေကို စီအိုင်ဒီက ဆက်လက်စစ်ဆေးနေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ယင်းငွေစက္ကူအတုများ လဲလှယ်ခဲ့သည့် ကုမ္ပဏီကို စီအိုင်ဒီက စစ်ဆေးနေသော်လည်း လတ်တလော စစ်ဆေးချက်များအရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားမှု မရှိသေးသဖြင့် ကုမ္ပဏီ၏ အမည်နှင့် လုပ်ငန်းတို့ကို မပြောကြားလိုကြောင်း စီအိုင်ဒီမှ အရာရှိတစ်ဦးက ပြောကြားသည်။
The Voice Weekly

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>