သာေကတၿမိဳ႕နယ္၊ ၁၀၈ ေတာင္ ဘုရားလမ္းေရွ႕တြင္ ဇန္နဝါရီလ ၅ ရက္ နံနက္ ၁၁ နာရီခြဲက လမ္းပိတ္ ရပ္ထားသည့္ ခရီးသည္တင္ဒိုင္နာယာဥ္ကို ဖမ္းဆီးအေရးယူခဲ့ရာ ခရီးသည္ယာဥ္ေမာင္းက ရဲတပ္ဖြဲ႕ဝင္တစ္ဦးကို ထိုးႀကိတ္သျဖင့္ က်ဥ္စက္ျဖင့္ ဖမ္းဆီးခဲ့ေသာ ရဲတပ္သားႏွစ္ဦးကို က်ဥ္စက္ျဖင့္ ဖမ္းဆီးခံရသူက အမႈဖြင့္ထားေၾကာင္း ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္ ရဲတပ္ဖြဲ႕မႉး႐ုံးထံမွ သိရွိရသည္။
ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ ၊ အမွတ္(၁၆၈) ရပ္ကြက္တြင္ ေနထိုင္သည့္ အသက္ ၃၀ အ႐ြယ္ ဦးစိုးမိုးေအာင္ ေမာင္းႏွင္လာေသာ ယာဥ္လိုင္းအမွတ္ ၁၀၆(အနီ) ခရီးသည္တင္ ဒိုင္နာယာဥ္မွာ သန္လ်င္တံတား ခ်ဥ္းကပ္လမ္း ၁၀၈ ေတာင္ ဘုရားလမ္းေရွ႕တြင္ အခ်ိန္ၾကာျမင့္စြာ ရပ္နားထားသျဖင့္ ယာဥ္ေၾကာ ရွင္းလင္းေရး ေဆာင္႐ြက္ေနေသာ ယာဥ္ထိန္း ရဲတပ္ဖြဲ႕စု(၃၇) မွ တပ္သား ညီညီေဌးက ယာဥ္ေမာင္း၏ လိုင္စင္သိမ္းကာ ဖမ္းဆီး အေရးယူခဲ့စဥ္ ယာဥ္ေမာင္းက ထိုးႀကိတ္ ရန္ျပဳခဲ့ေၾကာင္း သာေကတ ၿမိဳ႕မ ရဲစခန္းထံမွ သိရွိရသည္။
“လမ္းလယ္ေခါင္ ကားပိတ္ရပ္ထားလို႔ ေနာက္ကားေတြ သြားလို႔ရေအာင္ ေရွ႕နည္းနည္း တိုးရပ္ေပးဖို႔ တပ္ဖြဲ႕ဝင္တစ္ေယာက္က အႀကိမ္ႀကိမ္ ေျပာခဲ့တယ္၊ ဒါေပမဲ့ ယာဥ္ေမာင္းက မလိုက္နာဘဲ ကားစက္ရပ္ၿပီး လမ္းမဖယ္ေပးဘဲ ဆက္ရပ္ေနလို႔ ယာဥ္ေမာင္း လိုင္စင္ ေတာင္းခဲ့တာ ၊ လိုင္စင္ေတာင္းတဲ့ ရဲကို အက်ႌေဆာင့္ ဆြဲၿပီး ယာဥ္ေမာင္းက ထိုးႀကိတ္ေနလို႔ ေဘးနားက တပ္ဖြဲ႕ဝင္ေတြက က်ဥ္စက္နဲ႔ ယာဥ္ေမာင္းကို ဝင္ဖမ္းတာ”ဟု ယင္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွ ရဲအရာရွိ တစ္ဦးက ေျပာၾကားသည္။
အဆိုပါ ယာဥ္ေမာင္း၏ ခိုက္ရန္ျပဳမႈေၾကာင့္ ယာဥ္ထိန္းရဲတပ္ဖြဲ႕စု(၃၇)မွ ရဲတပ္သား ညီညီေဌးမွာ နာက်င္ဒဏ္ရာမ်ား ရရွိခဲ့သျဖင့္ ယာဥ္ေမာင္းျဖစ္သူကို ဖမ္းဆီးကာ ျပည္သူ႕ဝန္ထမ္းကို နာက်င္ေစမႈ ျပစ္မႈပုဒ္မ ၃၃၂ ျဖင့္ အမႈဖြင့္ စစ္ေဆး ခဲ့ေၾကာင္း၊ အလားတူ ယာဥ္ေမာင္းအမ်ိဳးသားက က်ဥ္စက္ျဖင့္ ဝိုင္းဖမ္းဆီးခဲ့သည့္ တပ္သားႏွစ္ဦးကို ျပစ္မႈပုဒ္မ ၃၂၅။၁၁၄ ျဖင့္ ျပန္လည္ အမႈဖြင့္ တိုင္ၾကားခဲ့ေၾကာင္း ရန္ကုန္ အေရွ႕ပိုင္းခ႐ိုင္ ရဲတပ္ဖြဲ႕မႉး႐ုံးထံမွ သိရွိရသည္။
“က်င္စက္နဲ႔ ဖမ္းဆီးခံရသူက တရားလိုျပဳ အမႈဖြင့္တိုင္ၾကားခဲ့တာေၾကာင့္ တပ္ဖြဲ႕ဝင္ ႏွစ္ဦးကို အမႈဖြင့္ခဲ့ေပမယ့္ တာဝန္ရွိ ျပည္သူ႕ဝန္ထမ္းကိုဒဏ္ရာရေအာင္ သူက အရင္ျပဳခဲ့တာ ၊ ဥပေဒအရ မိမိအသက္ အႏၲရာယ္ကို ခုခံ ကာကြယ္ခြင့္ရွိပါတယ္၊ က်ဥ္စက္အသုံးျပဳခြင့္ကို တရားဝင္ခြင့္ျပဳခ်က္နဲ႔ တပ္ဖြဲ႕ဝင္ေတြက အသုံးျပဳေနတာပါ၊ တရားခြင္မွာ အျပစ္မရွိေၾကာင္း သက္ေသ ခိုင္လုံစြာ တင္ျပမွာပါ ”ဟု ယာဥ္ထိန္းရဲတပ္ဖြဲ႕စု (၃၇)မွ ရဲအရာရွိ တစ္ဦးက ေျပာၾကားသည္။
တရားခံ ဖမ္းဆီးေသာ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ ယာဥ္ေၾကာရွင္းလင္းေရး ေဆာင္႐ြက္ေနေသာ ရဲတပ္ဖြဲ႕ဝင္မ်ားကို၂၀၁၄ ခုႏွစ္ ႏွင့္ ၂၀၁၅ ခုႏွစ္တို႔တြင္ ဖမ္းဆီးခံရသူမ်ားက တုတ္၊ ဓားလက္နက္ မ်ားျဖင့္ ရန္ျပဳခဲ့သျဖင့္ တပ္ဖြဲ႕ဝင္မ်ား ထိခိုက္ ဒဏ္ရာရခဲ့ၿပီး အခ်ိဳ႕မွာ ေသဆုံးခဲ့ေသာေၾကာင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏ ခြင့္ျပဳခ်က္ျဖင့္ တာဝန္ထမ္းေဆာင္ေနသည့္ တပ္ဖြဲ႕ဝင္မ်ား အသက္အႏၲရာယ္ ကာကြယ္ႏိုင္ရန္ က်ဥ္စက္မ်ား အသုံးျပဳခြင့္ကို ၂၀၁၅ ခုႏွစ္ ေအာက္တိုဘာလမွ စတင္ခြင့္ျပဳခဲ့ေၾကာင္း ရဲအသိုင္းအဝိုင္း ထံမွ စုံစမ္းသိရွိရသည္။
The Voice Weekly
............................
ကျဉ်စက်ဖြင့် ဖမ်းဆီးသော ရဲတပ်ဖွဲ့ဝင် နှစ်ဦး အရေးယူခံရ
သာကေတမြို့နယ်၊ ၁၀၈ တောင် ဘုရားလမ်းရှေ့တွင် ဇန်နဝါရီလ ၅ ရက် နံနက် ၁၁ နာရီခွဲက လမ်းပိတ် ရပ်ထားသည့် ခရီးသည်တင်ဒိုင်နာယာဉ်ကို ဖမ်းဆီးအရေးယူခဲ့ရာ ခရီးသည်ယာဉ်မောင်းက ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ထိုးကြိတ်သဖြင့် ကျဉ်စက်ဖြင့် ဖမ်းဆီးခဲ့သော ရဲတပ်သားနှစ်ဦးကို ကျဉ်စက်ဖြင့် ဖမ်းဆီးခံရသူက အမှုဖွင့်ထားကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
ဒဂုံဆိပ်ကမ်းမြို့နယ် ၊ အမှတ်(၁၆၈) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၀ အရွယ် ဦးစိုးမိုးအောင် မောင်းနှင်လာသော ယာဉ်လိုင်းအမှတ် ၁၀၆(အနီ) ခရီးသည်တင် ဒိုင်နာယာဉ်မှာ သန်လျင်တံတား ချဉ်းကပ်လမ်း ၁၀၈ တောင် ဘုရားလမ်းရှေ့တွင် အချိန်ကြာမြင့်စွာ ရပ်နားထားသဖြင့် ယာဉ်ကြော ရှင်းလင်းရေး ဆောင်ရွက်နေသော ယာဉ်ထိန်း ရဲတပ်ဖွဲ့စု(၃၇) မှ တပ်သား ညီညီဌေးက ယာဉ်မောင်း၏ လိုင်စင်သိမ်းကာ ဖမ်းဆီး အရေးယူခဲ့စဉ် ယာဉ်မောင်းက ထိုးကြိတ် ရန်ပြုခဲ့ကြောင်း သာကေတ မြို့မ ရဲစခန်းထံမှ သိရှိရသည်။
“လမ်းလယ်ခေါင် ကားပိတ်ရပ်ထားလို့ နောက်ကားတွေ သွားလို့ရအောင် ရှေ့နည်းနည်း တိုးရပ်ပေးဖို့ တပ်ဖွဲ့ဝင်တစ်ယောက်က အကြိမ်ကြိမ် ပြောခဲ့တယ်၊ ဒါပေမဲ့ ယာဉ်မောင်းက မလိုက်နာဘဲ ကားစက်ရပ်ပြီး လမ်းမဖယ်ပေးဘဲ ဆက်ရပ်နေလို့ ယာဉ်မောင်း လိုင်စင် တောင်းခဲ့တာ ၊ လိုင်စင်တောင်းတဲ့ ရဲကို အကျႌဆောင့် ဆွဲပြီး ယာဉ်မောင်းက ထိုးကြိတ်နေလို့ ဘေးနားက တပ်ဖွဲ့ဝင်တွေက ကျဉ်စက်နဲ့ ယာဉ်မောင်းကို ဝင်ဖမ်းတာ”ဟု ယင်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
အဆိုပါ ယာဉ်မောင်း၏ ခိုက်ရန်ပြုမှုကြောင့် ယာဉ်ထိန်းရဲတပ်ဖွဲ့စု(၃၇)မှ ရဲတပ်သား ညီညီဌေးမှာ နာကျင်ဒဏ်ရာများ ရရှိခဲ့သဖြင့် ယာဉ်မောင်းဖြစ်သူကို ဖမ်းဆီးကာ ပြည်သူ့ဝန်ထမ်းကို နာကျင်စေမှု ပြစ်မှုပုဒ်မ ၃၃၂ ဖြင့် အမှုဖွင့် စစ်ဆေး ခဲ့ကြောင်း၊ အလားတူ ယာဉ်မောင်းအမျိုးသားက ကျဉ်စက်ဖြင့် ဝိုင်းဖမ်းဆီးခဲ့သည့် တပ်သားနှစ်ဦးကို ပြစ်မှုပုဒ်မ ၃၂၅။၁၁၄ ဖြင့် ပြန်လည် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း ရန်ကုန် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
“ကျင်စက်နဲ့ ဖမ်းဆီးခံရသူက တရားလိုပြု အမှုဖွင့်တိုင်ကြားခဲ့တာကြောင့် တပ်ဖွဲ့ဝင် နှစ်ဦးကို အမှုဖွင့်ခဲ့ပေမယ့် တာဝန်ရှိ ပြည်သူ့ဝန်ထမ်းကိုဒဏ်ရာရအောင် သူက အရင်ပြုခဲ့တာ ၊ ဥပဒေအရ မိမိအသက် အန္တရာယ်ကို ခုခံ ကာကွယ်ခွင့်ရှိပါတယ်၊ ကျဉ်စက်အသုံးပြုခွင့်ကို တရားဝင်ခွင့်ပြုချက်နဲ့ တပ်ဖွဲ့ဝင်တွေက အသုံးပြုနေတာပါ၊ တရားခွင်မှာ အပြစ်မရှိကြောင်း သက်သေ ခိုင်လုံစွာ တင်ပြမှာပါ ”ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့စု (၃၇)မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
တရားခံ ဖမ်းဆီးသော ရဲတပ်ဖွဲ့ဝင်များနှင့် ယာဉ်ကြောရှင်းလင်းရေး ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များကို၂၀၁၄ ခုနှစ် နှင့် ၂၀၁၅ ခုနှစ်တို့တွင် ဖမ်းဆီးခံရသူများက တုတ်၊ ဓားလက်နက် များဖြင့် ရန်ပြုခဲ့သဖြင့် တပ်ဖွဲ့ဝင်များ ထိခိုက် ဒဏ်ရာရခဲ့ပြီး အချို့မှာ သေဆုံးခဲ့သောကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ခွင့်ပြုချက်ဖြင့် တာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်များ အသက်အန္တရာယ် ကာကွယ်နိုင်ရန် ကျဉ်စက်များ အသုံးပြုခွင့်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလမှ စတင်ခွင့်ပြုခဲ့ကြောင်း ရဲအသိုင်းအဝိုင်း ထံမှ စုံစမ်းသိရှိရသည်။