Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

Dandelion

$
0
0
အစ္စရေးက Behavioral scientists (အပြုအမူဗေဒပညာရှင်)တစ်ဦးဟာ လူငယ်သူတောင်းစားတချို့ကို ပေးကမ်းစွန့်ကြဲတဲ့လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ သူပေးကမ်းစွန့်ကြဲတဲ့ပစ္စည်းက အစ္စရေးငွေ ၄ဝဝ (ဒေါ်လာ၁ဝဝမျှ)၊ ကုတ်အင်္ကျီတစ်စုံနဲ့ အစ္စရေးDandelionပန်းတစ်အိုးဖြစ်ပါတယ်။

လှုပ်ရှားမှုမှာ သူတောင်းစား ၉ဝ%က ငွေကြေးကိုတောင်းယူပြီး၊ ၁ဝ%လောက်က ကုတ်အင်္ကျီကိုတောင်းယူပါတယ်။ ၁ %လောက်သာ Dandelionပန်းကို တောင်းယူတာကို ပညာရှင်က သတိထားခဲ့မိပါတယ်။ ဒါဟာဖြစ်ရိုးဖြစ်စဉ်ပဲလို့ လူတိုင်းလည်း ထင်ခဲ့ကြပါတယ်။

၁ဝနှစ်အကြာမှာ ပညာရှင်က အဲဒီလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ လူငယ်သူတောင်းစားတွေကို လေ့လာစစ်ဆေးခဲ့ပါတယ်။ သူထင်ထားခဲ့တဲ့အတိုင်းပါပဲ… ငွေကြေးစွန့်ကြဲမှုကိုယူတဲ့ သူတောင်းစားတွေဟာ သူတောင်းစားပဲဆက်ဖြစ်နေပြီး၊ ကုတ်အင်္ကျီကိုယူတဲ့ သူတောင်းစားတော်တော်များများကတော့ မန်နေဂျာစတဲ့ အုပ်ချုပ်သူတွေဖြစ်နေခဲ့ပါတယ်။ Dandelionပန်းကိုယူတဲ့ သူတောင်းစားတွေက သူဌေးတွေဖြစ်နေခဲ့ကြပါတယ်။ ဒါကို လူတွေက နားမလည်နိုင်ဖြစ်ခဲ့ကြလို့ ပညာရှင်က ….

“ငွေကြေးကိုရတဲ့ သူတောင်းစားတွေက ငွေကိုရတဲ့အချိန် စိတ်ထဲမှာ လက်ငင်းဝင်ငွေရှိသွားပြီလို့ ထင်ကြတယ်။ အဲဒီနောက် မပင်မပန်းဘဲရလိုက်တဲ့အဲဒီငွေနဲ့ တစ်နေ့တာကိုဖြတ်ကျော်လိုက်ကြတယ်။ ဒါကြောင့် သူတို့ဟာ အမြဲတမ်း သူတောင်းစားပဲဖြစ်နေရတော့တယ်။

အင်္ကျီအသစ်ရတဲ့သူတောင်းစားတွေက ကိုယ့်ရဲ့အသွင်သစ်တစ်ခုကို မြင်လိုက်တယ်။ လက်ရှိအသွင်နဲ့ဝန်းကျင်ကိုပြောင်းလဲမယ့် စိတ်ကူးမျိုးရလိုက်တယ်။ ဒီလိုနဲ့ သူတို့ဟာ သူတို့ရဲ့အသွင်သဏ္ဍာန်ကိုပါပြောင်းလဲပြီး သူတို့ရဲ့ကံကြမ္မာကိုပါ ပြောင်းလဲလိုက်တယ်။ အဆင့်ဆင့်ပြောင်းလဲခြင်းတွေနဲ့ အောင်မြင်မှုဆီအရောက် တက်လှမ်းခဲ့ကြတယ်။

Dandelionပန်းကိုယူတဲ့ သူတောင်းစားက အခွင့်အရေးကို အမိအရဖမ်းဆုပ်မယ်ဆိုတဲ့ စိတ်ကူးကိုရလိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီDandelionပန်း သာမန်Dandelionပန်း မဟုတ်ဘူး။ သူဟာ မြေထဲပင်လယ်အရှေ့ဖက်သဲကန္တာရမှာပေါက်တဲ့ အပင်ဖြစ်တယ်။ တကယ်လို့ မိုးရေမရရင် အဲဒီပန်းကတစ်သက်လုံး မပွင့်ဘူး။ ဒါပေမယ့် မိုးတစ်ခါရွာရင် အဲဒီမိုးက မိုးဖွဲလေးပဲဖြစ်နေစေဦးတော့ အဲဒီအပင်ဟာ ဒီလိုရတောင့်ရခဲတဲ့အခွင့်အရေးကိုဖမ်းဆုပ်ပြီး အလျင်အမြန်ပန်းပွင့်လိုက်တယ်။ မိုးရေတွေအငွေ့မပျံခင်မှာ ဝတ်မှုန်ကူး၊ အသီးသီး၊ မျိုးစေ့ဖြန့်တဲ့အလုပ်ကို လုပ်လိုက်ကြတယ်။ ဒီလို Dandelionပန်းတွေမှာ ထူးခြားတဲ့လက္ခဏာရှိတယ်။ အဲဒါကတော့ အခွင့်အရေးကို အမိအရဖမ်းယူတယ်၊ ကြိုးစားရုန်းကန်တယ်၊ ကိုယ့်တန်ဖိုးကို ကြိုးစားဖော်ထုတ်တယ်” လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။

Dandelion = ဥရောပတွင်ပေါက်သော တောပန်းတစ်မျိုး (နေကြာပန်းနှင့် တူသည်) တက်တိုး အင်္ဂလိပ်-မြန်မာ အဘိဓါန်

----

ဖတ်မိသမျှ ဘာသာပြန်မျှဝေပါတယ်...

နိုင်းနိုင်းစနေ (Jan. 8. 2016)


Nine Nine Sanay @ နိုင်းနိုင်းစနေ
.

Viewing all articles
Browse latest Browse all 13796

Trending Articles


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


တာချီလိတ်တပ်နယ် မိသားစုများမှ တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်၌...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


ဟံသာဝတီ နှင့် ရွှေဘို အားပြိုင်သော စစ်ပွဲများ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


TTA Oreo Gapp Installer


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


တာချီလိတ်မြို့ အားခေရွာထဲ၌ ကျပ်သိန်းပေါင်း ၁၄၅ သိန်းခန့် တန်ဖိုးရှိသည့်...


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


တာနောယက္ခ


မနောမယအိမ်ခြံမြေရောင်းနည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>