ရန္ကုန္၊ ဇန္န၀ါရီ ၈
ျပည္ေထာင္စု တိုင္းရင္းသားေက်းရြာ အတြင္းရွိ ေက်းလက္ေဒသ ဖြံ႕ၿဖိဳးတိုးတက္ေရး ဦးစီးဌာနမွ Fair Trade Col.Ltd သို႔ B.O.T စနစ္ျဖင့္ ႏွစ္(၃၀)ငွားရမ္းထားသည့္ ေျမဧရိယာ (၁၀)ဧကတြင္ ပင္လံုစားေသာက္ဆိုင္အပါအ၀င္ ထပ္မံငွားရမ္းထားေသာ စားေသာက္ဆိုင္ (၁၂)ဆိုင္အနက္ ဓနိမိုး၊ ဓနိအကာအလံုပိတ္
တဲျဖင့္ ေရာင္းခ်ေသာ စားေသာက္ဆိုင္မ်ားမွာ ရခိုင္ရင္ေသြးစားေသာက္ဆိုင္မွ တဲ(၈)လံုး၊ မေနာစားေသာက္ဆိုင္မွတဲ(၁၀)လံုး၊ တိုင္းရင္းသား စားေသာက္ဆိုင္မွတဲ(၈)လံုး၊ ေရႊေညာင္ပင္ စားေသာက္ဆိုင္မွတဲ(၁၀)လံုး၊ ေရႊကုကၠိဳစားေသာက္ဆိုင္မွ တဲ(၉)လံုး၊ ႏွင္း၀တ္ရည္ စားေသာက္ဆိုင္မွ တဲ(၁၀)လံုး စုစုေပါင္း(၅၅)လံုးတို႔အား ေဆာက္လုပ္ေရာင္းခ်ေနေၾကာင္း စစ္ေဆးေတြ႕ရွိရသျဖင့္ ၎တဲမ်ားအားဖ်က္သိမ္းခဲ့ရာ ၇.၁.၂၀၁၆ ရက္ေန႔ ၁၉၀၅ အခ်ိန္တြင္ အလံုပိတ္တဲမ်ား အားလံုးကို ရွင္းလင္းေဆာင္ရြက္ခဲ့ၿပီး ျဖစ္ေၾကာင္း Yangon Police (facebook) စာမ်က္ႏွာမွာ ေဖာ္ျပထားပါသည္။
အလံုပိတ္တဲမ်ားႏွင့္ ပတ္သက္၍ ၆.၁.၂၀၁၆ ရက္ေန႔ ၁၀၃၀ အခ်ိန္က ျပည္ေထာင္စု တိုင္းရင္းသား ေက်းရြာတာ၀န္ခံ ေက်းလက္ေဒသဖြံ႕ၿဖိဳး တိုးတက္ေရး ဦးစီးဌာနမွ ဒုတိယညႊန္ၾကားေရးမွဴး ဦးေဇာ္မိုးက အလံုပိတ္ တဲမ်ား ေဆာက္လုပ္ေရာင္းခ်ေနေသာ ဆိုင္ပိုင္ရွင္မ်ားအား ေခၚယူေတြ႕ဆံုကာ ၈.၁.၂၀၁၆ ရက္ေန႔တြင္ ၎တဲမ်ားကို အၿပီးဖ်က္သိမ္းေပးရန္ မွာၾကား ထားေၾကာင္း၊ အဆိုပါ စားေသာက္ဆိုင္မ်ားမွ ဓနိမိုး၊ ဓနိကာတဲတစ္လံုးလ်င္ စားပဲြ(၁)လံုး၊ ထိုင္ခံု(၄)လံုးထည့္သြင္းၿပီး လူ(၄)ဦး စားေသာက္ႏိုင္ေၾကာင္း၊ မိသားစုလိုက္ လာေရာက္ စားေသာက္ျခင္းမ်ားရွိၿပီး တစ္ခါတရံ စံုတဲြမ်ား လာေရာက္ စားေသာက္ေလ့ရွိေၾကာင္း သိရွိရပါသည္။
အမ်ားျပည္သူ အပန္းေျဖ အနားယူသည့္ ေနရာတြင္ အျမင္မတင့္တယ္ေသာ အလံုပိတ္တဲမ်ား ေဆာက္လုပ္ကာ စားေသာက္ဆိုင္ဖြင့္လွစ္ေနသည့္ ဆိုင္မ်ားအား ရွင္းလင္းၿပီးေၾကာင္းႏွင့္ အဆုိပါ အလံုပိတ္တဲမ်ား
ဖြင့္လွစ္ ေဆာင္ရြက္ခဲ့ျခင္းႏွင့္ ပတ္သက္၍ သက္ဆုိင္ရာမွ အေရးယူ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း Yangon Police (facebook) သတင္းမွာ ေဖာ္ျပထားပါသည္။
ဓါတ္ပုံ ။ ။ Yangon Police
.......................
ရန်ကုန်၊ ဇန်နဝါရီ ၈
ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ အတွင်းရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Fair Trade Col.Ltd သို့ B.O.T စနစ်ဖြင့် နှစ်(၃၀)ငှားရမ်းထားသည့် မြေဧရိယာ (၁၀)ဧကတွင် ပင်လုံစားသောက်ဆိုင်အပါအဝင် ထပ်မံငှားရမ်းထားသော စားသောက်ဆိုင် (၁၂)ဆိုင်အနက် ဓနိမိုး၊ ဓနိအကာအလုံပိတ်
တဲဖြင့် ရောင်းချသော စားသောက်ဆိုင်များမှာ ရခိုင်ရင်သွေးစားသောက်ဆိုင်မှ တဲ(၈)လုံး၊ မနောစားသောက်ဆိုင်မှတဲ(၁၀)လုံး၊ တိုင်းရင်းသား စားသောက်ဆိုင်မှတဲ(၈)လုံး၊ ရွှေညောင်ပင် စားသောက်ဆိုင်မှတဲ(၁၀)လုံး၊ ရွှေကုက္ကိုစားသောက်ဆိုင်မှ တဲ(၉)လုံး၊ နှင်းဝတ်ရည် စားသောက်ဆိုင်မှ တဲ(၁၀)လုံး စုစုပေါင်း(၅၅)လုံးတို့အား ဆောက်လုပ်ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ၎င်းတဲများအားဖျက်သိမ်းခဲ့ရာ ရ.၁.၂၀၁၆ ရက်နေ့ ၁၉၀၅ အချိန်တွင် အလုံပိတ်တဲများ အားလုံးကို ရှင်းလင်းဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း Yangon Police (facebook) စာမျက်နှာမှာ ဖော်ပြထားပါသည်။
အလုံပိတ်တဲများနှင့် ပတ်သက်၍ ၆.၁.၂၀၁၆ ရက်နေ့ ၁၀၃၀ အချိန်က ပြည်ထောင်စု တိုင်းရင်းသား ကျေးရွာတာဝန်ခံ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မိုးက အလုံပိတ် တဲများ ဆောက်လုပ်ရောင်းချနေသော ဆိုင်ပိုင်ရှင်များအား ခေါ်ယူတွေ့ဆုံကာ ၈.၁.၂၀၁၆ ရက်နေ့တွင် ၎င်းတဲများကို အပြီးဖျက်သိမ်းပေးရန် မှာကြား ထားကြောင်း၊ အဆိုပါ စားသောက်ဆိုင်များမှ ဓနိမိုး၊ ဓနိကာတဲတစ်လုံးလျင် စားပွဲ(၁)လုံး၊ ထိုင်ခုံ(၄)လုံးထည့်သွင်းပြီး လူ(၄)ဦး စားသောက်နိုင်ကြောင်း၊ မိသားစုလိုက် လာရောက် စားသောက်ခြင်းများရှိပြီး တစ်ခါတရံ စုံတွဲများ လာရောက် စားသောက်လေ့ရှိကြောင်း သိရှိရပါသည်။
အများပြည်သူ အပန်းဖြေ အနားယူသည့် နေရာတွင် အမြင်မတင့်တယ်သော အလုံပိတ်တဲများ ဆောက်လုပ်ကာ စားသောက်ဆိုင်ဖွင့်လှစ်နေသည့် ဆိုင်များအား ရှင်းလင်းပြီးကြောင်းနှင့် အဆိုပါ အလုံပိတ်တဲများ
ဖွင့်လှစ် ဆောင်ရွက်ခဲ့ခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း Yangon Police (facebook) သတင်းမှာ ဖော်ပြထားပါသည်။
ဓါတ်ပုံ ။ ။ Yangon Police