ပဲခူးတိုင္းေဒသႀကီး ၊ ေ၀ါၿမိဳ႕နယ္၊ က်ိဳက္လွေက်းရြာအနီး၊ ရန္ကုန္-ေမာ္လၿမိဳင္ကားလမ္း မိုင္တိုင္အမွတ္(၆၇/၁)ႏွင့္(၆၇/၂)အႀကားတြင္ ဇန္န၀ါရီလ(၈)ရက္ေန ့ည(၈)နာရီေက်ာ္အခ်ိန္ခန္ ့က ယာဥ္နွစ္စီးတိုက္မႈ ျဖစ္ပြားခဲ့ျပီး လူ(၄)ဦး ေသဆံုးခဲ့ေႀကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ေမာ္လၿမိဳင္ဘက္မွ ရန္ကုန္ဘက္သို႕ ယာဥ္ေမာင္း စိုင္းေစာလင္း(၃၂)ႏွစ္၊ ေမာင္းႏွင္လာသည့္ အမွတ္ 1K/7689 (Isuzu) အမ်ိဳးအစား အျဖဴေရာင္ယာဥ္ႏွင့္ တစ္ဘတ္ယာဥ္ေႀကာ ရန္ကုန္ဘတ္မွ ေမာ္လၿမိဳင္ဘတ္သို႕ ယာဥ္ေမာင္း မင္းေအာင္ဆန္းဦး(၂၅)ႏွစ္၊ ေမာင္းႏွင္လာေသာ ယာဥ္အမွတ္ 8H/9680 ( LightTruck) ယာဥ္မွာ အရွိန္မထိန္းႏိုင္ဘဲ မ်က္ႏွာခ်င္းဆိုင္ ၀င္ေရာက္ တိုက္မိခဲ့ျခင္း ျဖစ္သည္။
အဆိုပါ ယာဥ္တိုက္မႈေႀကာင့္ (Isuzu) ယာဥ္ေပၚမွ ယာဥ္ေမာင္း စိုင္းေစာလင္း၊ (LightTruck) ယာဥ္ေမာင္း မင္းေအာင္ဆန္းဦးႏွင့္ ယာဥ္ေပၚမွာ ပါလာသည့္ ကမၻာလွည့္ရဲတပ္ဖြဲ႕စုမွ ဒုရဲအုပ္ စိုးထြဋ္၀င္းႏွင့္ မညိုေလးျမင့္(၂၈)ႏွစ္ တို႕သည္ ယာဥ္တိုက္မႈေႀကာင့္ ရရွိေသာ ဒဏ္ရာမ်ားျဖင့္ အခင္းျဖစ္ေနရာတြင္ ေသဆံုးသြား ခဲ့ေၾကာင္း သိရသည္။
သတင္း ဓါတ္ပုံ ။ ။ ေ၀ါမီဒီယာႏွင့္ ကုိသန္ ့စင္ (facebook)
.............................
ပဲခူးတိုင်းဒေသကြီး ၊ ဝေါမြို့နယ်၊ ကျိုက်လှကျေးရွာအနီး၊ ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ်(၆၇/၁)နှင့်(၆၇/၂)အကြားတွင် ဇန်နဝါရီလ(၈)ရက်နေ ့ည(၈)နာရီကျော်အချိန်ခန် ့က ယာဉ်နှစ်စီးတိုက်မှု ဖြစ်ပွားခဲ့ပြီး လူ(၄)ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ မော်လမြိုင်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း စိုင်းစောလင်း(၃၂)နှစ်၊ မောင်းနှင်လာသည့် အမှတ် 1K/7689 (Isuzu) အမျိုးအစား အဖြူရောင်ယာဉ်နှင့် တစ်ဘတ်ယာဉ်ကြော ရန်ကုန်ဘတ်မှ မော်လမြိုင်ဘတ်သို့ ယာဉ်မောင်း မင်းအောင်ဆန်းဦး(၂၅)နှစ်၊ မောင်းနှင်လာသော ယာဉ်အမှတ် 8H/9680 ( LightTruck) ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင် ၀င်ရောက် တိုက်မိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် (Isuzu) ယာဉ်ပေါ်မှ ယာဉ်မောင်း စိုင်းစောလင်း၊ (LightTruck) ယာဉ်မောင်း မင်းအောင်ဆန်းဦးနှင့် ယာဉ်ပေါ်မှာ ပါလာသည့် ကမ္ဘာလှည့်ရဲတပ်ဖွဲ့စုမှ ဒုရဲအုပ် စိုးထွဋ်ဝင်းနှင့် မညိုလေးမြင့်(၂၈)နှစ် တို့သည် ယာဉ်တိုက်မှုကြောင့် ရရှိသော ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွား ခဲ့ကြောင်း သိရသည်။
သတင်း ဓါတ်ပုံ ။ ။ ဝေါမီဒီယာနှင့် ကိုသန် ့စင် (facebook)