Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ေထာင္ေဖါက္ေျပးတဲ႔ မူးယစ္ရာဇာ Mexico မွာျပန္မိ

$
0
0

ေထာင္ေဖါက္ေျပးတဲ႔ မူးယစ္ရာဇာ Mexico မွာျပန္မိ။ 
မက္ဆီကို မူးယစ္ရာဇာ "El Chapo" Guzman ကို အာဏာပိုင္ေတြ ျပန္ဖမ္းမိၿပီလို႔ မက္ဆီကို သမၼတ Enrique Pena Nieto က ေၾကညာခဲ့ပါတယ္။ အက်ဥ္းက်ခံေနရ တဲ့ အယ္လ္ ခ်ာပိုဟာ လြန္ခဲ့တဲ့ ၇ လတုန္းက လ်ိဳ႕ဝွက္ ေျမေအာက္လႈိင္ေခါင္းကေန ထြက္ေျပး လြတ္ေျမာက္ သြားခဲ့တာပါ။

သမၼတက Spanish Friday တြစ္တာစာမ်က္ႏွာကေန Guzman ကို ဖမ္းမိတဲ့အေၾကာင္း ေျပာၾကားရာမွာ “ႀကိဳးပမ္းခ်က္ေအာင္ျမင္ၿပီ၊ သူ႔ကိုမိထားၿပီလို႔” ေၾကညာခဲ့တာ ျဖစ္ပါတယ္။

Guzman ရဲ့ ေမြးဌာေနျဖစ္တဲ့ Sinaloa ျပည္နယ္ Los Mochis ၿမိဳ႕မွာ မက္ဆီကို မရိန္းတပ္သားေတြနဲ႔ ပစ္ခတ္မႈေတြ ျဖစ္ပြါးခဲ့ၿပီးတဲ့ေနာက္မွာ Guzma ကို ဖမ္းမိခဲ့တာလို႔ မက္ဆီကိုအရာရွိေတြက AP သတင္းဌာနကို ေျပာပါတယ္။

သူဘယ္မွာ ရွိေနတယ္ဆိုတဲ့ သတင္းေပးခ်က္အရ မက္ဆီကို မရိန္း တပ္သားေတြက ေသာၾကာေန႔ အာရံုတက္ခ်ိန္မွာ Los Mochis ၿမိဳ႕က အိမ္ကို ဝင္ေရာက္စီးနင္းခဲ့တာျဖစ္ၿပီး စီးနင္းခ်ိန္မွာပဲ ေသနတ္သံေတြ ခ်က္ခ်င္း ၾကားခဲ့ရတယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။

စီးနင္းမႈမွာ သံသယရွိသူ ၅ ဦးေသဆံုးၿပီး ေနာက္ထပ္ ၆ ဦးကို ဖမ္းမိခဲ့တယ္လုိ႔ မက္ဆီကို အရာရွိေတြကေျပာပါတယ္။ မရိန္းတပ္သား တေယာက္ကေတာ့ ဒဏ္ရာအနည္းငယ္ ရခဲ့တယ္လုိ႔ ဆိုပါတယ္။

မက္ဆီကို အေနာက္ေျမာက္ပိုင္း ေတာေတာင္ထူထပ္တဲ့ Sinaloa ျပည္နယ္ မွာ ေအာက္တုိဘာလကတည္းက စၿပီး မက္ဆီကို အာဏာပိုင္ေတြက သူ႔ကို လိုက္ရွာေနတာ ျဖစ္ပါတယ္။ သူဟာ Sinaloa နဲ႔ Durango ျပည္နယ္ ၂ ခု နားက ေတာထူထပ္တဲ့ နယ္စပ္ေနရာမွာ မရိန္းတပ္သားေတြ လက္က လြတ္ေအာင္ ထြက္ေျပးရင္း ဒဏ္ရာရခဲ့ပံုရတယ္လု႔ိ သူ႔ကို ေနာက္ေယာင္ခံလုိက္ေနတဲ့အဖြဲ႔က သတင္းပို႔ခဲ့တာပါ။

အက်ဥ္းက်ေနတဲ့ Guzman ဟာ သူ႔အခန္းထဲကေန အနားက ရြာကေလးအထိ ေပါက္ေအာင္ ေျမေအာက္လႈိင္ေခါင္းကို လ်ိဳ႕ဝွက္ တူးေဖၚခဲ့ၿပီး ၁ ကီလုိမီတာခြဲ ရွည္တဲ့ ဒီေျမေအာက္ လႈိင္ေခါင္းကေန ဇူလုိင္လ ၁၁ ရက္ေန႔က ထြက္ေျပးလြတ္ေျမာက္ သြားခဲ့တာ ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.....................

ထောင်ဖေါက်ပြေးတဲ့ မူးယစ်ရာဇာ Mexico မှာပြန်မိ။ 
မက်ဆီကို မူးယစ်ရာဇာ "El Chapo" Guzman ကို အာဏာပိုင်တွေ ပြန်ဖမ်းမိပြီလို့ မက်ဆီကို သမ္မတ Enrique Pena Nieto က ကြေညာခဲ့ပါတယ်။ အကျဉ်းကျခံနေရ တဲ့ အယ်လ် ချာပိုဟာ လွန်ခဲ့တဲ့ ရ လတုန်းက လျို့ဝှက် မြေအောက်လှိုင်ခေါင်းကနေ ထွက်ပြေး လွတ်မြောက် သွားခဲ့တာပါ။

သမ္မတက Spanish Friday တွစ်တာစာမျက်နှာကနေ Guzman ကို ဖမ်းမိတဲ့အကြောင်း ပြောကြားရာမှာ “ကြိုးပမ်းချက်အောင်မြင်ပြီ၊ သူ့ကိုမိထားပြီလို့” ကြေညာခဲ့တာ ဖြစ်ပါတယ်။

Guzman ရဲ့ မွေးဌာနေဖြစ်တဲ့ Sinaloa ပြည်နယ် Los Mochis မြို့မှာ မက်ဆီကို မရိန်းတပ်သားတွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွါးခဲ့ပြီးတဲ့နောက်မှာ Guzma ကို ဖမ်းမိခဲ့တာလို့ မက်ဆီကိုအရာရှိတွေက AP သတင်းဌာနကို ပြောပါတယ်။

သူဘယ်မှာ ရှိနေတယ်ဆိုတဲ့ သတင်းပေးချက်အရ မက်ဆီကို မရိန်း တပ်သားတွေက သောကြာနေ့ အာရုံတက်ချိန်မှာ Los Mochis မြို့က အိမ်ကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး စီးနင်းချိန်မှာပဲ သေနတ်သံတွေ ချက်ချင်း ကြားခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

စီးနင်းမှုမှာ သံသယရှိသူ ၅ ဦးသေဆုံးပြီး နောက်ထပ် ၆ ဦးကို ဖမ်းမိခဲ့တယ်လို့ မက်ဆီကို အရာရှိတွေကပြောပါတယ်။ မရိန်းတပ်သား တယောက်ကတော့ ဒဏ်ရာအနည်းငယ် ရခဲ့တယ်လို့ ဆိုပါတယ်။

မက်ဆီကို အနောက်မြောက်ပိုင်း တောတောင်ထူထပ်တဲ့ Sinaloa ပြည်နယ် မှာ အောက်တိုဘာလကတည်းက စပြီး မက်ဆီကို အာဏာပိုင်တွေက သူ့ကို လိုက်ရှာနေတာ ဖြစ်ပါတယ်။ သူဟာ Sinaloa နဲ့ Durango ပြည်နယ် ၂ ခု နားက တောထူထပ်တဲ့ နယ်စပ်နေရာမှာ မရိန်းတပ်သားတွေ လက်က လွတ်အောင် ထွက်ပြေးရင်း ဒဏ်ရာရခဲ့ပုံရတယ်လို့ သူ့ကို နောက်ယောင်ခံလိုက်နေတဲ့အဖွဲ့က သတင်းပို့ခဲ့တာပါ။

အကျဉ်းကျနေတဲ့ Guzman ဟာ သူ့အခန်းထဲကနေ အနားက ရွာကလေးအထိ ပေါက်အောင် မြေအောက်လှိုင်ခေါင်းကို လျို့ဝှက် တူးဖေါ်ခဲ့ပြီး ၁ ကီလိုမီတာခွဲ ရှည်တဲ့ ဒီမြေအောက် လှိုင်ခေါင်းကနေ ဇူလိုင်လ ၁၁ ရက်နေ့က ထွက်ပြေးလွတ်မြောက် သွားခဲ့တာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>