Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ေတာင္ကိုရီးယားႏုိင္္ငံေပၚ အေမရိကန္ဗံုးက်ဲေလယာဥ္ ပ်ံသန္း

$
0
0
အေမရိကန္ ဗံုးက်ဲေလယာဥ္ တစင္း ဒီကေန႔ တနဂၤေႏြေန႔မွာ ေတာင္ကိုရီးယား ႏုိင္ငံေပၚမွာ ပ်ံ၀ဲခဲ့။
ေျမာက္ကိုရီးယားရဲ႕ အခုေနာက္ဆံုး ႏ်ဴးကလီးယား စမ္းသပ္မႈကို တုံ႔ျပန္တဲ႔ အေနနဲ႔ ခရီးေ၀း ပ်ံသန္းႏုိင္တဲ႔ အေမရိကန္ ဗံုးက်ဲေလယာဥ္ တစင္း ဒီကေန႔ တနဂၤေႏြေန႔မွာ ေတာင္ကိုရီးယား ႏုိင္ငံေပၚမွာ ပ်ံ၀ဲခဲ႔ပါတယ္။

ႏ်ဴးကလီးယား လက္နက္ေတြ သယ္ေဆာင္ႏုိင္စြမ္းရွိတဲ႔ B- 52 ဗံုးက်ဲေလယာဥ္ဟာ Guam အနီးက အေျခစိုက္ စခန္းကို မျပန္ခင္ ေတာင္နဲ႔ ေျမာက္ ကိုရီးယားႏွစ္ႏုိင္ငံကို ပိုင္းျခားထားတဲ႔ နယ္စပ္နဲ႔ ၇၂ ကီလိုမီတာ အကြာက Osan ေလတပ္ အေျခစိုက္စခန္းေပၚမွာ ပ်ံ၀ဲေနတာကို ေတြ႔ခဲ႔ၾကရပါတယ္။

ဗံုးက်ဲေလယာဥ္ကိုေတာ့ အေမရိကန္နဲ႔ ေတာင္ကိုရီးယား တိုက္ေလယာဥ္ ႏွစ္စင္းတို႔ ျခံရံ ပ်ံသန္းခဲ႔ၾကပါတယ္။ ဗံုးက်ဲေလယာဥ္ပ်ံသန္းမႈဟာဆိုရင္ မဟာမိတ္ေတြျဖစ္တဲ့ ေတာင္ကိုရီးယား၊ ဂ်ပန္နဲ႔ အမိေျမ အေမရိကန္ ျပည္ေထာင္စုကို ခုိင္ခိုင္မာမာ ကာကြယ္သြားမယ္ဆိုတာကို အေမရိကန္က ျပသတာပဲ ျဖစ္တယ္လို႔ အေမရိကန္ ပစိဖိတ္ ေဒသဆိုင္ရာ တပ္မွဴး ေရတပ္ဗိုလ္ခ်ဳပ္ႀကီး Harry B. Harris, Jr. က ေၾကညာခ်က္ထဲမွာ ေျပာဆိုထားပါတယ္။ ေျမာက္ကိုရီးယား ႏုိင္ငံက တတိယေျမာက္ ႏ်ဴကလီးယား စမ္းသပ္ခဲ႔ခ်ိန္ ၂၀၁၃ ခုႏွစ္တုန္းကလည္း အေမရိကန္တို႔က ခရီးရွည္ ပ်ံသန္းႏုိင္တဲ႔ ဗံုးက်ဲေလယာဥ္ တစင္းကို ေတာင္ကိုရီးယားႏုိင္ငံကို ေစလႊတ္ခဲ႔တာပါ။

ၿပီးခဲ႔တဲ႔ ဗုဒၶဟူးေန႔က ဟိုက္ၿဒိဳဂ်င္ဗံုးလို႔ ေျပာဆိုတဲ႔ ဗံုးကို စမ္းသပ္တာကို ကာကြယ္ေျပာဆိုတဲ႔ အေနနဲ႔ ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ံဳအြန္းက အခ်ဳပ္အျခာအာဏာပိုင္ ႏုိင္ငံတခုရဲ႕ တရား၀င္ အခြင့္အေရး တရပ္ ျဖစ္ၿပီး ေ၀ဖန္စရာ မရွိတဲ႔ မွ်တတဲ႔ လုပ္ရပ္ ျဖစ္တယ္လို႔ ျပည္သူ႔တပ္မေတာ္ဆိုင္ရာ ၀န္ႀကီးဌာနမွာ မိန္႔ခြန္းေျပာစဥ္မွာ ထည့္သြင္း ေျပာဆိုခဲ႔ၿပီး နာရီပိုင္း အၾကာ ဒီကေန႔ တနဂၤေႏြေန႔မွာဘဲ အေမရိကန္ ဗံုးက်ဲေလယာဥ္ B-52 ပ်ံသန္းခဲ႔တာ ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.....................
 အမေရိကန် ဗုံးကျဲလေယာဉ် တစင်း ဒီကနေ့ တနင်္ဂနွေနေ့မှာ တောင်ကိုရီးယား နိုင်ငံပေါ်မှာ ပျံဝဲခဲ့။
မြောက်ကိုရီးယားရဲ့ အခုနောက်ဆုံး နျူးကလီးယား စမ်းသပ်မှုကို တုံ့ပြန်တဲ့ အနေနဲ့ ခရီးဝေး ပျံသန်းနိုင်တဲ့ အမေရိကန် ဗုံးကျဲလေယာဉ် တစင်း ဒီကနေ့ တနင်္ဂနွေနေ့မှာ တောင်ကိုရီးယား နိုင်ငံပေါ်မှာ ပျံဝဲခဲ့ပါတယ်။

နျူးကလီးယား လက်နက်တွေ သယ်ဆောင်နိုင်စွမ်းရှိတဲ့ B- 52 ဗုံးကျဲလေယာဉ်ဟာ Guam အနီးက အခြေစိုက် စခန်းကို မပြန်ခင် တောင်နဲ့ မြောက် ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားတဲ့ နယ်စပ်နဲ့ ရ၂ ကီလိုမီတာ အကွာက Osan လေတပ် အခြေစိုက်စခန်းပေါ်မှာ ပျံဝဲနေတာကို တွေ့ခဲ့ကြရပါတယ်။

ဗုံးကျဲလေယာဉ်ကိုတော့ အမေရိကန်နဲ့ တောင်ကိုရီးယား တိုက်လေယာဉ် နှစ်စင်းတို့ ခြံရံ ပျံသန်းခဲ့ကြပါတယ်။ ဗုံးကျဲလေယာဉ်ပျံသန်းမှုဟာဆိုရင် မဟာမိတ်တွေဖြစ်တဲ့ တောင်ကိုရီးယား၊ ဂျပန်နဲ့ အမိမြေ အမေရိကန် ပြည်ထောင်စုကို ခိုင်ခိုင်မာမာ ကာကွယ်သွားမယ်ဆိုတာကို အမေရိကန်က ပြသတာပဲ ဖြစ်တယ်လို့ အမေရိကန် ပစိဖိတ် ဒေသဆိုင်ရာ တပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး Harry B. Harris, Jr. က ကြေညာချက်ထဲမှာ ပြောဆိုထားပါတယ်။ မြောက်ကိုရီးယား နိုင်ငံက တတိယမြောက် နျူကလီးယား စမ်းသပ်ခဲ့ချိန် ၂၀၁၃ ခုနှစ်တုန်းကလည်း အမေရိကန်တို့က ခရီးရှည် ပျံသန်းနိုင်တဲ့ ဗုံးကျဲလေယာဉ် တစင်းကို တောင်ကိုရီးယားနိုင်ငံကို စေလွှတ်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဟိုက်ဒြိုဂျင်ဗုံးလို့ ပြောဆိုတဲ့ ဗုံးကို စမ်းသပ်တာကို ကာကွယ်ပြောဆိုတဲ့ အနေနဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက အချုပ်အခြာအာဏာပိုင် နိုင်ငံတခုရဲ့ တရားဝင် အခွင့်အရေး တရပ် ဖြစ်ပြီး ဝေဖန်စရာ မရှိတဲ့ မျှတတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ပြည်သူ့တပ်မတော်ဆိုင်ရာ ၀န်ကြီးဌာနမှာ မိန့်ခွန်းပြောစဉ်မှာ ထည့်သွင်း ပြောဆိုခဲ့ပြီး နာရီပိုင်း အကြာ ဒီကနေ့ တနင်္ဂနွေနေ့မှာဘဲ အမေရိကန် ဗုံးကျဲလေယာဉ် B-52 ပျံသန်းခဲ့တာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

Viewing all articles
Browse latest Browse all 13796

Trending Articles


တာခ်ီလိတ္၌ အမ်ဳိးသားတစ္ဦး မိမိကိုယ္ကိုယ္ ေသနတ္ျဖင့္ ပစ္၍ ေသဆံုး ( ရုပ္သံ )


ေဒၚေအာင္ဆန္းစုၾကည္ မဟုတ္တဲ့ ျမန္မာႏုိ္င္ငံရဲ႕ ပထမဆံုး အမ်ဳိးသမီး သမၼတ...


စာအုပ္​​ေပါင္​း ၆၀၀ ​ေက်ာ္​ပါတဲ႔ Link


၂၀၀၁ ခုႏွစ္ ထိုင္း - ျမန္မာ နယ္စပ္ တိုက္ပြဲမ်ား


ဘုရင့္ေနာင္မွ ေတာင္ငူကို သိမ္းျခင္း


ခင္၀င့္၀ါ၏ ေဖာ္ခၽြတ္ျပထားေသာ အလွတရားမ်ား


ဆားပုလင္းႏွင္းေမာင္၏ နိဂံုး


ခ်ံဴျမင္တိုင္းတိုးခ်င္ေနၾကတဲ႔ ခ်စ္သူစံုတြဲမ်ား နားေထာင္ေပးပါ


ကရေ၀း စုိက္ပ်ိဳးနည္း


စပါး ⁠ေဖာင္စီးဂဏန္း က်⁠ေရာက္ပံု ⁠ႏွင့္ ကာကြယ္⁠ႏွိမ္နင္းနည္းမ်ား



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>