မျဖစ္ႏုိင္တာေတြကိုေတာင္ ျပဳလုပ္ျပေလ႔ရွိတဲ႔ ေမွာ္ပညာရွင္ Dynamo ဟာ သူ႔မွာျဖစ္ေနတဲ႔ နာတာရွည္ အူေရာင္နာေရာဂါကို ေမွာ္ပညာနဲ႔ မကုသႏုိင္ဘူးလို႔ သတင္းရရွိပါတယ္။
ေရေပၚ လမ္းေလွ်ာက္ႏုိင္တယ္၊ စိတ္နဲ႔ဖ်က္စီးႏိုင္တဲ႔ဆိုတဲ႔ လူတစ္ေယာက္၊ ေမွာ္ပညာရွင္ Dynamo ဟာ မျဖစ္ႏိုင္ဘူးဆိုတဲ႔ အရာတစ္ခုတေလ ရွိတယ္ဆိုတာ နားလည္သြားပါၿပီ။ ေမွာ္အတတ္နဲ႔ပတ္သက္ၿပီး သူမတတ္ႏုိင္တာဆိုလို႔ က်န္းမာေရးကိစၥပဲ ရွိမယ္လို႔ ယူဆရပါတယ္။
အသက္ ၃၃ႏွစ္ရွိၿပီျဖစ္တဲ႔ Dynamo ဟာ ကုသလို႔မရႏုိင္တဲ႔ နာတာရွည္ အူေရာင္နာေရာဂါကို တြန္းလွန္ေနရပါတယ္။ ေရာဂါနာမည္ကေတာ႔ Crohn's disease လို႔ေခၚၿပီး အစာအိမ္ အနားသားေတြမွာ ေရာင္ယမ္းတာပါ။ ဒီေရာဂါဟာ အူေတြကို နာေစတဲ႔ ေဘးထြက္ဆိုးက်ိဳးရဲ႕ လက္ခံေကာင္လည္းျဖစ္ပါတယ္။
သူ႔ကိုသူ ကုသဖို႔ရာ မျမင္ဘူးလို႔ Dynamo က ဝန္ခံထားၿပီး သူ႕ရဲ႕အဖြားလိုပဲ အစာအိမ္မွာ colostomy အိတ္ကို တပ္ဆင္ရဖို႔ အလားအလာရွိေနပါတယ္။
"နာတာရွည္ အူေရာင္နာ ေရာဂါျဖစ္ေနတဲ႔ ကြ်န္ေတာ္က အျပင္ထြက္ၿပီး ေမွာ္အတတ္နဲ႔ျပသေဖ်ာ္ေျဖတာဟာ ကြ်န္ေတာ္႔လို တျခားေရာဂါရွင္ေတြလည္း သူတို႔ရဲ႕ အိပ္မက္ကို ျဖစ္ေအာင္ ဖန္တီးႏိုင္ၾကလိမ္႔မယ္လို႔ ကြ်န္ေတာ္ေမွ်ာ္လင္႔ပါတယ္။"လို႔ Dynamo က ေျပာျပခဲ႔ပါတယ္။
( Skyler )
#သစ္ထူးလြင္(က်န္းမာေရး)
#health.thithtoolwin.com
Ref: Mirror
......................................................................
ကျန်းမာရေးပိုင်းမှာ သစ္စာတရားကိုမလွန်ဆန်နိုင်တော့တဲ့ မှော်ပညာရှင် Dynamo
မဖြစ်နိုင်တာတွေကိုတောင် ပြုလုပ်ပြလေ့ရှိတဲ့ မှော်ပညာရှင် Dynamo ဟာ သူ့မှာဖြစ်နေတဲ့ နာတာရှည် အူရောင်နာရောဂါကို မှော်ပညာနဲ့ မကုသနိုင်ဘူးလို့ သတင်းရရှိပါတယ်။
ရေပေါ် လမ်းလျှောက်နိုင်တယ်၊ စိတ်နဲ့ဖျက်စီးနိုင်တဲ့ဆိုတဲ့ လူတစ်ယောက်၊ မှော်ပညာရှင် Dynamo ဟာ မဖြစ်နိုင်ဘူးဆိုတဲ့ အရာတစ်ခုတလေ ရှိတယ်ဆိုတာ နားလည်သွားပါပြီ။ မှော်အတတ်နဲ့ပတ်သက်ပြီး သူမတတ်နိုင်တာဆိုလို့ ကျန်းမာရေးကိစ္စပဲ ရှိမယ်လို့ ယူဆရပါတယ်။
အသက် ၃၃နှစ်ရှိပြီဖြစ်တဲ့ Dynamo ဟာ ကုသလို့မရနိုင်တဲ့ နာတာရှည် အူရောင်နာရောဂါကို တွန်းလှန်နေရပါတယ်။ ရောဂါနာမည်ကတော့ Crohn's disease လို့ခေါ်ပြီး အစာအိမ် အနားသားတွေမှာ ရောင်ယမ်းတာပါ။ ဒီရောဂါဟာ အူတွေကို နာစေတဲ့ ဘေးထွက်ဆိုးကျိုးရဲ့ လက်ခံကောင်လည်းဖြစ်ပါတယ်။
သူ့ကိုသူ ကုသဖို့ရာ မမြင်ဘူးလို့ Dynamo က ဝန်ခံထားပြီး သူ့ရဲ့အဖွားလိုပဲ အစာအိမ်မှာ colostomy အိတ်ကို တပ်ဆင်ရဖို့ အလားအလာရှိနေပါတယ်။
"နာတာရှည် အူရောင်နာ ရောဂါဖြစ်နေတဲ့ ကျွန်တော်က အပြင်ထွက်ပြီး မှော်အတတ်နဲ့ပြသဖျော်ဖြေတာဟာ ကျွန်တော့်လို တခြားရောဂါရှင်တွေလည်း သူတို့ရဲ့ အိပ်မက်ကို ဖြစ်အောင် ဖန်တီးနိုင်ကြလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။"လို့ Dynamo က ပြောပြခဲ့ပါတယ်။
( Skyler )
#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com
Ref: Mirror