ဆိုးလ္၊ ဇန္န၀ါရီ - ၁၁ ။ ။ အခ်ဳပ္ျခာအာဏာကို ေႏွာင့္ယွက္ဖ်က္စီးမႈျဖင့္ ေျမာက္ကိုရီးယားတြင္ တစ္သက္တစ္ကြၽန္း ျပစ္ဒဏ္က်ခံေနရသည့္ ကေနဒါႏိုင္ငံသား ခရစ္ယာန္ ဓမၼဆရာက စီအင္အင္ႏွင့္ အင္တာဗ်ဴးတြင္ ေျပာၾကားခ်က္အရ ၄င္းမွာ အလုပ္ၾကမ္းစခန္းတြင္ တစ္ေန႔ ၈နာရီ က်င္းမ်ား တူးေနခဲ့ရၿပီး အျခားအက်ဥ္းသား တစ္ဦးတစ္ေလမွ်ကိုလည္း မေတြ႕ခဲ့ရဟု ဆိုသည္။
ေတာင္ကိုရီးယားဖြား ကေနဒါႏိုင္ငံသားတစ္ေယာက္ျဖစ္ၿပီး ကေနဒါ၏ အႀကီးဆံုးဘုရားေက်ာင္းတစ္ခုတြင္ ေခါင္းေဆာင္သင္းအုပ္လည္းျဖစ္သည့္ ဟြန္ ဆူးလင္းကို ေျမာက္ကိုရီးယားက ယမန္ႏွစ္ ေဖေဖာ္၀ါရီလ ကတည္းက ဖမ္းဆီးထားခဲ့ျခင္းပင္ ျဖစ္သည္။ ဖမ္းဆီးခ်ိန္တြင္ အသက္ ၆၀ရွိၿပီျဖစ္သည့္ လင္းကို ေျမာက္ကိုရီးယားအစိုးရအား ျဖဳတ္ခ်ရန္ႀကိဳးစားမႈျဖင့္ ဒီဇင္ဘာလတြင္ အလုပ္ၾကမ္းႏွင့္ ေထာင္တစ္သက္ ျပစ္ဒဏ္ခ်မွတ္ခဲ့သည္။
‘နဂိုကတည္းက က်ေနာ္ဟာ ကာလအလုပ္သမားမဟုတ္ခဲ့ေတာ့ အစမွာေတာ့ ကာယအလုပ္ဟာ က်ေနာ့အတြက္ ခက္ခဲခဲ့ပါတယ္။ အခုေတာ့ က်င့္သားရသြားပါၿပီ’ဟု လင္းက ကိုရီးယားဘာသာျဖင့္ ေျပာၾကားခဲ့သည္။
လင္းကို စြဲဆိုသည့္ စြဲခ်က္မ်ားမွာ မကြဲျပားေ၀၀ါးေနေသာ္လည္း ေျမာက္ကိုရီးယား၏ ေခါင္းေဆာင္မ်ိဳးဆက္သံုးဆက္ကို ၄င္း၏ ပြင့္ပြင့္လင္းလင္း ေ၀ဖန္မႈႏွင့္ ပတ္သက္ေနႏိုင္ဖြယ္ရွိသည္ဟု လင္းက ေျပာၾကားခဲ့သည္။
‘ဒီအစိုးရရဲ႕ အာဏာ၊ စနစ္နဲ႔ အမိန္႔ကို က်ေနာ္ ခ်ိဳးေဖာက္ခဲ့တယ္ဆိုတာ ၀န္ခံပါတယ္’’ဟု လင္းက တနလၤာေန႔က ထုတ္လႊင့္ခဲ့သည့္ အင္တာဗ်ဴးတြင္ ေျပာၾကားခဲ့သည္။ ေျမာက္ကိုရီးယားေခါင္းေဆာင္မ်ား၏ မေကာင္းေၾကာင္းေျပာျခင္းမွာ လင္း၏ အႀကီးမားဆံုး ရာဇ၀တ္မႈလားဟု ေမးျမန္းသည့္အခါတြင္ ထိုသို႔ပင္ျဖစ္ႏိုင္ေၾကာင္း လင္းက ျပန္လည္ေျဖၾကားခဲ့သည္။
ၿပံဳယမ္းဟိုတယ္တစ္ခုတြင္ အင္တာဗ်ဴးခံခဲ့သည့္ လင္းမွာ ဆံပင္ကို တိုတုိညွပ္ထားၿပီး ရင္ဘတ္တြင္ ၀၃၆ဟု တံဆိပ္ကပ္ထားသည့္ မီးခိုးေရာင္ ေထာင္ယူနီေဖာင္းကို ၀တ္ဆင္ထားကာ တစ္ေန႔လွ်င္ ၈နာရီ အလုပ္လုပ္ရေၾကာင္းႏွင့္ အလုပ္ၾကမ္းစခန္းတြင္ တစ္ပတ္ရင္၆ရက္ က်င္းမ်ားကို တူးေနခဲ့ရၿပီး အျခားအက်ဥ္းသား တစ္စုံတစ္ေယာက္ကိုမွ် မျမင္ရေၾကာင္း စီအင္အင္သို႔ ေျပာၾကားခဲ့သည္။
မ်က္ႏွာထားတင္းတင္းႏွင့္ အေစာင့္ႏွစ္ေယာက္က သူ႔ကို အခန္းတစ္ခုအတြင္းသို႔ ေခၚသြားၿပီး ထိုင္ခိုင္း၊ ထို႔ေနာက္ထခိုင္း၊ ထို႔ေနာက္ ထုိင္ခိုင္းျပန္သည္ဟု ဆိုသည္။
လင္းမွာ တစ္ေန႔ ထမင္းသံုးနပ္စားရၿပီး ပံုမွန္က်န္းမာေရးေစာင့္ေရွာက္မႈလည္း ရရွိသည္ဟု စီအင္အင္က ေျပာၾကားသည္။ သူ၏ ေက်ာင္းေတာ္ကမူ လင္းမွာ ျပင္းထန္ေသာ ေသြးတိုးေရာဂါ ရွိေနသည္ဟု ေျပာၾကားသည္။
.........................................................................
မြောက်ကိုရီးယားတွင် ထောင်ဒဏ်ကျခံနေရသည့် ကနေဒါဓမ္မဆရာ အလုပ်ကြမ်းစခန်းတွင် တစ်ကိုယ်တည်း ကျင်းများတူးနေရဟုဆို
ဆိုးလ်၊ ဇန်နဝါရီ - ၁၁ ။ ။ အချုပ်ခြာအာဏာကို နှောင့်ယှက်ဖျက်စီးမှုဖြင့် မြောက်ကိုရီးယားတွင် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံနေရသည့် ကနေဒါနိုင်ငံသား ခရစ်ယာန် ဓမ္မဆရာက စီအင်အင်နှင့် အင်တာဗျူးတွင် ပြောကြားချက်အရ ၄င်းမှာ အလုပ်ကြမ်းစခန်းတွင် တစ်နေ့ ၈နာရီ ကျင်းများ တူးနေခဲ့ရပြီး အခြားအကျဉ်းသား တစ်ဦးတစ်လေမျှကိုလည်း မတွေ့ခဲ့ရဟု ဆိုသည်။
တောင်ကိုရီးယားဖွား ကနေဒါနိုင်ငံသားတစ်ယောက်ဖြစ်ပြီး ကနေဒါ၏ အကြီးဆုံးဘုရားကျောင်းတစ်ခုတွင် ခေါင်းဆောင်သင်းအုပ်လည်းဖြစ်သည့် ဟွန် ဆူးလင်းကို မြောက်ကိုရီးယားက ယမန်နှစ် ဖေဖော်ဝါရီလ ကတည်းက ဖမ်းဆီးထားခဲ့ခြင်းပင် ဖြစ်သည်။ ဖမ်းဆီးချိန်တွင် အသက် ၆၀ရှိပြီဖြစ်သည့် လင်းကို မြောက်ကိုရီးယားအစိုးရအား ဖြုတ်ချရန်ကြိုးစားမှုဖြင့် ဒီဇင်ဘာလတွင် အလုပ်ကြမ်းနှင့် ထောင်တစ်သက် ပြစ်ဒဏ်ချမှတ်ခဲ့သည်။
‘နဂိုကတည်းက ကျနော်ဟာ ကာလအလုပ်သမားမဟုတ်ခဲ့တော့ အစမှာတော့ ကာယအလုပ်ဟာ ကျနော့အတွက် ခက်ခဲခဲ့ပါတယ်။ အခုတော့ ကျင့်သားရသွားပါပြီ’ဟု လင်းက ကိုရီးယားဘာသာဖြင့် ပြောကြားခဲ့သည်။
လင်းကို စွဲဆိုသည့် စွဲချက်များမှာ မကွဲပြားဝေဝါးနေသော်လည်း မြောက်ကိုရီးယား၏ ခေါင်းဆောင်မျိုးဆက်သုံးဆက်ကို ၄င်း၏ ပွင့်ပွင့်လင်းလင်း ဝေဖန်မှုနှင့် ပတ်သက်နေနိုင်ဖွယ်ရှိသည်ဟု လင်းက ပြောကြားခဲ့သည်။
‘ဒီအစိုးရရဲ့ အာဏာ၊ စနစ်နဲ့ အမိန့်ကို ကျနော် ချိုးဖောက်ခဲ့တယ်ဆိုတာ ၀န်ခံပါတယ်’’ဟု လင်းက တနင်္လာနေ့က ထုတ်လွှင့်ခဲ့သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ မြောက်ကိုရီးယားခေါင်းဆောင်များ၏ မကောင်းကြောင်းပြောခြင်းမှာ လင်း၏ အကြီးမားဆုံး ရာဇဝတ်မှုလားဟု မေးမြန်းသည့်အခါတွင် ထိုသို့ပင်ဖြစ်နိုင်ကြောင်း လင်းက ပြန်လည်ဖြေကြားခဲ့သည်။
ပြုံယမ်းဟိုတယ်တစ်ခုတွင် အင်တာဗျူးခံခဲ့သည့် လင်းမှာ ဆံပင်ကို တိုတိုညှပ်ထားပြီး ရင်ဘတ်တွင် ၀၃၆ဟု တံဆိပ်ကပ်ထားသည့် မီးခိုးရောင် ထောင်ယူနီဖောင်းကို ၀တ်ဆင်ထားကာ တစ်နေ့လျှင် ၈နာရီ အလုပ်လုပ်ရကြောင်းနှင့် အလုပ်ကြမ်းစခန်းတွင် တစ်ပတ်ရင်၆ရက် ကျင်းများကို တူးနေခဲ့ရပြီး အခြားအကျဉ်းသား တစ်စုံတစ်ယောက်ကိုမျှ မမြင်ရကြောင်း စီအင်အင်သို့ ပြောကြားခဲ့သည်။
မျက်နှာထားတင်းတင်းနှင့် အစောင့်နှစ်ယောက်က သူ့ကို အခန်းတစ်ခုအတွင်းသို့ ခေါ်သွားပြီး ထိုင်ခိုင်း၊ ထို့နောက်ထခိုင်း၊ ထို့နောက် ထိုင်ခိုင်းပြန်သည်ဟု ဆိုသည်။
လင်းမှာ တစ်နေ့ ထမင်းသုံးနပ်စားရပြီး ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုလည်း ရရှိသည်ဟု စီအင်အင်က ပြောကြားသည်။ သူ၏ ကျောင်းတော်ကမူ လင်းမှာ ပြင်းထန်သော သွေးတိုးရောဂါ ရှိနေသည်ဟု ပြောကြားသည်။