Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

သံတွဲတွင်တွေ့ရှိခဲ့သည့် ရှေးဟောင်းရွှေအိုးငယ်နှင့် ငွေဒင်္ဂါး ငါးပြားကို ပြည်နယ်ယဉ်ကျေးမှုပြတိုက်တွင် ထားရှိမည်

$
0
0
သံတွဲ၊ ဇူလိုင် ၂၈ - ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် တွေ့ရှိခဲ့ သည့် ရှေးဟောင်းရွှေအိုးငယ်နှင့် ငွေဒင်္ဂါးငါးပြားကို ပြည်နယ်ယဉ်ကျေးမှု ပြတိုက် တွင် ထားရှိသွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနခွဲ(စစ်တွေ)မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြော သည်။
''အခုတွေ့ခဲ့တဲ့ ဒင်္ဂါးတွေကပျူ ခေတ်က အသုံးပြုခဲ့တဲ့ ဒင်္ဂါးတွေဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် များသောအားဖြင့် ပျူဒင်္ဂါးတွေကိုငွေနဲ့ ပြုလုပ် ထားပြီးတော့ ပြားစေ့အရွယ်မှ ကျပ်ပြားစေ့အရွယ်အထိ ရှိပါတယ်''ဟု ယင်းကဆိုသည်။
ပျူဒင်္ဂါးပြားများတွင် သီရိဝစ္ဆ လက္ခဏာ၊ ခရုသင်းဘဒ္ဒပီဋ္ဌ(ခေါ်) ပလ္လင်ပုံ၊ နေနှင့် လသဏ္ဌာန်၊ ချွင်း တောင်းပုံ၊ တက်နေဝန်းပုံ၊ သမုဒ္ဒရာ၊ ရေလှိုင်းပုံ၊ ဝရဇိန်လက်နက် သဏ္ဌာန်၊ စကြာ(ခေါ်)သောတိက အမှတ်လက္ခ ဏာ၊ နက္ခတ်သဏ္ဌာန်ဟုယူဆရသည့် ဗိန္ဒုပြောက်များပါရှိပြီး ယခုတွေ့ရှိသည့် ဒင်္ဂါးပြားများတွင်လည်းအဆိုပါအမှတ် အသားများပါရှိကြောင်း သိရသည်။
''ရခိုင်ပြည်မှာ ပျူခေတ်ကလက် ရာပစ္စည်းတွေ တွေ့ရတာဆိုတော့ ဒီပစ္စည်းတွေကို ဆက်လက်သုတေ သနပြုဖို့ လိုအပ်ပါတယ်''ဟု သံတွဲ ဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။
အဆိုပါ ဒင်္ဂါးပြားများနှင့်အတူ ရွှေအိုးငယ်တစ်လုံးကို သံတွဲမြို့နယ် ဂျိတ္တောအမှတ်(၂)ရပ်ကွက်နေ ဦး နိုင်ကြွယ်ဆိုသူက ပြီးခဲ့သည့်တစ်လကျော် ခန့်က အဆိုပါမြို့နယ်အတွင်း ရှိ သံပရာကျေးရွာရှိ သူ၏ဥယျာဉ် ခြံမြေတွင် မြေပြိုကျရာမှ ယခုကဲ့သို့ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
GC
Democracytoday
Photo Caption: ရှေးဟောင်းရွှေအိုးငယ်နှင့် ငွေဒင်္ဂါးများကို တွေ့ရစဉ်။
Photo: ဂိုးချေ။

Viewing all articles
Browse latest Browse all 13796