Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဆီးရီးယားသမၼတကုိ ခုိလႈံခြင့္ေပးေရးကိစၥ ထုတ္ေျပာရန္ ေစာလြန္းေသးေၾကာင္း သမၼတပူတင္ ေျပာၾကား

$
0
0

ေမာ္စကုိ ၊ ၁၃-၁-၂၀၁၆

ဆီးရီးယား သမၼတ ဘာရွာအာဆတ္ ကုိ ႐ုရွားႏုိင္ငံတြင္ ႏုိင္ငံေရး ခုိလႈံခြင့္ ေပး-မေပး ႏွင့္ပတ္သက္၍ ထုတ္ေဖာ္ ေျပာၾကားရန္ အခ်ိန္ေစာလြန္း ေသးေၾကာင္း ႐ုရွားသမၼတ ပူတင္ က ယမန္ေန႔တြင္ ဂ်ာမန္ သတင္းစာ တစ္ေစာင္သုိ႔ ေျပာၾကား ခဲ့သည္။

ဆီးရီးယား သမၼတ ဘာရွာအာဆတ္ သည္ ႐ုရွားသမၼတ၏ အဓိက မဟာမိတ္ တစ္ဦး ျဖစ္ေသာ္လည္း ႏုိင္ငံတကာ ဆီးရီးယား ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ အတြက္ အဟန္႔အတား တစ္ရပ္အျဖစ္ ရပ္တည္ေနေၾကာင္း ေအပီ သတင္းဌာနက ေရးသား ေဖာ္ျပထားသည္။

႐ုရွား အစုိးရအေနျဖင့္ ဆီးရီးယားႏုိင္ငံ၏ တည္ဆဲ ဖဲြ႕စည္းပံု အေျခခံဥပေဒ ေျပာင္းလဲ ျပင္ဆင္ေရး လုပ္ငန္းကုိ ေထာက္ခံေၾကာင္း ၊ ဆီးရီးယား ႏုိင္ငံ၌ ဒီမုိကေရစီ နည္းက် ေရြးေကာက္ပဲြမ်ား က်င္းပခ်ိန္တြင္ သမၼတ အာဆတ္ အေနျဖင့္ ေရြးေကာက္ခံ သမၼတ အျဖစ္ ရပ္တည္ႏုိင္သည္ ျဖစ္ေစ ၊ မရပ္တည္ ႏုိင္သည္ျဖစ္ေစ မည္သည့္ေနရာ ကိုမွ သြားေရာက္ရန္ အေၾကာင္း ရွိလိမ့္မည္ မဟုတ္ေၾကာင္း ႐ုရွား သမၼတ ပူတင္ က ေဘးလ္ အမည္ရွိ ဂ်ာမန္ ေန႔စဥ္ သတင္းစာ တစ္ေစာင္သုိ႔ ထုတ္ေဖာ္ ေျပာၾကား ခဲ့သည္။

အလားတူ သမၼတ အာဆတ္ ကုိ ဖယ္ရွားေရး လုပ္ငန္းတြင္ ႐ုရွားအစုိးရ က တစ္ခန္း တစ္က႑မွ ပါ၀င္ေနသည္ ဟူေသာ ထင္ေၾကးမ်ားကုိ သမၼတ ပူတင္ က ျငင္းပယ္ခဲ့ ေသာ္လည္း သမၼတ အာဆတ္ကုိ ႏုိင္ငံေရး ခုိလႈံခြင့္ ေပးလုိပါက ခက္ခက္ခဲခဲ လုပ္ေဆာင္ ရလိမ့္မည္ မဟုတ္ေၾကာင္း အရိပ္အျမြတ္ ေျပာၾကား ခဲ့သည္။

႐ုရွားႏုိင္ငံသည္ အေမရိကန္ သတင္းေဖာ္ေကာင္ အက္ဒြပ္စႏုိဒန္ ကုိ ႏုိင္ငံတြင္း ခုိလႈံခြင့္ ေပးခဲ့ဖူးေၾကာင္း ၊ စႏုိဒန္ ကုိ ခုိလႈံခြင့္ ေပးရျခင္းသည္ ဆီးရီးယား သမၼတ အာဆတ္ ကုိ ကာကြယ္ေရး ရသည္ထက္ ပုိမုိ ခက္ခဲေၾကာင္း သမၼတ ပူတင္ က ဆက္လက္ ေျပာၾကား ခဲ့သည္။

႐ုရွား ၊ အေမရိကန္ ျပည္ေထာင္စု ႏွင့္ အေရွ႕အလယ္ပုိင္း ေဒသႏုိင္ငံမ်ား သည္ ဆီးရီးယား အစုိးရႏွင့္ သူပုန္မ်ားအၾကား ေဆြးေႏြးပဲြမ်ား ျဖစ္ေျမာက္ေရး ႀကိဳးပမ္းေန ေသာ္လည္း သမၼတ အာဆတ္ ၏ အနာဂတ္ ႏွင့္ ပတ္သက္၍ သေဘာထား ကဲြလြဲေနဆဲ ျဖစ္ေၾကာင္း သိရသည္။

#PyiChitThar

...................................................................

ဆီးရီးယားသမ္မတကို ခိုလှုံခွင့်ပေးရေးကိစ္စ ထုတ်ပြောရန် စောလွန်းသေးကြောင်း သမ္မတပူတင် ပြောကြား



မော်စကို ၊ ၁၃-၁-၂၀၁၆

ဆီးရီးယား သမ္မတ ဘာရှာအာဆတ် ကို ရုရှားနိုင်ငံတွင် နိုင်ငံရေး ခိုလှုံခွင့် ပေး-မပေး နှင့်ပတ်သက်၍ ထုတ်ဖော် ပြောကြားရန် အချိန်စောလွန်း သေးကြောင်း ရုရှားသမ္မတ ပူတင် က ယမန်နေ့တွင် ဂျာမန် သတင်းစာ တစ်စောင်သို့ ပြောကြား ခဲ့သည်။

ဆီးရီးယား သမ္မတ ဘာရှာအာဆတ် သည် ရုရှားသမ္မတ၏ အဓိက မဟာမိတ် တစ်ဦး ဖြစ်သော်လည်း နိုင်ငံတကာ ဆီးရီးယား ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် အဟန့်အတား တစ်ရပ်အဖြစ် ရပ်တည်နေကြောင်း အေပီ သတင်းဌာနက ရေးသား ဖော်ပြထားသည်။

ရုရှား အစိုးရအနေဖြင့် ဆီးရီးယားနိုင်ငံ၏ တည်ဆဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲ ပြင်ဆင်ရေး လုပ်ငန်းကို ထောက်ခံကြောင်း ၊ ဆီးရီးယား နိုင်ငံ၌ ဒီမိုကရေစီ နည်းကျ ရွေးကောက်ပွဲများ ကျင်းပချိန်တွင် သမ္မတ အာဆတ် အနေဖြင့် ရွေးကောက်ခံ သမ္မတ အဖြစ် ရပ်တည်နိုင်သည် ဖြစ်စေ ၊ မရပ်တည် နိုင်သည်ဖြစ်စေ မည်သည့်နေရာ ကိုမှ သွားရောက်ရန် အကြောင်း ရှိလိမ့်မည် မဟုတ်ကြောင်း ရုရှား သမ္မတ ပူတင် က ဘေးလ် အမည်ရှိ ဂျာမန် နေ့စဉ် သတင်းစာ တစ်စောင်သို့ ထုတ်ဖော် ပြောကြား ခဲ့သည်။

အလားတူ သမ္မတ အာဆတ် ကို ဖယ်ရှားရေး လုပ်ငန်းတွင် ရုရှားအစိုးရ က တစ်ခန်း တစ်ကဏ္ဍမှ ပါ၀င်နေသည် ဟူသော ထင်ကြေးများကို သမ္မတ ပူတင် က ငြင်းပယ်ခဲ့ သော်လည်း သမ္မတ အာဆတ်ကို နိုင်ငံရေး ခိုလှုံခွင့် ပေးလိုပါက ခက်ခက်ခဲခဲ လုပ်ဆောင် ရလိမ့်မည် မဟုတ်ကြောင်း အရိပ်အမြွတ် ပြောကြား ခဲ့သည်။

ရုရှားနိုင်ငံသည် အမေရိကန် သတင်းဖော်ကောင် အက်ဒွပ်စနိုဒန် ကို နိုင်ငံတွင်း ခိုလှုံခွင့် ပေးခဲ့ဖူးကြောင်း ၊ စနိုဒန် ကို ခိုလှုံခွင့် ပေးရခြင်းသည် ဆီးရီးယား သမ္မတ အာဆတ် ကို ကာကွယ်ရေး ရသည်ထက် ပိုမို ခက်ခဲကြောင်း သမ္မတ ပူတင် က ဆက်လက် ပြောကြား ခဲ့သည်။

ရုရှား ၊ အမေရိကန် ပြည်ထောင်စု နှင့် အရှေ့အလယ်ပိုင်း ဒေသနိုင်ငံများ သည် ဆီးရီးယား အစိုးရနှင့် သူပုန်များအကြား ဆွေးနွေးပွဲများ ဖြစ်မြောက်ရေး ကြိုးပမ်းနေ သော်လည်း သမ္မတ အာဆတ် ၏ အနာဂတ် နှင့် ပတ်သက်၍ သဘောထား ကွဲလွဲနေဆဲ ဖြစ်ကြောင်း သိရသည်။

#PyiChitThar

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...