Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ေပါင္းတည္ၿမိဳ႕ တြင္ မီးသၿဂၤိဳဟ္စက္ အေဖာက္ခံရ

$
0
0

ပဲခူးတိုင္းတိုင္းေဒသၾကီး ျပည္ခရိုင္ ေပါင္းတည္ၿမိဳ႕တြင္ ဇန္န၀ါရီ ၁၂ ရက္ က မီးသၿဂၤိဳဟ္စက္ အေဖာက္ခံရေသာသတင္း လူမႈကြန္ရက္ေပၚ ပံ်႕နံွ႔လာခဲ့ၿပီး လူစိတ္၀င္စားမႈ အထူးမ်ားျပားခဲ့သည္။

အဆိုပါ သတင္း လူမႈကြန္ရက္ (ေဖ့ဘုတ္) အသံုးျပဳသူတဦးက ဓာတ္ပံုနွင့္တကြတင္ခဲ့ျခင္းျဖစ္ၿပီး ယင္းပံုအား နာေရးကူညီမႈအသင္း (ရန္ကုန္) ဥကၠ႒ ဦးေက်ာ္သူက ''ဒါကိုသာၾကည့္ တိုင္းျပည္ အေျခအေန။ မိလို႔ကေတာ့့ ခုနစ္ရက္တိတိ သုသာန္မွာ ႀကိဳးတုပ္ခ်ည္ထားဖို႔ေကာင္းတယ္''ဟူေသာ မွတ္ခ်က္ျဖင့္ ၎၏ ေဖ့ဘုတ္စာမ်က္နွာတြင္ ျပန္လည္ေ၀မွ် (share) ခဲ့သည္။

အဆိုပါမီးသျဂၤိဳဟ္စက္သည္ ပရဟိတအသင္းတခုမွ တိုက္ရိုက္စီမံေဆာင္ရြက္ေနျခင္းျဖစ္ၿပီး စည္ပင္သာယာမွ စီမံေဆာင္ရြက္ျခင္း မဟုတ္ေၾကာင္း ေပါင္းတည္စည္ပင္သာယာေရး ေကာ္မတီစီမံဌာနမွ ဦးစီးမွဴး ဦးတင္ေဇာ္ လင္းက ေျပာသည္။
''မီးသျဂၤိဳဟ္စက္ေပ်ာက္တယ္ဆိုတဲ့ သတင္းကေတာ့ မဟုတ္ပါဘူး။ တံခါးပ်က္သြားတာေတာ့ ဟုတ္ပါတယ္။ ငမူးတေကာင္ ၀င္အိပ္သြားတာ ထင္တယ္။ လုပ္တဲ့သူ ဘယ္သူဆိုတာေတာ့ မသိပါဘူး။ ဇန္န၀ါရီ ၁၁ ညပိုင္းက ျဖစ္တာ။ လာေတာ့ တိုင္ၾကားတာ မရိွေသးပါဘူး''ဟု ေပါင္းတည္ျမိဳ႕နယ္ ရဲတပ္ဖဲြ႕မွ တာ၀န္ရိွသူတဦးက ေျပာသည္။
ယင္း မီးသျဂၤိဳဟ္စက္သည္ ေပါင္းတည္ၿမိဳ႕ မင္းကဲြ (၂)ရပ္ကြက္ အေနာက္လမ္းနဲ႔ ၁၈ လမ္းေထာင့္ရိွ ေရႊနိဗၺာန္ မီးသျဂၤိဳဟ္အသင္း၏ မီးသျဂၤိဳဟ္စက္ျဖစ္ျပီး ေပါင္းတည္သခၤ်ဳိင္းတြင္ထားရိွသည့္ သၿဂၤဳိဟ္စက္ျဖစ္ေၾကာင္း သိရသည္။

ယင္းကိစၥနွင့္ ပတ္သက္၍ ''တံခါးပတၱာကို ၀က္အူလွည့္နဲ႔ထိုးၿပီးေတာ့၀င္တဲ့ အေနအထား ေတြ႕ရတယ္။ အဲဒီအထဲမွာေတာ့ ဘာမွ မရိွဘူး။ ထင္းပဲရိွတယ္။ မီးသျဂၤိဳဟ္စက္ဆိုေပမယ့္ ထင္းနဲ႔သျဂၤိဳဟ္တဲ့ မီးသျဂၤိဳဟ္ စက္ေပါ့။ မူးေၾကာင္႐ူးေၾကာင္၀င္အိပ္တာ ေနမွာ။ ေသာ့ကိုလည္း မဖ်က္ဘူး။ မီးရိႈ႕တဲ့ အထဲက အခန္းကိုလည္း မျဖဳတ္ဘူး။ ကြ်န္ေတာ္ထင္တာကေတာ့ မူးေၾကာင္ရူးေၾကာင္ေတြ ေနမွာေပါ့။ ေတာ္ရံုတန္ရံု လူက မလုပ္ပါဘူး''ဟု ေရႊနိဗၺာန္ မီးသျဂၤိဳဟ္အသင္းမွ ကိုသန္႔ဇင္ဦးက News Watch သို႔ ေျပာသည္။

လင္းလင္းေအာင္
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
.................


ပဲခူးတိုင်းတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့တွင် ဇန်နဝါရီ ၁၂ ရက် က မီးသင်္ဂြိုဟ်စက် အဖောက်ခံရသောသတင်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာခဲ့ပြီး လူစိတ်ဝင်စားမှု အထူးများပြားခဲ့သည်။

အဆိုပါ သတင်း လူမှုကွန်ရက် (ဖေ့ဘုတ်) အသုံးပြုသူတဦးက ဓာတ်ပုံနှင့်တကွတင်ခဲ့ခြင်းဖြစ်ပြီး ယင်းပုံအား နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူက ''ဒါကိုသာကြည့် တိုင်းပြည် အခြေအနေ။ မိလို့ကတော့့ ခုနစ်ရက်တိတိ သုသာန်မှာ ကြိုးတုပ်ချည်ထားဖို့ကောင်းတယ်''ဟူသော မှတ်ချက်ဖြင့် ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် ပြန်လည်ဝေမျှ (share) ခဲ့သည်။

အဆိုပါမီးသင်္ဂြိုဟ်စက်သည် ပရဟိတအသင်းတခုမှ တိုက်ရိုက်စီမံဆောင်ရွက်နေခြင်းဖြစ်ပြီး စည်ပင်သာယာမှ စီမံဆောင်ရွက်ခြင်း မဟုတ်ကြောင်း ပေါင်းတည်စည်ပင်သာယာရေး ကော်မတီစီမံဌာနမှ ဦးစီးမှူး ဦးတင်ဇော် လင်းက ပြောသည်။
''မီးသင်္ဂြိုဟ်စက်ပျောက်တယ်ဆိုတဲ့ သတင်းကတော့ မဟုတ်ပါဘူး။ တံခါးပျက်သွားတာတော့ ဟုတ်ပါတယ်။ ငမူးတကောင် ၀င်အိပ်သွားတာ ထင်တယ်။ လုပ်တဲ့သူ ဘယ်သူဆိုတာတော့ မသိပါဘူး။ ဇန်နဝါရီ ၁၁ ညပိုင်းက ဖြစ်တာ။ လာတော့ တိုင်ကြားတာ မရှိသေးပါဘူး''ဟု ပေါင်းတည်မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။
ယင်း မီးသင်္ဂြိုဟ်စက်သည် ပေါင်းတည်မြို့ မင်းကွဲ (၂)ရပ်ကွက် အနောက်လမ်းနဲ့ ၁၈ လမ်းထောင့်ရှိ ရွှေနိဗ္ဗာန် မီးသင်္ဂြိုဟ်အသင်း၏ မီးသင်္ဂြိုဟ်စက်ဖြစ်ပြီး ပေါင်းတည်သင်္ချိုင်းတွင်ထားရှိသည့် သင်္ဂြိုဟ်စက်ဖြစ်ကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ''တံခါးပတ္တာကို ၀က်အူလှည့်နဲ့ထိုးပြီးတော့ဝင်တဲ့ အနေအထား တွေ့ရတယ်။ အဲဒီအထဲမှာတော့ ဘာမှ မရှိဘူး။ ထင်းပဲရှိတယ်။ မီးသင်္ဂြိုဟ်စက်ဆိုပေမယ့် ထင်းနဲ့သင်္ဂြိုဟ်တဲ့ မီးသင်္ဂြိုဟ် စက်ပေါ့။ မူးကြောင်ရူးကြောင်ဝင်အိပ်တာ နေမှာ။ သော့ကိုလည်း မဖျက်ဘူး။ မီးရှို့တဲ့ အထဲက အခန်းကိုလည်း မဖြုတ်ဘူး။ ကျွန်တော်ထင်တာကတော့ မူးကြောင်ရူးကြောင်တွေ နေမှာပေါ့။ တော်ရုံတန်ရုံ လူက မလုပ်ပါဘူး''ဟု ရွှေနိဗ္ဗာန် မီးသင်္ဂြိုဟ်အသင်းမှ ကိုသန့်ဇင်ဦးက News Watch သို့ ပြောသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

Viewing all articles
Browse latest Browse all 13796

Trending Articles


ျမန္ေအာင္ၿမိဳ႕နယ္ အင္ပင္- ကေနာင္လမ္း ေရတိုက္စား ပ်က္စီး


စုိးလြင္ (၂၁၁) (၀မ္ခ) ● သူပုန္တို႔ရဲ႕ဌာနခ်ဳပ္ မာနယ္ပေလာကို ကာကြယ္စို႔


ဆံပင္ကို ဘုရားလွဴျခင္းေၾကာင့္ မည္သုိ႔အက်ိဳးရမည္နည္း


တားျမစ္ထားတဲ႔ သီခ်င္းေလးေတြ...


တာခ်ီလိတ္တပ္နယ္ မိသားစုမ်ားမွ တာခ်ီလိတ္ေရႊတိဂံုေစတီေတာ္ ရင္ျပင္၌...


ဘုရင့္ေနာင္ေက်ာ္ထင္ေနာ္ရထာ နတ္ရြာစံျခင္း


ေနာင္ေတာ္ၾကီးမင္း၏ ေနာက္ဆံုးည


ျမန္မာေတြ ၾကည့္႐ႈ အဆင္ေျပမယ့္ ဇာတ္ကား ႐ိုက္ကူးတယ္ ဆုိသူ စံရတီမိုးျမင့္


၂၀၁၅ ေရြးေကာက္ပြဲ ကုိယ္စားလွယ္ေနရာ ထြန္းအိျႏၵာဗို္လ္ကို ကမ္းလွမ္းေၾကာင္း NLD...


တာေနာယကၡ


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


ခင္လြန္း - “က်ီးျဖဴ က်ီးမည္း တစ္ေကာင္တည္း”


ခ်စ္စရာ့ ျမန္မာ့ဓေလ့


တာခ်ီလိတ္ၿမိဳ႕ အားေခရြာထဲ၌ က်ပ္သိန္းေပါင္း ၁၄၅ သိန္းခန္႔ တန္ဖိုးရွိသည့္...


မေကြးတုိင္းအတြင္း တကၠသိုလ္ဝင္စာေမးပြဲေျဖခြင့္တင္သူ ယခုႏွစ္တြင္ (၆,၀၀၀)ေက်ာ္...


ဟံသာ၀တီ ႏွင့္ ေရႊဘုိ အားျပိဳင္ေသာ စစ္ပြဲမ်ား


သာယာ၀တီမင္း၏ ေနာက္ကြယ္မွ ရာဇ၀င္သမိုင္းဆုိးမ်ား


တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ႏွင့္ ဇ နီး...


အရွက္ႀကီးေသာ မိဖုရားႏွင့္ က်ီစားသန္ေသာ ဘုရင္


ဆားပုလင္းႏွင္းေမာင္၏ နိဂံုး



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>