Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ျငဳပ္ဆီ ျပဳလုပ္ရာတြင္ ခရမ္းခ်ဥ္သီးပါဝင္ျခင္းမရွိဘဲ ဆန္ကြဲ ၊ အေရာင္မႈန္႕၊ ဆိုးေဆးႏွင့္ အမ်ိဳးအမည္မသိ ဓာတုေဗဒ အခ်ဥ္မႈန္႕မ်ားအား ေရာေႏွာက်ိဳခ်က္၍ PVC ပိုက္မ်ားကို အသံုးျပဳကာ ထုတ္ပိုးမည့္ေနရာသို႕ ပို႕ေဆာင္ျခင္း မ်ားကို ေဆာင္ရြက္လ်က္ရွိေၾကာင္း စစ္ေဆးေတြ႕ရွိ

$
0
0



မႏၲေလး ေအာင္ေျမသာစံၿမိဳ႕နယ္
သီရိမာလာ( အေရွ႕) ရပ္ကြက္
သေဘၤာတန္းရပ္ တြင္ ေနထိုင္ၾကေသာ ျပည္သူမ်ား၏ မီးေဘးအႏၲရာယ္ စိုးရိမ္ရသည္ဟု တိုင္ၾကားခ်က္အရ သန္႕ရွင္းေရးဌာနမွ တာဝန္ရွိသူမ်ား၊ ျမိဳ႕နယ္ မီးသတ္ဦးစီးဌာန၊ျမို႕နယ္က်န္းမာေရးဦးစီးဌာန ၊ပါတ္ဝန္းက်င္ထိန္းသိမ္းေရးဦးစီးဌာန ( မႏၲေလးတိုင္း) ၊ စက္မႈစစ္ေဆးေရးႏွင့္ ႀကီးၾကပ္ေရးဦးစီးဌာန ၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးႏွင့္ ရပ္မိရပ္ဖမ်ား ပါဝင္ေသာ အဖြဲ့သည္ ယေနံနံနက္ ၁၀ နာရီခြဲခန့္က ပိုင္ရွင္ ဦးသန္းထြဋ္ ၏ ငုံးမင္းျငဳပ္ဆီလုပ္ငန္းအား သြားေရာက္စစ္ေဆးခဲ့ၾကပါသည္။
ထိုသို့ စစ္ေဆးရာတြင္
(၁)မီးေဘးအႏၲရာယ္ စိုးရိမ္ရသည္အထိ အိမ္ေပၚထပ္တြင္ မီးဖိုႀကီးထားရွိကာ ဆားႏွင့္ျငဳပ္ရည္ႀကိဳျခင္း
(၂)မီးခိုးမ်ားေၾကာင့္ ပါတ္ဝန္းက်င္ကို အေႏွာင့္ယွက္ျဖစ္ေစျခင္း
(၃)ခရမ္းခ်ဥ္သီးပါဝင္ျခင္းမရွိဘဲ ဆန္ကြဲ ၊ အေရာင္မႈန္႕၊ ဆိုးေဆးႏွင့္ အမ်ိဳးအမည္မသိ ဓာတုေဗဒ အခ်ဥ္မႈန္႕မ်ားအား ေရာေႏွာက်ိဳခ်က္၍ PVC ပိုက္မ်ားကို အသံုးျပဳကာ ထုတ္ပိုးမည့္ေနရာသို႕ ပို႕ေဆာင္ျခင္း မ်ားကို ေဆာင္ရြက္လ်က္ရွိျပီးပူေႏြးေနေသာ အေနအထားအတိုင္း ပလတ္စတစ္အိတ္အတြင္း သြပ္သြင္းထုတ္ပိုးေနသည္ကို စစ္ေဆးေတြ႕ရွိရပါသည္။
ထို႕အျပင္ အဆိုပါ ငံုးမင္း ျငဳပ္ဆီအား က်န္းမာေရးဦးစီးဌာန အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဌာန၏ ဓာတ္ခြဲခန္းသို႕ ေပးပို႕စစ္ေဆးသြားမည္ျဖစ္ျပီး လုပ္ငန္းအား ပိတ္သိမ္းရန္ အသိေပးအေၾကာင္းၾကားထားျပီးျဖစ္ပါေၾကာင္း အမ်ားျပည္သူသိရွိနိုင္ပါရန္ တင္ျပအပ္ပါသည္။
‪#‎Mandalay‬ City Development Committee
via Lwin Oo
.................
ငြုပ်ဆီ ပြုလုပ်ရာတွင် ခရမ်းချဉ်သီးပါဝင်ခြင်းမရှိဘဲ ဆန်ကွဲ ၊ အရောင်မှုန့်၊ ဆိုးဆေးနှင့် အမျိုးအမည်မသိ ဓာတုဗေဒ အချဉ်မှုန့်များအား ရောနှောကျိုချက်၍ PVC ပိုက်များကို အသုံးပြုကာ ထုတ်ပိုးမည့်နေရာသို့ ပို့ဆောင်ခြင်း များကို ဆောင်ရွက်လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မန္တလေး အောင်မြေသာစံမြို့နယ်
သီရိမာလာ( အရှေ့) ရပ်ကွက်
သင်္ဘောတန်းရပ် တွင် နေထိုင်ကြသော ပြည်သူများ၏ မီးဘေးအန္တရာယ် စိုးရိမ်ရသည်ဟု တိုင်ကြားချက်အရ သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် မီးသတ်ဦးစီးဌာန၊မြို့နယ်ကျန်းမာရေးဦးစီးဌာန ၊ပါတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ( မန္တလေးတိုင်း) ၊ စက်မှုစစ်ဆေးရေးနှင့် ကြီးကြပ်ရေးဦးစီးဌာန ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ ပါဝင်သော အဖွဲ့သည် ယနေံနံနက် ၁၀ နာရီခွဲခန့်က ပိုင်ရှင် ဦးသန်းထွဋ် ၏ ငုံးမင်းငြုပ်ဆီလုပ်ငန်းအား သွားရောက်စစ်ဆေးခဲ့ကြပါသည်။
ထိုသို့ စစ်ဆေးရာတွင်
(၁)မီးဘေးအန္တရာယ် စိုးရိမ်ရသည်အထိ အိမ်ပေါ်ထပ်တွင် မီးဖိုကြီးထားရှိကာ ဆားနှင့်ငြုပ်ရည်ကြိုခြင်း
(၂)မီးခိုးများကြောင့် ပါတ်ဝန်းကျင်ကို အနှောင့်ယှက်ဖြစ်စေခြင်း
(၃)ခရမ်းချဉ်သီးပါဝင်ခြင်းမရှိဘဲ ဆန်ကွဲ ၊ အရောင်မှုန့်၊ ဆိုးဆေးနှင့် အမျိုးအမည်မသိ ဓာတုဗေဒ အချဉ်မှုန့်များအား ရောနှောကျိုချက်၍ PVC ပိုက်များကို အသုံးပြုကာ ထုတ်ပိုးမည့်နေရာသို့ ပို့ဆောင်ခြင်း များကို ဆောင်ရွက်လျက်ရှိပြီးပူနွေးနေသော အနေအထားအတိုင်း ပလတ်စတစ်အိတ်အတွင်း သွပ်သွင်းထုတ်ပိုးနေသည်ကို စစ်ဆေးတွေ့ရှိရပါသည်။
ထို့အပြင် အဆိုပါ ငုံးမင်း ငြုပ်ဆီအား ကျန်းမာရေးဦးစီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၏ ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်ပြီး လုပ်ငန်းအား ပိတ်သိမ်းရန် အသိပေးအကြောင်းကြားထားပြီးဖြစ်ပါကြောင်း အများပြည်သူသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
‪#‎Mandalay‬ City Development Committee
via Lwin Oo

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...