ကားပါကင္ေနရာ မဦးရ ...!
ၿမိဳ႕တြင္းၿမိဳ႕နယ္ ေျခာက္ၿမိဳ႕နယ္အတြင္း ကားပါကင္ေနရာ ဦးသည့္အတြက္ ဒဏ္႐ိုက္အေရးယူမႈ ၿမိဳ႕နယ္တစ္ခုလွ်င္ ေျခာက္မႈခန္႔ရွိ...
ရန္ကုန္ၿမိဳ႕တြင္း ၿမိဳ႕နယ္ ေျခာက္ၿမိဳ႕နယ္အတြင္း ကားပါကင္ေနရာဦးယူသည့္
အတြက္ ဒဏ္႐ိုက္အေရးယူေဆာင္ရြက္မႈမ်ားမွာ ၿမိဳ႕နယ္တစ္ခုလွ်င္
ေျခာက္မႈခန္႔ရွိေနေၾကာင္း ‘ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ၊ စီမံေရးရာဌာန’ မွ သိရသည္။
လူေနအိမ္ေရွ႕မ်ား၊ တိုက္ခန္းမ်ား၊ ကုမၸဏီမ်ားႏွင့္ သက္ဆိုင္ရာ ဌာနမ်ား၏ အေရွ႕မ်က္ႏွာစာတြင္ ကားပါကင္ေနရာဦးသည့္ ျပႆနာမွာ ယာဥ္သြားလာမႈ
မ်ားသည့္ ၿမိဳ႕တြင္းၿမိဳ႕နယ္မ်ားတြင္ အမ်ားဆံုးျဖစ္ပြားလ်က္ရွိၿပီး ကားပါကင္
ေနရာ ဦးထားခ်င္း ရွိ၊ မရွိကို ဇန္န၀ါရီ ၁ ရက္မွ စတင္စစ္ေဆး
ေဆာင္ရြက္ခဲ့ရာ ေနရာဦးသည့္ျပႆနာမွာ ၿမိဳ႕နယ္တစ္ခုလွ်င္ေျခာက္မႈခန္႔
ရွိေနေၾကာင္း သိရသည္။
“အခု ကားပါကင္ေနရာဦးထားတာေတြကို လိုက္ၿပီးသတိေပးတယ္၊ ပိုစတာေတြ ကပ္ထားတယ္၊ ေန႔တိုင္း ကားပါကင္ေနရာဦးထားတဲ့
ပစၥည္းေတြကို လိုက္လံသိမ္းဆည္းပါတယ္၊ ကားပါကင္ေနရာ ဦးတာက ၿမိဳ႕တြင္း Downtown ေျခာက္ၿမိဳ႕နယ္မွာ အဆိုးဆံုးပဲ” ဟု ‘ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ၊ စီမံေရးရာဌာနမွ တာ၀န္ရွိသူတစ္ဦးက
ေျပာသည္။
ရန္ကုန္ၿမိဳ႕တြင္း ၿမိဳ႕နယ္ ေျခာက္ၿမိဳ႕နယ္အတြင္းရွိ ကားပါကင္ေနရာဦး
ထားျခင္းကို စစ္ေဆးေတြ႕ရွိပါက စည္ပင္သာယာေရး ဥပေဒပုဒ္မျဖင့္ တရားစြဲဆိုအေရးယူသြားမည္ျဖစ္ၿပီး ျပစ္မႈက်ဴးလြန္ျခင္းကို တိုင္တန္းျခင္းႏွင့္ စစ္ေဆးေတြ႕ရွိမႈမ်ား ရွိပါက ေငြက်ပ္တစ္ေသာင္းမွ ငါးသိန္းအထိျဖစ္ေစ၊
ေထာင္ဒဏ္ တစ္ႏွစ္ျဖစ္ေစ၊ ေငြဒဏ္ႏွင့္ ေထာင္ဒဏ္ ႏွစ္ရပ္လံုးျဖစ္ေစ ခ်မွတ္အေရးယူႏိုင္ေၾကာင္း သိရသည္။
www.motors.com.mm
Credit: Automobile Weekly Car Journal
....................
ကားပါကင်နေရာ မဦးရ ...!
=========================
မြို့တွင်းမြို့နယ် ခြောက်မြို့နယ်အတွင်း ကားပါကင်နေရာ ဦးသည့်အတွက် ဒဏ်ရိုက်အရေးယူမှု မြို့နယ်တစ်ခုလျှင် ခြောက်မှုခန့်ရှိ...
ရန်ကုန်မြို့တွင်း မြို့နယ် ခြောက်မြို့နယ်အတွင်း ကားပါကင်နေရာဦးယူသည့်
အတွက် ဒဏ်ရိုက်အရေးယူဆောင်ရွက်မှုများမှာ မြို့နယ်တစ်ခုလျှင်
ခြောက်မှုခန့်ရှိနေကြောင်း ‘ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာန’ မှ သိရသည်။
လူနေအိမ်ရှေ့များ၊ တိုက်ခန်းများ၊ ကုမ္ပဏီများနှင့် သက်ဆိုင်ရာ ဌာနများ၏ အရှေ့မျက်နှာစာတွင် ကားပါကင်နေရာဦးသည့် ပြဿနာမှာ ယာဉ်သွားလာမှု
များသည့် မြို့တွင်းမြို့နယ်များတွင် အများဆုံးဖြစ်ပွားလျက်ရှိပြီး ကားပါကင်
နေရာ ဦးထားချင်း ရှိ၊ မရှိကို ဇန်နဝါရီ ၁ ရက်မှ စတင်စစ်ဆေး
ဆောင်ရွက်ခဲ့ရာ နေရာဦးသည့်ပြဿနာမှာ မြို့နယ်တစ်ခုလျှင်ခြောက်မှုခန့်
ရှိနေကြောင်း သိရသည်။
“အခု ကားပါကင်နေရာဦးထားတာတွေကို လိုက်ပြီးသတိပေးတယ်၊ ပိုစတာတွေ ကပ်ထားတယ်၊ နေ့တိုင်း ကားပါကင်နေရာဦးထားတဲ့
ပစ္စည်းတွေကို လိုက်လံသိမ်းဆည်းပါတယ်၊ ကားပါကင်နေရာ ဦးတာက မြို့တွင်း Downtown ခြောက်မြို့နယ်မှာ အဆိုးဆုံးပဲ” ဟု ‘ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။
ရန်ကုန်မြို့တွင်း မြို့နယ် ခြောက်မြို့နယ်အတွင်းရှိ ကားပါကင်နေရာဦး
ထားခြင်းကို စစ်ဆေးတွေ့ရှိပါက စည်ပင်သာယာရေး ဥပဒေပုဒ်မဖြင့် တရားစွဲဆိုအရေးယူသွားမည်ဖြစ်ပြီး ပြစ်မှုကျူးလွန်ခြင်းကို တိုင်တန်းခြင်းနှင့် စစ်ဆေးတွေ့ရှိမှုများ ရှိပါက ငွေကျပ်တစ်သောင်းမှ ငါးသိန်းအထိဖြစ်စေ၊
ထောင်ဒဏ် တစ်နှစ်ဖြစ်စေ၊ ငွေဒဏ်နှင့် ထောင်ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်အရေးယူနိုင်ကြောင်း သိရသည်။
www.motors.com.mm
Credit: Automobile Weekly Car Journal