Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ထုိင္၀မ္မွာ ပထမဆံုအမ်ိဳးသမီးသမၼတ ေရြးေကာက္ခံရ၊ တရုတ္လိုလားတဲ့ပါတီကုိ ျဖဳတ္ခ်

$
0
0


ထုိင္ေပ၊ ဇန္န၀ါရီ ၁၇။ ။
ထုိင္၀မ္မွာ ေရြးေကာက္ခံရတဲ့ ဆုိင္အမ္း၀မ္ဟာ စေနေန႔က ပထမဆံုးအမ်ိဳးသမီးသမၼတျဖစ္လာခဲ့ၿပီး လြတ္လပ္ေရးကို လုိလားတဲ့ သူ႔ပါတီဟာ အမ်ိဳးသားလႊတ္ေတာ္မွာ ပထမဆံုးအႀကိမ္ျဖစ္ အမတ္အမ်ားစုရလာခဲ့ပါတယ္။ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရကြ်န္းကို ရွစ္ႏွစ္တုိင္တုိင္ဦးေဆာင္ခဲ့တဲ့ တရုတ္ကိုလိုလားတဲ့ပါတီကိုလည္း ျဖဳတ္ခ်ခဲ့ပါတယ္။
ရလဒ္ေတြဟာ တရုတ္ဘက္ကုိ အထူးလႈပ္ရွားသြားေစဖြယ္ရွိၿပီး အကန္႔အသတ္နဲ႔သာရွိတဲ့ တုိင္ေပရဲ႕ သံတမန္မဟာမိတ္ဖြဲ႕ေရးလႈပ္ရွားမႈနဲ႔ ႏိုင္ငံတကာအဖြဲ႕အစည္းေတြမွာ ပါ၀င္ခြင့္ကို ထပ္မံကန္႔သတ္လာဖြယ္ရွိပါတယ္။
ဆုိင္အႏိုင္ရၿပီးထုတ္ျပန္တဲ့ ေၾကညာခ်က္တစ္ခုမွာ ထုိင္၀မ္ကိစၥေတြကို ကုိင္တြယ္တဲ့ တရုတ္ကက္ဘိနက္အဖြဲ႕က ထုိင္၀မ္ခြဲထြက္လြတ္လပ္ေရးကို ဆန္႔က်င္ေၾကာင္း ထပ္မံအတည္ျပဳခဲ့ေပမယ့္ ထုိင္၀မ္ေရလက္ၾကားရဲ႕ တစ္ဖက္တစ္ခ်က္ေဒသမ်ားအၾကား ၿငိမ္းခ်မ္းေရးနဲ႔တည္ၿငိမ္ေရးကို ထိန္းသိမ္းဖို႔ လုပ္ေဆာင္မယ္လုိ႔ ေျပာခဲ့ပါတယ္။
“ကြ်န္ေတာ္တုိ႔ရဲ႕ဆႏၵက ေက်ာက္စုိင္ေက်ာက္သားလုိ ခုိင္မာပါတယ္။ အမ်ိဳးသားအခ်ဳပ္အျခာအာဏာပို္င္မႈနဲ႔ ေဒသတြင္းေပါင္းစည္းမႈကို ကာကြယ္ေစာင့္ေရွာက္ဖို႔ အဓိကအခ်က္ကို ကြ်န္ေတာ္တုိ႔ မဆုတ္မနစ္လုိက္နာက်င့္သံုးသြားမွာပါ” လို႔ ထုိင္၀မ္ေရးရာရံုးခ်ဳပ္က ဆုိပါတယ္။
မဲဆႏၵရွင္ေတြက ထုိင္၀မ္စီးပြားေရးဟာ တရုတ္ရဲ႕ၿခိမ္းေျခာက္ခံေနရေၾကာင္း ပူပင္ေနၿပီး ႏိုင္ငံေရးေပါင္းစည္းဖို႔အတြက္ ဆုိင္ကုိ မေရြးဘဲ ေနရွင္နယ္လစ္ေတြရဲ႕ အဲရစ္ခ်ဴးကို ေရြးၾကဖို႔ ေဘဂ်င္းရဲ႕ေတာင္းဆုိမႈကို သိသိသာသာဆန္႔က်င္ခဲ့ၾကပါတယ္။
ဆုိင္က သူ႔ေအာင္ျမင္မႈဟာ ထုိင္၀မ္ရဲ႕ အရိုးစြဲေနတဲ့ ဒီမုိကေရစီနဲ႔ “သည္ႏိုင္ငံရဲ႕အခ်ဳပ္အျခာအာဏာကို ကာကြယ္လုိတဲ့အစိုးရတစ္ရပ္ကို ျပည္သူေတြက လုိလားေၾကာင္း” ထပ္မံျပသလုိက္တာျဖစ္တယ္လို႔ ေျပာပါတယ္။ သူက တရုတ္နဲ႔ ေနၿမဲအတုိုင္းေနဖို႔လည္း ကတိေပးခဲ့ပါတယ္။ ႏွစ္ဖက္စလံုးဟာ အျပန္အလွန္လက္ခံႏိုင္တဲ့ အက်ိဳးျဖစ္ထြန္းေရးနည္းလမ္းေတြကို ရွာေဖြဖို႔ တာ၀န္ရွိေၾကာင္း သူကေျပာၿပီး ထုိင္၀မ္ရဲ႕ႏိုင္ငံတကာ၀င္ဆန္႔မႈကို လက္ခံရမယ္လုိ႔လည္း ဆက္ေျပာပါတယ္။
သူဟာ အတိတ္က ေပၚလစီအမွားေတြကို ျပဳျပင္မယ္လုိ႔ ဆုိေပမယ့္ “ထုိင္၀မ္မွာရင္ဆုိင္ေနရတဲ့ စိန္ေခၚမႈေတြဟာ တစ္ရက္တည္းနဲ႔ေပ်ာက္ကြယ္သြားမွာမဟုတ္ဘူး”လို႔လည္း သတိေပးခဲ့ပါတယ္။
ဘာသာျပန္ - စုျပည့္စံု
Ref: AP

Kumudra
..................

ထိုင်ဝမ်မှာ ပထမဆုံအမျိုးသမီးသမ္မတ ရွေးကောက်ခံရ၊ တရုတ်လိုလားတဲ့ပါတီကို ဖြုတ်ချ
+++++++++++++++++++
ထိုင်ပေ၊ ဇန်နဝါရီ ၁၇။ ။
ထိုင်ဝမ်မှာ ရွေးကောက်ခံရတဲ့ ဆိုင်အမ်းဝမ်ဟာ စနေနေ့က ပထမဆုံးအမျိုးသမီးသမ္မတဖြစ်လာခဲ့ပြီး လွတ်လပ်ရေးကို လိုလားတဲ့ သူ့ပါတီဟာ အမျိုးသားလွှတ်တော်မှာ ပထမဆုံးအကြိမ်ဖြစ် အမတ်အများစုရလာခဲ့ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းကို ရှစ်နှစ်တိုင်တိုင်ဦးဆောင်ခဲ့တဲ့ တရုတ်ကိုလိုလားတဲ့ပါတီကိုလည်း ဖြုတ်ချခဲ့ပါတယ်။
ရလဒ်တွေဟာ တရုတ်ဘက်ကို အထူးလှုပ်ရှားသွားစေဖွယ်ရှိပြီး အကန့်အသတ်နဲ့သာရှိတဲ့ တိုင်ပေရဲ့ သံတမန်မဟာမိတ်ဖွဲ့ရေးလှုပ်ရှားမှုနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ ပါ၀င်ခွင့်ကို ထပ်မံကန့်သတ်လာဖွယ်ရှိပါတယ်။
ဆိုင်အနိုင်ရပြီးထုတ်ပြန်တဲ့ ကြေညာချက်တစ်ခုမှာ ထိုင်ဝမ်ကိစ္စတွေကို ကိုင်တွယ်တဲ့ တရုတ်ကက်ဘိနက်အဖွဲ့က ထိုင်ဝမ်ခွဲထွက်လွတ်လပ်ရေးကို ဆန့်ကျင်ကြောင်း ထပ်မံအတည်ပြုခဲ့ပေမယ့် ထိုင်ဝမ်ရေလက်ကြားရဲ့ တစ်ဖက်တစ်ချက်ဒေသများအကြား ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ လုပ်ဆောင်မယ်လို့ ပြောခဲ့ပါတယ်။
“ကျွန်တော်တို့ရဲ့ဆန္ဒက ကျောက်စိုင်ကျောက်သားလို ခိုင်မာပါတယ်။ အမျိုးသားအချုပ်အခြာအာဏာပို်င်မှုနဲ့ ဒေသတွင်းပေါင်းစည်းမှုကို ကာကွယ်စောင့်ရှောက်ဖို့ အဓိကအချက်ကို ကျွန်တော်တို့ မဆုတ်မနစ်လိုက်နာကျင့်သုံးသွားမှာပါ” လို့ ထိုင်ဝမ်ရေးရာရုံးချုပ်က ဆိုပါတယ်။
မဲဆန္ဒရှင်တွေက ထိုင်ဝမ်စီးပွားရေးဟာ တရုတ်ရဲ့ခြိမ်းခြောက်ခံနေရကြောင်း ပူပင်နေပြီး နိုင်ငံရေးပေါင်းစည်းဖို့အတွက် ဆိုင်ကို မရွေးဘဲ နေရှင်နယ်လစ်တွေရဲ့ အဲရစ်ချူးကို ရွေးကြဖို့ ဘေဂျင်းရဲ့တောင်းဆိုမှုကို သိသိသာသာဆန့်ကျင်ခဲ့ကြပါတယ်။
ဆိုင်က သူ့အောင်မြင်မှုဟာ ထိုင်ဝမ်ရဲ့ အရိုးစွဲနေတဲ့ ဒီမိုကရေစီနဲ့ “သည်နိုင်ငံရဲ့အချုပ်အခြာအာဏာကို ကာကွယ်လိုတဲ့အစိုးရတစ်ရပ်ကို ပြည်သူတွေက လိုလားကြောင်း” ထပ်မံပြသလိုက်တာဖြစ်တယ်လို့ ပြောပါတယ်။ သူက တရုတ်နဲ့ နေမြဲအတိုုင်းနေဖို့လည်း ကတိပေးခဲ့ပါတယ်။ နှစ်ဖက်စလုံးဟာ အပြန်အလှန်လက်ခံနိုင်တဲ့ အကျိုးဖြစ်ထွန်းရေးနည်းလမ်းတွေကို ရှာဖွေဖို့ တာဝန်ရှိကြောင်း သူကပြောပြီး ထိုင်ဝမ်ရဲ့နိုင်ငံတကာဝင်ဆန့်မှုကို လက်ခံရမယ်လို့လည်း ဆက်ပြောပါတယ်။
သူဟာ အတိတ်က ပေါ်လစီအမှားတွေကို ပြုပြင်မယ်လို့ ဆိုပေမယ့် “ထိုင်ဝမ်မှာရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေဟာ တစ်ရက်တည်းနဲ့ပျောက်ကွယ်သွားမှာမဟုတ်ဘူး”လို့လည်း သတိပေးခဲ့ပါတယ်။
ဘာသာပြန် - စုပြည့်စုံ
Ref: AP

Kumudra

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>