Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဗိုလ်မှူးချုပ်သန်းထွန်းနှင့် ထောက်လှမ်းရေး အရာရှိကြီး ၉ ဦး ပြန်လည်လွတ်မြောက်

$
0
0
နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်ခဲ့သော အကျဉ်းသား အကျဉ်းသူ ၆၉၆၆ ဦးတွင် ၂၀၀၄ ခုနှစ်ကတည်းက ထိန်းသိမ်းခံထားရသည့် တပ်မတော် ထောက်လှမ်းရေးတပ်ဖွဲ့မှ ဗိုလ်မှူးချုပ်သန်းထွန်းနှင့် အကြီးတန်းအရာရှိကြီး ၉ ဦးလုံး ပြန်လည်လွတ်မြောက်လာပြီး ဖြစ်ကြောင်း The Voice သတင်းရင်းမြစ်များက ပြောကြားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၄ ပုဒ်မခွဲ (က) နှင့်အညီ အကျဉ်းထောင်အသီးသီးတွင် ထိုက်သင့်သော ပြစ်ဒဏ်များကျခံပြီး ဖြစ်သည့်အပြင် အကျဉ်းထောင်ကျခံစဉ် ကာလအတွင်း စည်းကမ်းကောင်းမွန်သည့် အကျဉ်းသား/အကျဉ်းသူ ၆၉၆၆ ဦးတို့အား နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက် လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး အတွက် လည်းကောင်း နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေးအတွက် လည်းကောင်း၊ လူသားချင်းစာနာ ထောက်ထားမှုကို အလေးပေးသောအားဖြင့် နိုင်ငံတော်သမ္မတက ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက် (ယနေ့) တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များ ပေးခဲ့သည်။
The Voice Weekly

Viewing all articles
Browse latest Browse all 13796

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>