Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

စစ္ေတြတြင္ ရခိုင္လူငယ္ႏွစ္ဦး ဖမ္းဆီးေခၚေဆာင္ခံရ

$
0
0

ရန္ကုန္၊ ဇန္န၀ါရီ ၁၈

ရန္ကုန္မွလာသည့္ ရခိုင္လူငယ္ႏွစ္ဦးကို စစ္ေတြၿမိဳ႕ မင္းဂံ ရပ္ကြက္ ရွိ ႏိုင္တည္းခိုခန္းတြင္ တည္းခိုေနစဥ္ ဇန္န၀ါရီလ ၁၆ ရက္ေန႔ ညေန ၄ နာရီခန္႔က ရဲႏွင့္ စရဖတို႔၏ ဖမ္းဆီးေခၚေဆာင္သြားသည္ဟု သတင္းရရွိသည္။

“သူတို႔ႏွစ္ဦးဟာ ရန္ကုန္က ျပန္လာသူေတြလို႔ သိရပါတယ္။ ႏိုင္တည္းခို ခန္းမွာ တည္းဖို႔လာတဲ့ ရခိုင္လူငယ္ႏွစ္ဦးကို ဖမ္းဆီးသြားပါတယ္။ ဖမ္းၿပီးတာနဲ႔ လက္ထိပ္ခပ္၊ မ်က္ႏွာဖံုး စြပ္ၿပီးေတာ့ ေခၚေဆာင္ သြားပါတယ္။ ေလ့လာၾကည့္ေတာ့ ကခ်င္ျပည္နယ္ ဖားကန္႔က ေက်ာက္တူး ၿပီး ျပန္လာတဲ့သူေတြျဖစ္တယ္လုိ႔ သိရပါတယ္။ သူတို႔ကို ရဲနဲ႔ စရဖ က ဖမ္းဆီးေခၚေဆာင္သြားတာပါ”ဟု ၀ံလက္ေဖါင္ေဒးရွင္း ဒါရိုက္တာ ခိုင္ေကာင္းစံက နိရဥၥရာသတင္းဌာနသို႔ေျပာသည္။

သူတို႔သည္ AA အဖြဲ႕၀င္မ်ားလား၊ ဘာေၾကာင့္ ဖမ္းဆီးေခၚေဆာင္ သြားသလဲဆိုသည္ကို အတိအက် မသိရွိရေသးေၾကာင္း သူက ဆက္လက္ ေျပာၾကားသည္။

စစ္ေတြျမိဳ႕မွ ရဲစခန္းမွ ရဲအုပ္ ေအးခင္ေမာင္အား ဆက္သြယ္ေမးျမန္းရာ သူက “ ဖမ္းတာ မွန္ပါတယ္။ မႈခင္းကိစၥေတြပါ။ ဘာကိစၥလည္းဆိုတာေတာ့ အတိအက်မသိရေသးပါဘူး။ သိတဲ့အခါ ေျပာျပေပးပါ့မယ္”ဟု စစ္ေတြၿမိဳ႕မ ရဲစခန္းမွ ရဲအုပ္ေအးခင္ေမာင္က နိရဥၥရာ သတင္းဌာနသို႔ ေျပာသည္။

အလားတူ ဇန္၀ါရီလ ၉ ရက္ေန႕ကလည္း ေတာင္ကုတ္ျမိဳ႕တြင္ ရကၡိဳင့္တပ္မေတာ္ Arakan Army (AA) မွ တပ္ဖြဲ႕ႏွစ္ဦးကို ဖမ္းဆီးရမိခဲ့ျပီး တပ္မေတာ္သို႕ လႊဲေျပာင္း ေပးအပ္ခဲ့ေၾကာင္း ေတာင္ကုတ္ျမိဳ႕မွ ရဲစခန္းကုိ ကိုးကားျပီး The Ladies News Journal တြင္ သတင္း ေဖာ္ျပသည္။

အဆိုပါ ရကၡိဳင့္တပ္ဖြဲ႔ဝင္ ၂ ဦးကို ရန္ကုန္သို႔သြားမည့္ ေအာင္သစၥာ အေဝးေျပး ယာဥ္ ေပၚတြင္ ေတာင္ကုတ္ ၿမိဳ႕မ နယ္ေျမခံ ရဲတပ္ရင္းက ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း၊ ေအာင္သစၥာ အေဝးေျပးယာဥ္ေပၚတြင္ ရကၡိဳင္ တပ္မေတာ္မွ တပ္ဖြဲ႔ဝင္ေလးဦး လိုက္ပါလာရာ မင္းျပားမွ တစ္ဦးႏွင့္ ေက်ာက္ေတာ္ၿမဳိ႕နယ္မွ တစ္ဦးတို႔ကို ဖမ္းဆီးရမိခဲ့ၿပီး က်န္ ႏွစ္ဦးမွာ လြတ္ေျမာက္သြားေၾကာင္း သတင္းတြင္ ဆက္လက္ ေဖာ္ျပသည္။

“ဖမ္းတာက မေန႔က ဖမ္းတယ္လို႔ သိရပါတယ္။ ဒီေန႔မနက္ပိုင္းမွာ သူတို႔ႏွစ္ေယာက္ ကို ႐ံုးထုတ္လာပါတယ္။ တရား႐ံုးတင္ၿပီးေတာ့ မ်က္ႏွာေတြကို ပဝါနဲ႔ခ်ဳပ္ၿပီးေတာ့ အစုိးရတပ္က တပ္မေတာ္သုံး ကားနဲ႔ တပ္ထဲကို ေခၚသြားတာကို ေတြ႔လိုက္ပါတယ္။ ဘယ္ရာထူးလဲ၊ ဘယ္သူေတြလဲ ဆိုတာကိုေတာ့ မသိရေသးဘူး” ဟု ေတာင္ကုတ္ ၿမိဳ႕မရဲစခန္းမွ အမည္မေဖာ္လိုသူ ရဲအရာရွိတစ္ဦးက ေျပာသည္ဟု သတင္းတြင္ ေဖာ္ျပသည္။

စံေမာင္သန္း
Arakan State
https://www.facebook.com/NarinjaraNews
.................


ရန်ကုန်၊ ဇန်နဝါရီ ၁၈

ရန်ကုန်မှလာသည့် ရခိုင်လူငယ်နှစ်ဦးကို စစ်တွေမြို့ မင်းဂံ ရပ်ကွက် ရှိ နိုင်တည်းခိုခန်းတွင် တည်းခိုနေစဉ် ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေ ၄ နာရီခန့်က ရဲနှင့် စရဖတို့၏ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သတင်းရရှိသည်။

“သူတို့နှစ်ဦးဟာ ရန်ကုန်က ပြန်လာသူတွေလို့ သိရပါတယ်။ နိုင်တည်းခို ခန်းမှာ တည်းဖို့လာတဲ့ ရခိုင်လူငယ်နှစ်ဦးကို ဖမ်းဆီးသွားပါတယ်။ ဖမ်းပြီးတာနဲ့ လက်ထိပ်ခပ်၊ မျက်နှာဖုံး စွပ်ပြီးတော့ ခေါ်ဆောင် သွားပါတယ်။ လေ့လာကြည့်တော့ ကချင်ပြည်နယ် ဖားကန့်က ကျောက်တူး ပြီး ပြန်လာတဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။ သူတို့ကို ရဲနဲ့ စရဖ က ဖမ်းဆီးခေါ်ဆောင်သွားတာပါ”ဟု ၀ံလက်ဖေါင်ဒေးရှင်း ဒါရိုက်တာ ခိုင်ကောင်းစံက နိရဥ္စရာသတင်းဌာနသို့ပြောသည်။

သူတို့သည် AA အဖွဲ့ဝင်များလား၊ ဘာကြောင့် ဖမ်းဆီးခေါ်ဆောင် သွားသလဲဆိုသည်ကို အတိအကျ မသိရှိရသေးကြောင်း သူက ဆက်လက် ပြောကြားသည်။

စစ်တွေမြို့မှ ရဲစခန်းမှ ရဲအုပ် အေးခင်မောင်အား ဆက်သွယ်မေးမြန်းရာ သူက “ ဖမ်းတာ မှန်ပါတယ်။ မှုခင်းကိစ္စတွေပါ။ ဘာကိစ္စလည်းဆိုတာတော့ အတိအကျမသိရသေးပါဘူး။ သိတဲ့အခါ ပြောပြပေးပါ့မယ်”ဟု စစ်တွေမြို့မ ရဲစခန်းမှ ရဲအုပ်အေးခင်မောင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

အလားတူ ဇန်ဝါရီလ ၉ ရက်နေ့ကလည်း တောင်ကုတ်မြို့တွင် ရက္ခိုင့်တပ်မတော် Arakan Army (AA) မှ တပ်ဖွဲ့နှစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး တပ်မတော်သို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း တောင်ကုတ်မြို့မှ ရဲစခန်းကို ကိုးကားပြီး The Ladies News Journal တွင် သတင်း ဖော်ပြသည်။

အဆိုပါ ရက္ခိုင့်တပ်ဖွဲ့ဝင် ၂ ဦးကို ရန်ကုန်သို့သွားမည့် အောင်သစ္စာ အဝေးပြေး ယာဉ် ပေါ်တွင် တောင်ကုတ် မြို့မ နယ်မြေခံ ရဲတပ်ရင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ အောင်သစ္စာ အဝေးပြေးယာဉ်ပေါ်တွင် ရက္ခိုင် တပ်မတော်မှ တပ်ဖွဲ့ဝင်လေးဦး လိုက်ပါလာရာ မင်းပြားမှ တစ်ဦးနှင့် ကျောက်တော်မြို့နယ်မှ တစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့ပြီး ကျန် နှစ်ဦးမှာ လွတ်မြောက်သွားကြောင်း သတင်းတွင် ဆက်လက် ဖော်ပြသည်။

“ဖမ်းတာက မနေ့က ဖမ်းတယ်လို့ သိရပါတယ်။ ဒီနေ့မနက်ပိုင်းမှာ သူတို့နှစ်ယောက် ကို ရုံးထုတ်လာပါတယ်။ တရားရုံးတင်ပြီးတော့ မျက်နှာတွေကို ပဝါနဲ့ချုပ်ပြီးတော့ အစိုးရတပ်က တပ်မတော်သုံး ကားနဲ့ တပ်ထဲကို ခေါ်သွားတာကို တွေ့လိုက်ပါတယ်။ ဘယ်ရာထူးလဲ၊ ဘယ်သူတွေလဲ ဆိုတာကိုတော့ မသိရသေးဘူး” ဟု တောင်ကုတ် မြို့မရဲစခန်းမှ အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြောသည်ဟု သတင်းတွင် ဖော်ပြသည်။

စံမောင်သန်း
Arakan State
https://www.facebook.com/NarinjaraNews

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...