အီရတ္ႏုိင္ငံ ဘက္ဂဒတ္ၿမိဳ႕မွာ ေပ်ာက္ဆုံးေနတယ္လုိ႔ သတင္းထြက္ေနတဲ့ အေမရိကန္ ကန္ထရုိက္၀န္ထမ္းေတြ ၃ ဦးကုိ အေမရိကန္ အစုိးရက ရွာေဖြေနပါတယ္။
အခုရွာေနတဲ့သူေတြ လြန္ခဲ့တဲ့ ၂ ရက္က ေပ်ာက္ဆုံးေနတဲ့အေၾကာင္း သူတုိ႔ ၃ ဦး အလုပ္လုပ္တဲ့ ကုမၸဏီက ေျပာတယ္လုိ႔ အေမရိကန္နဲ႔ အီရတ္ အရာရွိေတြက ေျပာပါတယ္။
သူတုိ႔အေနနဲ႔ အီရတ္ႏုိင္ငံထဲမွာ ဘယ္လုိ အလုပ္မ်ဳိး လုပ္ေနတယ္ဆုိတဲ့ အေသးစိတ္ကုိေတာ့ မသိရေသးပါဘူး။ ဒါေပမယ့္ ကုမၸဏီအမ်ားစုဟာ လုံၿခံဳေရးနဲ႔ တျခား အရပ္ဖက္ လုပ္ငန္းေတြမွာ လုပ္ကုိင္ေနၾကတာ ျဖစ္ပါတယ္။
ေပ်ာက္ဆုံးေနတဲ့သူေတြအားလုံး ျပန္ေတြ႔ႏုိင္ေအာင္ အီရတ္အာဏာပုိင္ေတြနဲ႔ အျပည့္အ၀ ပူးေပါင္းေဆာင္ရြက္ လုပ္ေဆာင္ေနေၾကာင္း အေမရိကန္ႏုိင္ငံျခားေရးဌာနက ေျပာခြင့္ရ John Kirby က တနဂၤေႏြေန႔မွာ ေျပာပါတယ္။
အီရတ္ႏုိင္ငံထဲမွာ လြန္ခဲ့တဲ့ လအနည္းငယ္အတြင္း စစ္ေသြးႂကြေတြနဲ႔ အီရတ္တပ္ဖြဲ႔ေတြနဲ႔ တုိက္ခုိက္ေနတဲ့ IS အစၥလာမ္မစ္ စစ္ေသြးႂကြေတြကုိ ကူတုိက္ေပးေနသူက ႏုိင္ငံျခားသားေတြ ဒါဇင္နဲ႔ခ်ီၿပီး ျပန္ေပးဆြဲခဲ့ၾကပါတယ္။
ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
...............................................................
အီရတ်မှာ ပျောက်နေတဲ့ အမေရိကန် ၃ ယောက်ကို ရှာဖွေနေ
အီရတ်နိုင်ငံ ဘက်ဂဒတ်မြို့မှာ ပျောက်ဆုံးနေတယ်လို့ သတင်းထွက်နေတဲ့ အမေရိကန် ကန်ထရိုက်ဝန်ထမ်းတွေ ၃ ဦးကို အမေရိကန် အစိုးရက ရှာဖွေနေပါတယ်။
အခုရှာနေတဲ့သူတွေ လွန်ခဲ့တဲ့ ၂ ရက်က ပျောက်ဆုံးနေတဲ့အကြောင်း သူတို့ ၃ ဦး အလုပ်လုပ်တဲ့ ကုမ္ပဏီက ပြောတယ်လို့ အမေရိကန်နဲ့ အီရတ် အရာရှိတွေက ပြောပါတယ်။
သူတို့အနေနဲ့ အီရတ်နိုင်ငံထဲမှာ ဘယ်လို အလုပ်မျိုး လုပ်နေတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် ကုမ္ပဏီအများစုဟာ လုံခြုံရေးနဲ့ တခြား အရပ်ဖက် လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။
ပျောက်ဆုံးနေတဲ့သူတွေအားလုံး ပြန်တွေ့နိုင်အောင် အီရတ်အာဏာပိုင်တွေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက် လုပ်ဆောင်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောခွင့်ရ John Kirby က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
အီရတ်နိုင်ငံထဲမှာ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း စစ်သွေးကြွတွေနဲ့ အီရတ်တပ်ဖွဲ့တွေနဲ့ တိုက်ခိုက်နေတဲ့ IS အစ္စလာမ်မစ် စစ်သွေးကြွတွေကို ကူတိုက်ပေးနေသူက နိုင်ငံခြားသားတွေ ဒါဇင်နဲ့ချီပြီး ပြန်ပေးဆွဲခဲ့ကြပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com