ရန်ကုန် ဇန်နဝါရီ ၁၇
လှိုင်သာယာနှင့် ထန်းတပင် တို့၌ လယ်သမားထံမှ လယ်မြေ ကိုဝယ်၍ မြေကွက်များရိုက်ကာ တစ်ဆင့် ပြန်လည်ရောင်းချခြင်း၊ လယ်သမားကိုယ်တိုင် အကွက်ဖော် ၍ ပြန်လည်ရောင်းချခြင်း၊ ပလပ် မြေကို အကွက်ချ၍ ပြန်လည်ရောင်းချ ခြင်းတို့ကြောင့် လှိုင်သာယာနှင့် ထန်းတပင်မြို့နယ်တို့၌ မြေယာ ဈေးကစားမှုဖြင့် အရောင်း/အဝယ် သွက်ခဲ့ပြီး မြေယာအမှုများလည်း ဖြစ်ပွားခဲ့ကာ ယနေ့အချိန်တွင် ဝယ်သူထက် ရောင်းသူသာရှိသော ကြောင့် မြေယာပြဿနာအရှုပ်အရှင်း များ တဖြည်းဖြည်းလျော့နည်းသွား ခြင်းဖြင့် တရားဥပဒေစိုးမိုးရေး ကို အထောက်အကူဖြစ်စေမည်ဖြစ် ကြောင်း မြေယာအသုံးချမှုဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ ဆပ်ကော်မတီ မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
သန်းထိုက်(လှိုင်သာယာ)
Myanmaalinn
...............
ရန်ကုန် ဇန်နဝါရီ ၁၇
လှိုင်သာယာမြို့နယ်နှင့် ထန်း တပင်မြို့နယ်တို့၌ ၂ဝ၁၆ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ လယ်ကွက်များကို အကွက်ချရောင်းချနေသော မြေကွက် များသာမက ဝန်ထမ်းကြီးကွက်နှင့် ရပ်ကွက်/ကျေးရွာတို့ရှိ ဂရန်မြေကွက် များ သိသာစွာ အရောင်း/အဝယ် ကျဆင်းသွားရာ တစ်နေ့ တစ်နေ့ ဝယ်လက်ဆင်းလာနိုးဖြင့် မြေကွက် ရောင်းသူများ မျှော်နေရကြောင်း သိရသည်။
၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲပြီး ဆုံးချိန်တွင် မြေကွက်များ အရောင်း/ အဝယ်သွက်ခဲ့၍ ထန်းတပင်မြို့နယ် နှင့် အနောက်ပိုင်းတက္ကသိုလ်အနီး တစ်ဝိုက်ရှိ လယ်ကွက်များ (ယာပုံ)တစ်ဧကလျှင် ငွေကျပ်သိန်း ၃၅ဝ၊ ကားလမ်းနံဘေးဖြစ်ပါက ငွေကျပ် သိန်း ရ၅ဝ ဖြင့် စျေးမာခဲ့သည်။ အောက်တိုဘာလဒုတိယပတ်မှစတင် ၍ လယ်ကွက်များတွင် ပေ(၂ဝx၆ဝ)အကွက်များ ဝယ်ယူမှုစတင်ကျဆင်းခဲ့ သည့်နည်းတူ မြို့နယ်၊ ကျေးရွာများရှိ ဂရန်ပါရှိသော ပေ(၂ဝx၆ဝ)၊ ပေ(၄ဝx၆ဝ) မြေကွက် ရောင်း/ဝယ်မှု အေးလာသောကြောင့် မြေပွဲစားများ ယနေ့ထိ ပွဲစားခလိုင်းပျောက်သွား သည်မှာ သုံးလကျော်ပြီဖြစ်ကြောင်း မြေပွဲစားတို့က ဆိုသည်။
''အနောက်ပိုင်းတက္ကသိုလ်နံဘေး နဲ့ရှေ့မှာ ပေ(၂ဝx၆ဝ) တစ်ကွက်ကို ၁၇ သိန်းနဲ့ရောင်းပါတယ်။ အေးမြို့ ရွာအတွင်းပိုင်းတွေဆိုရင် ငါးသိန်း၊ ရှစ်သိန်း၊ ၁ဝ သိန်းစျေးရှိပြီး ကား လမ်းနံဘေးဆိုရင် ၃၅ သိန်းရှိတယ်။လက်ရှိပေါက်စျေးကို ပြောတာပါ။ ပြီးခဲ့တဲ့ သြဂုတ်လကဆိုရင် ဒီစျေးနဲ့ မရဘူး။ လုံးဝအရောင်း/ အဝယ် ကျသွားလို့ အံ့သြနေကြတာ။ ရင်းနှီးမြှုပ်နှံထားတဲ့ ငွေပြန်ပေါ်လာ ရင်တော်ပါပြီ။ လယ်သမားဆီက တစ်ဆင့် ပြန်ဝယ်တုန်းက စျေးကောင်း ပေးပြီးဝယ်ခဲ့တော့ အခုလိုအချိန်မှာ အမြတ်ရဖို့ထက် အရင်းပြန်ရဖို့ နေ့တိုင်းထိုင်ပြီးဝယ်လက်ကို မျှော်နေ ရတယ်''ဟု အနောက်ပိုင်းတက္ကသိုလ် အနီးတွင် မြေကွက်အရောင်း/အဝယ် လုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးက ပြောသည်။
လှိုင်သာယာနှင့် ထန်းတပင် တို့၌ လယ်သမားထံမှ လယ်မြေ ကိုဝယ်၍ မြေကွက်များရိုက်ကာ တစ်ဆင့် ပြန်လည်ရောင်းချခြင်း၊ လယ်သမားကိုယ်တိုင် အကွက်ဖော် ၍ ပြန်လည်ရောင်းချခြင်း၊ ပလပ် မြေကို အကွက်ချ၍ ပြန်လည်ရောင်းချ ခြင်းတို့ကြောင့် လှိုင်သာယာနှင့် ထန်းတပင်မြို့နယ်တို့၌ မြေယာ စျေးကစားမှုဖြင့် အရောင်း/အဝယ် သွက်ခဲ့ပြီး မြေယာအမှုများလည်း ဖြစ်ပွားခဲ့ကာ ယနေ့အချိန်တွင် ဝယ်သူထက် ရောင်းသူသာရှိသော ကြောင့် မြေယာပြဿနာအရှုပ်အရှင်း များ တဖြည်းဖြည်းလျော့နည်းသွား ခြင်းဖြင့် တရားဥပဒေစိုးမိုးရေး ကို အထောက်အကူဖြစ်စေမည်ဖြစ် ကြောင်း မြေယာအသုံးချမှုဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ ဆပ်ကော်မတီ မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
သန်းထိုက်(လှိုင်သာယာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS