ေဂ်႐ုဆလင္ ၊ ၁၈-၁-၂၀၁၆
ကမၻာ့အင္အားႀကီး ေျခာက္ႏုိင္ငံႏွင့္ ရရွိခဲ့သည့္ သမိုင္းဝင္ ႏ်ဴကလီးယား သေဘာ တူညီခ်က္အရ အေမရိကန္ႏွင့္ ဥေရာပသမဂၢ တို႔က အီရန္ႏုိင္ငံ အေပၚ အေရးယူ ပိတ္ဆုိ႔မႈမ်ား ေျဖေလွ်ာ့ေပး ၿပီးေနာက္ အစၥေရးႏုိင္ငံ အေနျဖင့္ အီရန္ႏုိင္ငံကို ႏ်ဴကလီးယား လက္နက္မ်ား ပိုင္ဆုိင္ခြင့္ ေပးသြားမည္ မဟုတ္ေၾကာင္း အစၥေရး ဝန္ႀကီးခ်ဳပ္ ေနတန္ယာဟု က ဇန္နဝါရီ ၁၇ ရက္တြင္ သတိေပး ေျပာၾကား လိုက္သည္။
''အီရန္ႏုိင္ငံ အေနနဲ႔ ႏ်ဴကလီးယား လက္နက္မ်ား ပိုင္ဆုိင္မႈကို ဘယ္ေတာ့မွ ခြင့္ျပဳသြားမွာ မဟုတ္ပါဘူး ဆိုတဲ့ အစၥေရးႏုိင္ငံရဲ႕ မူဝါဒကို ေျပာင္းလဲမွာ မဟုတ္ပါဘူး''ဟု ေနတန္ယာဟု က အစိုးရအဖဲြ႕ အစည္းအေဝးတြင္ ေျပာၾကား ထားသည္။
ထို႔ျပင္ အီရန္ႏိုင္ငံသည္ ၄င္း၏ ႏ်ဴကလီးယား လက္နက္ ပိုင္ဆိုင္ေရး ရည္မွန္းခ်က္ကို မည္သည့္အခါမွ် လက္လႊတ္ဆံုး႐ံႈး ခံမည္ မဟုတ္ေၾကာင္း ေနတန္ယာဟု ေျပာၾကား ထားေသာ္လည္း အီရန္၏ ႏ်ဴကလီးယား လက္နက္မ်ား ထုတ္လုပ္မႈကို တားဆီးရန္ အစၥေရးက စစ္ဘက္ကို အသံုးျပဳသြားမည္ မဟုတ္ေၾကာင္း ေလ့လာသူမ်ားက ေျပာၾကားသည္။
အီရန္ႏုိင္ငံ အေနျဖင့္ ၿပီးခဲ့သည့္ႏွစ္က ခ်ဳပ္ဆိုခဲ့သည့္ သေဘာ တူညီခ်က္ကို အျပည့္အဝ လိုက္နာ အေကာင္အထည္ ေဖာ္ခဲ့ေၾကာင္း ႏိုင္ငံတကာ အဏုျမဴစြမ္းအင္ ေအဂ်င္စီက အတည္ျပဳ ေျပာၾကား ခဲ့ၿပီးေနာက္ အီရန္ႏုိင္ငံ၏ စီးပြားေရးကို ခြၽတ္ၿခံဳက် ေစခဲ့သည့္အေရးယူ ပိတ္ဆို႔မႈမ်ားကို ေျဖေလွ်ာ့ေပး လိုက္ၿပီ ျဖစ္ေၾကာင္း အေမရိကန္ႏွင့္ ဥေရာပသမဂၢ တို႔က ဇန္နဝါရီ ၁၆ ရက္တြင္ ထုတ္ျပန္ ေၾကညာ ထားသည္။
ထို႔ျပင္ ယခုကဲ့သို႔ အေရးယူ ပိတ္ဆို႔မႈမ်ား ေျဖေလွ်ာ့မႈသည္ အီရန္ႏွင့္ အေမရိကန္ႏုိင္ငံ တို႔အၾကား ဆက္ဆံေရးကို ပိုမို ေကာင္းမြန္လာ ေစမည္ျဖစ္ၿပီး အဆိုပါ ေျဖေလွ်ာ့မႈကို ကန္႔ကြက္ခဲ့သည့္ ေနတန္ယာဟု ၏ လုပ္ေဆာင္ခ်က္ သည္ အစၥေရး- အေမရိကန္ ဆက္ဆံေရးကို ထိခိုက္ေစမည္ ျဖစ္ေၾကာင္း သိရသည္။
#PyiChitThar
,..................................................................
အီရန်နိုင်ငံကို နျူကလီးယား လက်နက်များ ပိုင်ဆိုင်ခွင့် ပေးသွားမည် မဟုတ်ဟု အစ္စရေး ပြောကြား
ဂျေရုဆလင် ၊ ၁၈-၁-၂၀၁၆
ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံနှင့် ရရှိခဲ့သည့် သမိုင်းဝင် နျူကလီးယား သဘော တူညီချက်အရ အမေရိကန်နှင့် ဥရောပသမဂ္ဂ တို့က အီရန်နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှုများ ဖြေလျှော့ပေး ပြီးနောက် အစ္စရေးနိုင်ငံ အနေဖြင့် အီရန်နိုင်ငံကို နျူကလီးယား လက်နက်များ ပိုင်ဆိုင်ခွင့် ပေးသွားမည် မဟုတ်ကြောင်း အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟု က ဇန်နဝါရီ ၁၇ ရက်တွင် သတိပေး ပြောကြား လိုက်သည်။
''အီရန်နိုင်ငံ အနေနဲ့ နျူကလီးယား လက်နက်များ ပိုင်ဆိုင်မှုကို ဘယ်တော့မှ ခွင့်ပြုသွားမှာ မဟုတ်ပါဘူး ဆိုတဲ့ အစ္စရေးနိုင်ငံရဲ့ မူဝါဒကို ပြောင်းလဲမှာ မဟုတ်ပါဘူး''ဟု နေတန်ယာဟု က အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောကြား ထားသည်။
ထို့ပြင် အီရန်နိုင်ငံသည် ၄င်း၏ နျူကလီးယား လက်နက် ပိုင်ဆိုင်ရေး ရည်မှန်းချက်ကို မည်သည့်အခါမျှ လက်လွှတ်ဆုံးရှုံး ခံမည် မဟုတ်ကြောင်း နေတန်ယာဟု ပြောကြား ထားသော်လည်း အီရန်၏ နျူကလီးယား လက်နက်များ ထုတ်လုပ်မှုကို တားဆီးရန် အစ္စရေးက စစ်ဘက်ကို အသုံးပြုသွားမည် မဟုတ်ကြောင်း လေ့လာသူများက ပြောကြားသည်။
အီရန်နိုင်ငံ အနေဖြင့် ပြီးခဲ့သည့်နှစ်က ချုပ်ဆိုခဲ့သည့် သဘော တူညီချက်ကို အပြည့်အဝ လိုက်နာ အကောင်အထည် ဖော်ခဲ့ကြောင်း နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီက အတည်ပြု ပြောကြား ခဲ့ပြီးနောက် အီရန်နိုင်ငံ၏ စီးပွားရေးကို ချွတ်ခြုံကျ စေခဲ့သည့်အရေးယူ ပိတ်ဆို့မှုများကို ဖြေလျှော့ပေး လိုက်ပြီ ဖြစ်ကြောင်း အမေရိကန်နှင့် ဥရောပသမဂ္ဂ တို့က ဇန်နဝါရီ ၁၆ ရက်တွင် ထုတ်ပြန် ကြေညာ ထားသည်။
ထို့ပြင် ယခုကဲ့သို့ အရေးယူ ပိတ်ဆို့မှုများ ဖြေလျှော့မှုသည် အီရန်နှင့် အမေရိကန်နိုင်ငံ တို့အကြား ဆက်ဆံရေးကို ပိုမို ကောင်းမွန်လာ စေမည်ဖြစ်ပြီး အဆိုပါ ဖြေလျှော့မှုကို ကန့်ကွက်ခဲ့သည့် နေတန်ယာဟု ၏ လုပ်ဆောင်ချက် သည် အစ္စရေး- အမေရိကန် ဆက်ဆံရေးကို ထိခိုက်စေမည် ဖြစ်ကြောင်း သိရသည်။
#PyiChitThar