Quantcast
Channel: MP4 YoU
Viewing all articles

မဲဆောက်-မြ၀တီ ထိုင်း မြန်မာ နယ်စပ် ကုန်သွယ်ရေး ကျဆင်း

$
0
0





မလေးရှား၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ ထိုင်ဝမ် နဲ့ ဂျပန် ကုန် ပစ္စည်း တွေ လည်း လေကြောင်း နဲ့ ထိုင်း ကို ဖြတ် မြန်မာပြည်ထဲ ၀င်နေကြ လို့ နယ်စပ်က ထိုင်းကုန် ပစ္စည်း ဈေးကွက် တစ်ခုလုံး လာမယ့် နှစ် အနည်းငယ် အတွင်း မှာ ထိခိုက် နိုင်တယ် ဆိုတဲ့ ခန့်မှန်းမှုတွေ လည်း ရှိနေ ပါတယ်။

BBC
....................


မဲဆောက်-မြဝတီ ထိုင်း မြန်မာ နယ်စပ် ကုန်သွယ်ရေးဟာ ကုန်သည်တွေ စိတ်ပူ ရလောက်အောင် ကျဆင်းနေပါတယ်။

မဲဆောက် က မြန်မာ လက္ကား ကုန်သည် တစ်ယောက် ပြောတာက အရင်ကနဲ့ နှိုင်းယှဉ်ရင် အခု ၃၀% လောက်ပဲ ရောင်းရပြီး၊ သကြား က လွဲပြီး ကျန်တဲ့ ပစ္စည်းအရောင်း အဝယ် မဖြစ်သလောက်ပဲ လို့ ဆိုပါတယ်။

မဲဆောက်က အချိုမှုန့်၊ စားအုန်းဆီ၊ မုန့်ခြောက်မျိုးစုံ နဲ့ အချိုရေ မျိုးစုံလို စားသောက်ကုန်တွေ အပါအဝင် အဝတ်အထည်၊ ကားပစ္စည်း၊ အိမ်ဆောက် ပစ္စည်း၊ ဖိနပ်မျိုးစုံ၊ ပလပ်စတစ် ပစ္စည်းတွေနဲ့ လျှပ်စစ် ပစ္စည်း လက္ကားဆိုင် တွေ အင်မတန် အရောင်းထိုင်း နေတယ်လို့ မဲဆောက်က ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

ဒီလို နယ်စပ် စီးပွားရေး ကျဆင်း ရတာဟာ ဘန်ကောက် ကနေ မြန်မာ နိုင်ငံထဲ လေကြောင်းနဲ့ ၀င်နိုင် လာတာ က တစ်ကြောင်း ဖြစ်တယ်လို့ ဆိုပါတယ်။

မလေးရှား၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ ထိုင်ဝမ် နဲ့ ဂျပန် ကုန် ပစ္စည်း တွေ လည်း လေကြောင်း နဲ့ ထိုင်း ကို ဖြတ် မြန်မာပြည်ထဲ ၀င်နေကြ လို့ နယ်စပ်က ထိုင်းကုန် ပစ္စည်း စျေးကွက် တစ်ခုလုံး လာမယ့် နှစ် အနည်းငယ် အတွင်း မှာ ထိခိုက် နိုင်တယ် ဆိုတဲ့ ခန့်မှန်းမှုတွေ လည်း ရှိနေ ပါတယ်။

ဘီဘီစီ သတင်းထောက် ကိုအောင်ကျော်ဦး ပေးပို့ ထားတဲ့ သတင်း အပြည့်အစုံ ကို အောက်က လင့်မှာ နားထောင် နိုင်ပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...