Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

စာတုိက္မ်ားမွတစ္ဆင့္ အၿငိမ္းစား၀န္ထမ္းမ်ား ေျမကြက္ေလွ်ာက္ထားမႈမ်ားျပားလာ

$
0
0


ရန္ကုန္ ဇန္နဝါရီ ၁၈

လူမႈကြန္ရက္ စာမ်က္ႏွာေပၚ၌ အၿငိမ္းစားဝန္ထမ္းမ်ား ေျမကြက္ ေလွ်ာက္ထားႏိုင္ေၾကာင္း သတင္း ထြက္ေပၚခဲ့ၿပီးေနာက္ ရန္ကုန္တုိင္း ေဒသႀကီးအတြင္း အၿငိမ္းစားဝန္ထမ္း မ်ားအေနျဖင့္ ဗဟုိစာတုိက္ႀကီး အပါအဝင္ ၿမိဳ႕နယ္မ်ားရွိ စာတုိက္ မ်ားမွတစ္ဆင့္ ရန္ကုန္တုိင္းေဒသႀကီး အစုိးရလိပ္မူ၍ ေျမကြက္ႏွင့္တိုက္ခန္း ေလွ်ာက္ထားမႈမ်ား မ်ားျပားလာ ေၾကာင္း စာတုိက္႐ံုးမ်ားမွတစ္ဆင့္ သိရသည္။

''တကယ္ေပးမယ္၊ မေပးမယ္ ေတာ့မသိပါဘူး။ တရားဝင္ေၾကညာ ခ်က္ထုတ္ျပန္သြားတာလည္း မရွိပါ ဘူး။ လူအမ်ားေလွ်ာက္ေနတာၾကားလို႔ လာၿပီး ေလွ်ာက္လႊာတင္ၾကည့္ တာပါ။ တကယ္ေပးမယ္ဆိုရင္ေတာ့ ေကာင္းတာေပါ့''ဟု သာေကတ ၿမိဳ႕နယ္စာတုိက္သုိ႔ လာေရာက္ ေလွ်ာက္ထားေသာ အၿငိမ္းစား ဝန္ထမ္းတစ္ဦးျဖစ္သည့္ ေဒၚျဖဴျဖဴက ေျပာသည္။

''ကြၽန္ေတာ္တုိ႔ကေတာ့ ဒါ ေလွ်ာက္ဖို႔ သတင္းၾကားတာ ႏွစ္ရက္ ေလာက္ေတာ့ရွိၿပီ။ ပင္စင္စာအုပ္၊ အိမ္ေထာင္စုစာရင္း၊ ေလွ်ာက္လႊာ တို႔ကိုမိတၱဴတြဲၿပီး စာတုိက္ကေန တစ္ဆင့္ တုိင္းေဒသႀကီးအစိုးရ လိပ္မူၿပီး ေလွ်ာက္ထားတာပါ။ တုိက္္ခန္း သို႔မဟုတ္ ေျမကြက္ေပါ့''ဟု လာေရာက္ ေလွ်ာက္ထားသူ ဦးဝင္းျမင့္က ေျပာသည္။

သို႔ရာတြင္ အဆုိပါကိစၥႏွင့္ ပတ္သက္၍ တုိင္းေဒသႀကီးအစိုးရတာဝန္ရွိသူမ်ားက တရားဝင္ ေျမကြက္ေလွ်ာက္လႊာမ်ား ေခၚယူ ခဲ့ျခင္းမရွိေၾကာင္း ပုဂၢလိကသတင္း မီဒီယာတခ်ဳိ႕၌ ေဖာ္ျပထားသည္။
လြန္ခဲ့သည့္ ေသာၾကာေန႔က လူမႈကြန္ရက္တြင္ အၿငိမ္းစား ဝန္ထမ္းမ်ား ေျမကြက္ေလွ်ာက္ထား ႏုိင္ေၾကာင္း ေလွ်ာက္လႊာႏွင့္အတူ ေဖာ္ျပလ်က္ ဇန္နဝါရီ ၂ဝ ရက္ ေနာက္ဆုံးထား ေလွ်ာက္ထားရမည္ ျဖစ္ေၾကာင္း သတင္းမ်ား ပ်ံ႕ႏွံ႕ ခဲ့သည္။

ယင္းသတင္းအေပၚ အေျခခံ လ်က္ တုိင္းေဒသႀကီး ရပ္ကြက္ မ်ားအတြင္း အၿငိမ္းစားဝန္ထမ္း မ်ား တစ္ဆင့္စကားတစ္ဆင့္ ေျပာၾကားမႈမ်ားေၾကာင့္ စာတုိက္မ်ား ၌ ေျမကြက္ႏွင့္ တိုက္ခန္း ေလွ်ာက္ ထားမႈမ်ား ပိုမုိမ်ားျပားလ်က္ရွိသည္။

ဇန္နဝါရီ ၁၈ ရက္ နံနက္ပိုင္းကရန္ကုန္တိုင္းေဒသႀကီး သာေကတ ၿမိဳ႕နယ္စာတိုက္၌ အၿငိမ္းစားဝန္ထမ္း မ်ားေျမကြက္ႏွင့္ တိုက္ခန္းေလွ်ာက္ ထားမႈ ႀကိတ္ႀကိတ္တိုး စည္ကားလ်က္ ရွိသည္ကို ေတြ႕ရသည္။ (အေပၚပံု)

အနီးအနားတြင္ ေလွ်ာက္လႊာ စာအိတ္ႏွင့္ ေလွ်ာက္လႊာပုံစံမ်ား ေရာင္းခ်သူမ်ားႏွင့္ မိတၱဴကူးသူမ်ား အလုပ္ျဖစ္လ်က္ရွိသည္။

သတင္း-ျမင့္ေမာင္စိုး၊
ဓာတ္ပုံ-သကၠ

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
..................


ရန်ကုန် ဇန်နဝါရီ ၁၈

လူမှုကွန်ရက် စာမျက်နှာပေါ်၌ အငြိမ်းစားဝန်ထမ်းများ မြေကွက် လျှောက်ထားနိုင်ကြောင်း သတင်း ထွက်ပေါ်ခဲ့ပြီးနောက် ရန်ကုန်တိုင်း ဒေသကြီးအတွင်း အငြိမ်းစားဝန်ထမ်း များအနေဖြင့် ဗဟိုစာတိုက်ကြီး အပါအဝင် မြို့နယ်များရှိ စာတိုက် များမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရလိပ်မူ၍ မြေကွက်နှင့်တိုက်ခန်း လျှောက်ထားမှုများ များပြားလာ ကြောင်း စာတိုက်ရုံးများမှတစ်ဆင့် သိရသည်။

''တကယ်ပေးမယ်၊ မပေးမယ် တော့မသိပါဘူး။ တရားဝင်ကြေညာ ချက်ထုတ်ပြန်သွားတာလည်း မရှိပါ ဘူး။ လူအများလျှောက်နေတာကြားလို့ လာပြီး လျှောက်လွှာတင်ကြည့် တာပါ။ တကယ်ပေးမယ်ဆိုရင်တော့ ကောင်းတာပေါ့''ဟု သာကေတ မြို့နယ်စာတိုက်သို့ လာရောက် လျှောက်ထားသော အငြိမ်းစား ဝန်ထမ်းတစ်ဦးဖြစ်သည့် ဒေါ်ဖြူဖြူက ပြောသည်။

''ကျွန်တော်တို့ကတော့ ဒါ လျှောက်ဖို့ သတင်းကြားတာ နှစ်ရက် လောက်တော့ရှိပြီ။ ပင်စင်စာအုပ်၊ အိမ်ထောင်စုစာရင်း၊ လျှောက်လွှာ တို့ကိုမိတ္တူတွဲပြီး စာတိုက်ကနေ တစ်ဆင့် တိုင်းဒေသကြီးအစိုးရ လိပ်မူပြီး လျှောက်ထားတာပါ။ တိုက််ခန်း သို့မဟုတ် မြေကွက်ပေါ့''ဟု လာရောက် လျှောက်ထားသူ ဦးဝင်းမြင့်က ပြောသည်။

သို့ရာတွင် အဆိုပါကိစ္စနှင့် ပတ်သက်၍ တိုင်းဒေသကြီးအစိုးရတာဝန်ရှိသူများက တရားဝင် မြေကွက်လျှောက်လွှာများ ခေါ်ယူ ခဲ့ခြင်းမရှိကြောင်း ပုဂ္ဂလိကသတင်း မီဒီယာတချို့၌ ဖော်ပြထားသည်။
လွန်ခဲ့သည့် သောကြာနေ့က လူမှုကွန်ရက်တွင် အငြိမ်းစား ဝန်ထမ်းများ မြေကွက်လျှောက်ထား နိုင်ကြောင်း လျှောက်လွှာနှင့်အတူ ဖော်ပြလျက် ဇန်နဝါရီ ၂ဝ ရက် နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်ကြောင်း သတင်းများ ပျံ့နှံ့ ခဲ့သည်။

ယင်းသတင်းအပေါ် အခြေခံ လျက် တိုင်းဒေသကြီး ရပ်ကွက် များအတွင်း အငြိမ်းစားဝန်ထမ်း များ တစ်ဆင့်စကားတစ်ဆင့် ပြောကြားမှုများကြောင့် စာတိုက်များ ၌ မြေကွက်နှင့် တိုက်ခန်း လျှောက် ထားမှုများ ပိုမိုများပြားလျက်ရှိသည်။

ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းကရန်ကုန်တိုင်းဒေသကြီး သာကေတ မြို့နယ်စာတိုက်၌ အငြိမ်းစားဝန်ထမ်း များမြေကွက်နှင့် တိုက်ခန်းလျှောက် ထားမှု ကြိတ်ကြိတ်တိုး စည်ကားလျက် ရှိသည်ကို တွေ့ရသည်။ (အပေါ်ပုံ)

အနီးအနားတွင် လျှောက်လွှာ စာအိတ်နှင့် လျှောက်လွှာပုံစံများ ရောင်းချသူများနှင့် မိတ္တူကူးသူများ အလုပ်ဖြစ်လျက်ရှိသည်။

သတင်း-မြင့်မောင်စိုး၊
ဓာတ်ပုံ-သက္က

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...