မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှုးနှင့် ကယားပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှုး တို့ အပါဝင် စုစုပေါင်း အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူ ၄ ဦး တို့အား တာဝန်မှ ရပ်ဆိုင်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက The Ladies News သို့ အတည်ပြုပြောဆိုသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှုး ( တိုင်းအထွေထွေအုပ်ချုပ်ရေး ) ဦးနေ၀င်း၊ ကယားပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှုး ဦးမင်းယူရှိန်၊ မကွေးတိုင်းစည်ပင်သာယာရေးဦးစီးဌာန ညွှန်ကြားရေးမှုး ဦးမောင်အောင်၊ ဒုတိယညွှန်ကြားရေးမှုး ဦးလင်း တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ၏ အရေးယူမှုအရ ၀န်ထမ်းအဖြစ်မှ ဇန်န၀ါရီ ပထမပတ်အတွင်းက ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ရာထူးထိုးမြှင့်ခံရပြီး ကယားပြည်နယ်အစိုးရအဖွဲ့၏ အတွင်းအရေးမှုးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးမင်းယူရှိန်သည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ၀န်ကြီးချုပ်၏ ရုံးအဖွဲ့မှုးအဖြစ် တာဝန်ထမ်းဆောင်စဉ် ပြစ်မှုဖြစ်အရေးယူခံရခြင်းဖြစ်ကြောင်းလည်းသိရသည်။
စည်ပင်သာယာရေးဦးစီးဌာန မှ အရာရှိတစ်ဦးက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ ထိုင်ကြားခဲ့သဖြင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ၀င်ရောက်စစ်ဆေးခဲ့ရာမှ လာဘ်စားမှုတွေ့ရှိခဲ့သည်ကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟုလည်းသိရသည်။
မကွေးတိုင်းရှိ ရေနံမှော်မှရရှိသည့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေများကို အလွဲသုံးစားမှုပြုလုပ်ခဲ့ခြင်းကြောင့် တာဝန်မှ ရပ်နားခံရခြင်း ဖြစ်နိုင်ကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်များအရသိရသည်။
The Ladies News Journal