Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ေငြက်ပ္ ၄၂၆ သိန္းေက်ာ္ႏွင့္ ေရႊထည္ပစၥည္းမ်ဳိးစုံ ေဖာက္ထြင္းမႈ တစ္ပတ္အတြင္း ေဖာ္ထုတ္ဖမ္းဆီး

$
0
0

ေျမာင္းျမ ဇန္နဝါရီ ၁၉

တစ္ကိုယ္ေတာ္ေဖာက္ထြင္းသမား တစ္ဦးက ေန႔လယ္ခင္းအခ်ိန္ ေငြစကၠဴ ေရာရာ ၄၂၆ သိန္းခန္႔ႏွင့္ ေရႊထည္ပစၥည္း လက္ဝတ္လက္စား ၁၈ မ်ဳိး တို႔ကို ေဖာက္ထြင္းခိုးယူခဲ့သည့္အမႈကုိ ေျမာင္းျမရဲစခန္းမွ ဇန္နဝါရီ ၁၆ ရက္တြင္ တစ္ပတ္အတြင္း ေဖာ္ထုတ္ဖမ္းဆီးရမိေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ေျမာင္းျမၿမိဳ႕ ေအာင္ဆန္းလမ္း အမွတ္(၁)ရပ္ကြက္ အမွတ္(၄၃)ရွိ ဦးျမင့္ေမာင္၊ ေဒၚစန္းေလးတို႔က ေန႔အခ်ိန္ အိမ္တံခါး လုံၿခံဳစြာပိတ္၍ ၿမိဳ႕ထဲ(၅)လမ္းရွိ ေစ်းဆိုင္တြင္ ေစ်းေရာင္းကာ ညေန ၆ နာရီ အိမ္ျပန္ေရာက္ခ်ိန္တြင္ အိမ္တံခါးမ်ားပ်က္စီးယိုယြင္းမႈမရွိဘဲ အိမ္ခန္းတြင္းရွိ ေသတၱာမ်ားႏွင့္ အံဆြဲမ်ားပြင့္လ်က္ ပ်က္စီးေနရာမွ စစ္ေဆးၾကည့္ခ်က္အရ အိမ္ေရွ႕အမိုး သြပ္ျပားကုိခြာၿပီး ဝင္ေရာက္၍ ေရႊေငြပစၥည္းမ်ားႏွင့္ေငြမ်ား ေဖာက္ထြင္း ခိုးယူခံရေၾကာင္း သိရသျဖင့္ ေျမာင္းျမ ရဲစခန္းသို႔ အမႈဖြင့္တိုင္ၾကားခဲ့သည္။

အမႈႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ တိုင္းေဒသႀကီးမႈခင္းႏွိမ္နင္း ေရးအဖြဲ႕၊ ခ႐ိုင္မႈခင္းႏွိမ္နင္းေရးအဖြဲ႕ ႏွင့္ နယ္ထိန္းတပ္ဖြဲ႕ဝင္မ်ား၏ ႀကိဳးစားေဖာ္ထုတ္ခ်က္အရ အမႈႏွင့္ကြင္းဆက္မ်ားေဖာ္ထုတ္ကာ အခင္းျဖစ္ေနအိမ္ အနီးေနထိုင္သူ ေမာင္သန္းေအးအား ဇန္နဝါရီ ၁၄ ရက္တြင္ ေခၚယူစစ္ေဆးရာမွ အမႈေဖာ္ထုတ္ရရွိသည္။ ၎ႏွင့္ ဆက္စပ္ၿပီး ေရႊထည္ပစၥည္း လက္ခံသိမ္းဆည္းေပးသူ ေျမာင္းျမၿမိဳ႕နယ္ ဝါးႀကိတ္လိန္ေက်းရြာမွ ကိုျမင့္ေအး ႏွင့္ဇနီး မစန္းျမင့္တို႔၏ ၿခံေနာက္ဘက္တြင္ ေျမျမႇဳပ္ဝွက္သိမ္းထားသည့္ ေရႊထည္ပစၥည္းမ်ားကိုလည္းေကာင္း၊ ရန္ကုန္ၿမိဳ႕ အင္းစိန္ၿမိဳ႕နယ္ ႀကိဳ႕ကုန္းေန ေမာင္သန္းေအး၏ အစ္ကို ကိုမ်ဳိးၫြန္႔ထံမွ ေငြက်ပ္ ၄၂၆ သိန္း ေက်ာ္ကိုလည္းေကာင္း ေျမာင္းျမရဲစခန္းမွ ရဲအုပ္ ေအာင္မ်ဳိးသန္႔၊ ရဲအုပ္ ေအာင္ေဆြျမင့္၊ ဒုရဲအုပ္ ေအာင္ကိုကို တို႔က ရန္ကုန္တိုင္းေဒသႀကီး မႈခင္းႏွိမ္နင္းေရးအဖြဲ႕၊ နယ္ေျမခံရဲတပ္ဖြဲ႕၊ နယ္ေျမရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ား သက္ေသျဖင့္ ဇန္နဝါရီ ၁၆ ရက္ ညတြင္ သြားေရာက္သိမ္းဆည္းကာ အမႈႏွင့္ဆက္ႏႊယ္သူမ်ားကို သက္ေသခံပစၥည္းမ်ားႏွင့္အတူ ေဖာ္ထုတ္သိမ္းဆည္းရယူႏိုင္ခဲ့သည္။

ေဖာက္ထြင္း ခိုးယူခံရေသာ ေရႊထည္ပစၥည္းမ်ဳိးစုံ ၁၈ မ်ဳိး၊ ေငြစကၠဴက်ပ္ ၄၂၆ သိန္း စုစုေပါင္း ကာလတန္ဖုိး ေငြက်ပ္ ၆၇၆ သိန္း ေက်ာ္တို႔ကို သိမ္းဆည္းရရွိၿပီး ေရႊထည္ပစၥည္းမ်ားမွ ေရႊဆြဲႀကိဳး ႏွစ္ကုံး၊ ပတၱျမား လက္စြပ္တစ္ကြင္းႏွင့္ က်န္ရွိေငြမ်ားကုိ ဆက္လက္သိမ္းဆည္းရမိေရး ေဆာင္ရြက္လ်က္ရွိကာ ေျမာင္းျမရဲစခန္းမွ တရားစြဲဆိုထားေၾကာင္း သိရသည္။

ညီညီ (ေျမာင္းျမ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
..................


မြောင်းမြ ဇန်နဝါရီ ၁၉

တစ်ကိုယ်တော်ဖောက်ထွင်းသမား တစ်ဦးက နေ့လယ်ခင်းအချိန် ငွေစက္ကူ ရောရာ ၄၂၆ သိန်းခန့်နှင့် ရွှေထည်ပစ္စည်း လက်ဝတ်လက်စား ၁၈ မျိုး တို့ကို ဖောက်ထွင်းခိုးယူခဲ့သည့်အမှုကို မြောင်းမြရဲစခန်းမှ ဇန်နဝါရီ ၁၆ ရက်တွင် တစ်ပတ်အတွင်း ဖော်ထုတ်ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြောင်းမြမြို့ အောင်ဆန်းလမ်း အမှတ်(၁)ရပ်ကွက် အမှတ်(၄၃)ရှိ ဦးမြင့်မောင်၊ ဒေါ်စန်းလေးတို့က နေ့အချိန် အိမ်တံခါး လုံခြုံစွာပိတ်၍ မြို့ထဲ(၅)လမ်းရှိ စျေးဆိုင်တွင် စျေးရောင်းကာ ညနေ ၆ နာရီ အိမ်ပြန်ရောက်ချိန်တွင် အိမ်တံခါးများပျက်စီးယိုယွင်းမှုမရှိဘဲ အိမ်ခန်းတွင်းရှိ သေတ္တာများနှင့် အံဆွဲများပွင့်လျက် ပျက်စီးနေရာမှ စစ်ဆေးကြည့်ချက်အရ အိမ်ရှေ့အမိုး သွပ်ပြားကိုခွာပြီး ဝင်ရောက်၍ ရွှေငွေပစ္စည်းများနှင့်ငွေများ ဖောက်ထွင်း ခိုးယူခံရကြောင်း သိရသဖြင့် မြောင်းမြ ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့သည်။

အမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တိုင်းဒေသကြီးမှုခင်းနှိမ်နင်း ရေးအဖွဲ့၊ ခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့ နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ၏ ကြိုးစားဖော်ထုတ်ချက်အရ အမှုနှင့်ကွင်းဆက်များဖော်ထုတ်ကာ အခင်းဖြစ်နေအိမ် အနီးနေထိုင်သူ မောင်သန်းအေးအား ဇန်နဝါရီ ၁၄ ရက်တွင် ခေါ်ယူစစ်ဆေးရာမှ အမှုဖော်ထုတ်ရရှိသည်။ ၎င်းနှင့် ဆက်စပ်ပြီး ရွှေထည်ပစ္စည်း လက်ခံသိမ်းဆည်းပေးသူ မြောင်းမြမြို့နယ် ဝါးကြိတ်လိန်ကျေးရွာမှ ကိုမြင့်အေး နှင့်ဇနီး မစန်းမြင့်တို့၏ ခြံနောက်ဘက်တွင် မြေမြှုပ်ဝှက်သိမ်းထားသည့် ရွှေထည်ပစ္စည်းများကိုလည်းကောင်း၊ ရန်ကုန်မြို့ အင်းစိန်မြို့နယ် ကြို့ကုန်းနေ မောင်သန်းအေး၏ အစ်ကို ကိုမျိုးညွန့်ထံမှ ငွေကျပ် ၄၂၆ သိန်း ကျော်ကိုလည်းကောင်း မြောင်းမြရဲစခန်းမှ ရဲအုပ် အောင်မျိုးသန့်၊ ရဲအုပ် အောင်ဆွေမြင့်၊ ဒုရဲအုပ် အောင်ကိုကို တို့က ရန်ကုန်တိုင်းဒေသကြီး မှုခင်းနှိမ်နင်းရေးအဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့၊ နယ်မြေရပ်ကွက်အုပ်ချုပ်ရေးမှူးများ သက်သေဖြင့် ဇန်နဝါရီ ၁၆ ရက် ညတွင် သွားရောက်သိမ်းဆည်းကာ အမှုနှင့်ဆက်နွှယ်သူများကို သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်သိမ်းဆည်းရယူနိုင်ခဲ့သည်။

ဖောက်ထွင်း ခိုးယူခံရသော ရွှေထည်ပစ္စည်းမျိုးစုံ ၁၈ မျိုး၊ ငွေစက္ကူကျပ် ၄၂၆ သိန်း စုစုပေါင်း ကာလတန်ဖိုး ငွေကျပ် ၆၇၆ သိန်း ကျော်တို့ကို သိမ်းဆည်းရရှိပြီး ရွှေထည်ပစ္စည်းများမှ ရွှေဆွဲကြိုး နှစ်ကုံး၊ ပတ္တမြား လက်စွပ်တစ်ကွင်းနှင့် ကျန်ရှိငွေများကို ဆက်လက်သိမ်းဆည်းရမိရေး ဆောင်ရွက်လျက်ရှိကာ မြောင်းမြရဲစခန်းမှ တရားစွဲဆိုထားကြောင်း သိရသည်။

ညီညီ (မြောင်းမြ)
The Mirror Daily
https://www.facebook.com/TheMirrorDaily

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...